• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၃ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ပြင်ဆင်ရေး အကြောင်း တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာန မိတ်ဆက်

(GMT+08:00) 2016-07-20 15:04:23

၁၉ရက်နေ့က တရုတ် နိုင်ငံတော် ကောင်စီ သတင်းပြန်ကြားရေးရုံးသည် သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ရာ တရုတ်-အာဆီယံ စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ၁၃ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး ထိပ်သီး အစည်းအဝေး၏ ပြင်ဆင်ရေးဆိုင်ရာ အကြောင်းများကို မိတ်ဆက်ပေးကြောင်း၊ တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ကောယန့်က ၄င်းသတင်းစာ ရှင်းလင်းပွဲတွင် တရုတ်ပြည်သည် အာဆီယံနှင့် စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ဇောက်ချပြုလုပ်ပြီး အပြန်အလှန် အကျိုးရှိစေရေးကို တွန်းအား ပေးရန် ယုံကြည်မှု ရှိသည်ဟု ပြောကြားကြောင်း စီအာအိုင် သတင်းအရ သိရသည်။

၎င်းသတင်းစာ ရှင်းလင်းပွဲတွင် ကွမ်ရှီးကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ ဒုဥက္ကဋ္ဌ ကျန်းရှောင်ချင်းက ၁၃ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၏ ပြင်ဆင်ရေး အကြောင်းကို မိတ်ဆက်ပေးခဲ့သည်။ ၄င်းက ၁၃ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည် ပြပွဲနှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး ထိပ်သီး အစည်းအဝေးကို စက်တင်ဘာ ၁၁ရက်နေ့မှ ၁၄ရက်နေ့အထိ နန်နင်းမြို့တွင် ကျင်းပမည် ဖြစ်ကြောင်း၊ ယခုအကြိမ် ကုန်စည်ပြပွဲတွင် အဓိက ခင်းကျင်းပြသရမည့် နိုင်ငံသည် ဗီယက်နမ် ဖြစ်ကြောင်း၊ အထူး ဖိတ်ကြားသည့် ဧည့်သည်တော် နိုင်ငံသည် သီရိလင်္ကာ ဖြစ်ကြောင်း၊ ယခု ကုန်စည်ပြပွဲ၏ ပြင်ဆင်ရေး လုပ်ငန်းများကို အဆင်ပြေစွာ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ဒုဝန်ကြီး ကောယန့်က တရုတ်ပြည်သည် အာဆီယံနှင့် စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ဇောက်ချပြုလုပ်ပြီး အပြန်အလှန် အကျိုးရှိစေရေးကို တွန်းအား ပေးရန် ယုံကြည်မှု ရှိကြောင်း၊ တစ်ချက်က နှစ်ဖက် စီးပွားကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု တွန်းအားပေးရန် လိုကြောင်း၊ နောက်တစ်ချက်ကတော့ တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဇုန် အဆင့်တိုးမြှင့်ရေးမှ လုပ်ငန်းများကို လက်တွေ့ဖော် ဆောင်ရန် လိုအပ်ကြောင်း ပြောကြားသည်။

   Webradio