• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တောင်ပင်လယ် ပြဿနာကြောင့် တရုတ်-အာဆီယံ ဆက်ဆံမှု မထိခိုက်စေသင့်ဟု အာဆီယံ ပညာရှင်များဆို

(GMT+08:00) 2016-07-21 13:08:51

တရုတ်လူမှုရေး သိပ္ပံပညာ တံခွန်အသင်းမှ တရုတ် နယ်စပ်ဒေသ ရေးရာ သုတေသန ဌာန ဦးစီးကျင်းပသော တောင်ပင်လယ် ပြဿနာ၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဆင့်မြင့် တတ်သိပညာရှင်များအဖွဲ့ နှီးနှောဖလှယ်ပွဲကို မကြာမီက စင်ကာပူတွင် ကျင်းပခဲ့ကြောင်း၊ ၄င်းနှီးနှောဖလှယ်ပွဲသို့ တက်ရောက်ကြသော ပညာရှင်များ က တရုတ်-အာဆီယံ ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရန် ရှေ့အလားအလာ များစွာရှိကြောင်း၊ တောင်ပင်လယ် ပြဿနာကြောင့် တရုတ်-အာဆီယံ ဆက်ဆံမှု အပေါ် မထိခိုက်စေ သင့်ကြောင်း ပြောကြားသည်။

၎င်းနှီးနှောဖလှယ်ပွဲတွင် မြန်မာ The Northern Starမှ အယ်ဒီတာချုပ် ဦးဝင်းတင်က ၄င်းနှီးနှောဖလှယ်ပွဲသည် ပြင်ပ နိုင်ငံများ အတွက် တရုတ်ပြည်၏ တောင်ပင်လယ် မူဝါဒကို သိရှိနားလည်ရန် အတွက် ပြတင်းပေါက် တစ်ခု ဖွင့်ပေးကြောင်း၊ မိမိသည် တောင်ပင်လယ် ပြဿနာနှင့် တောင်ပင်လယ် ပြဿနာ ဆိုင်ရာ တရုတ်ပြည်၏ သဘောထား ရပ်တည်ချက် အပေါ် နက်ရှိုင်းသော အသိအမြင် ရှိလာကြောင်း ပြောကြားသည်။

ထိုင်းနိုင်ငံ ချူလာလုံကွန် တက္ကသိုလ် ပါမောက္ခ တာအုန်က ယခု အာဆီယံသည် ခေါင်းအေးအေးဖြင့် သဘောထားနေကြောင်း၊ တရုတ်နှင့် ဖိလစ်ပိုင်သည် နှစ်နိုင်ငံ အကြားရှိ သဘောကွဲလွဲမှုကို တိုက်ရိုက် ဆွေးနွေးခြင်းဖြင့် ဖြေရှင်းရန် မျှော်လင့်ကြောင်း ပြောကြားသည်။

မလေးရှား မဟာဗျူဟာနှင့် နိုင်ငံတကာ သုတေသနဌာနမှ အဆင့်မြင့် စိစစ်ရေးမှူး လော့မန်က တရုတ်နှင့် အာဆီယံ၏ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှုသည်  ရှေ့အလား အလာ များစွာရှိကြောင်း၊ တောင်ပင်လယ် ပြဿနာကြောင့် နှစ်ဖက် ဆက်ဆံမှု အပေါ် မထိခိုက်စေသင့်ကြောင်း၊ ထိခိုက်စေမည်လည်း မဟုတ်ကြောင်း ပြောကြားသည်။

စင်ကာပူ နန်ယန် နည်းပညာ တက္ကိသိုလ် ရာဂျာရတ်နမ် နိုင်ငံတကာ ရေးရာ သုတေသန အကယ်ဒမီ ဒုပါမောက္ခ လီမင်ကျန်းက တိုင်းပင်ဆွေးနွေးခြင်းသည် တောင်ပင်လယ် အငြင်းပွားမှု ဖြေရှင်းရေး အတွက် အကောင်းဆုံး နည်းလမ်းပင် ဖြစ်ကြောင်း ပြောကြားသည်။

စင်ကာပူ နန်ယန် နည်းပညာ တက္ကိသိုလ် ရာဂျာရတ်နမ် နိုင်ငံတကာ ရေးရာ သုတေသန အကယ်ဒမီ အဆင့်မြင့် သုတေသီ ဟူယိစန်းက တရုတ်နှင့် ဖိလစ်ပိုင်သည် တောင်ပင်လယ် ပြဿနာနှင့် ပတ်သက်၍ နှစ်ဖက် ဆွေးနွေးပွဲ ကျင်းပပြီး လက်တွေ့ကျပြီး အပြုသဘောဆောင်သော အောင်မြင်မှု ရရှိရန် မျှော်လင့်ကြောင်း ပြောကြားသည်။

   Webradio