• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တောင်ပင်လယ်နှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေး တတ်သိပညာရှင်များ နှီးနှောဖလှယ်ပွဲ ကျင်းပ

(GMT+08:00) 2016-07-19 10:13:42

တောင်ပင်လယ် ပြဿနာနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေး အဆင့်မြင့် တတ်သိပညာရှင်များ နှီးနှောဖလှယ်ပွဲကို ၁၈ ရက်နေ့က စင်ကာပူ၌ ကျင်းပသည်။ တရုတ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် အိန္ဒိယ စသည့် နိုင်ငံနှင့် ဒေသများမှ ကျွမ်းကျင်ပညာရှင် အယောက် ၃၀ ကျော်တို့သည် တောင်ပင်လယ်ဆိုင်ရာ အငြင်းပွါးမှု ဖြေရှင်းရေးစနစ်၊ နည်းလမ်းနှင့် တောင်ပင်လယ် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။

တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး ဥက္ကဋ္ဌဟောင်း၊ ပြည်သူ့တက္ကသိုလ် သတင်း ကောလိပ်ကျောင်း ကျောင်းအုပ်ကြီး ကျောက်ချီကျင့်သည် ၁၈ ရက်နေ့က ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင်၊ တောင်ပင်လယ်ဆိုင်ရာ အနုညာတ စီရင်မှု ရလဒ်ကို တရုတ်အစိုးရက လက်မခံ၊ အသိအမှတ် မပြု ဖြစ်သော ရပ်တည်ချက်ကို ရှင်းလင်း ဖေါ်ပြသည်။ ၄င်းက၊ ယင်းယာယီ ခုံသမာဓိရုံးသည် ပိုက်ဆံ များများ ရယူပြီး ကိစ္စဆိုး လုပ်သည်၊ ရုပ်ပျက်ဟန်ပျက် ပိုက်ဆံ ယူပြီး တရားမဝင်ပင် ဖြစ်သည်ဟု မိမိ ကောက်ချက်ချလိုက်ကြောင်း ပြောကြားသည်။

စင်ကာပူ အစိုးရတက္ကသိုလ် ပါမောက္ခ ကျင့်ယုံညဏ်က ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်း ပြောကြားရာ၌၊ တောင်ပင်လယ် ပြဿနာသည် ဥပဒေနယ်ပယ်က ပြဿနာ သပ်သပ် မဟုတ်ဘဲ နိုင်ငံရေးနယ်ပယ်က ပြဿနာ ဖြစ်ကြောင်း၊ အမေရိကန်သည် တရုတ်ပြည်၏ ရှင်သန်မှုအပေါ် မှန်ကန်စွာ သဘောမထားနိုင်သလို တောင်ပင်လယ် ပြဿနာ အပေါ်လည်း အမေရိကန်သည် ကြားနေ ထားခြင်း မရှိကြောင်း ပြောကြားသည်။

အပြည်ပြည်ဆိုင်ရာ ဥပဒေ ကျွမ်းကျင်ပညာရှင်၊ ထိုင်းနိုင်ငံ နိုင်ငံရေးနှင့် တရားရေး တက္ကသိုလ် တရားဥပဒေ ကောလိပ်ကျောင်းမှ ပါမောက္ခ အေကာပူထရာက၊ အနုညာတ စီရင်မှု၏ ရလဒ်သည် အာဏာသက်ရောက်မှု လုံးဝမရှိသဖြင့် ဂရုထားဖို့ မလိုကြောင်း၊ အကောင်းဆုံးနည်းလမ်းမှာ စေ့စပ်ဆွေးနွေးခြင်းပင် ဖြစ်ကြောင်း ယူဆသည်။

ကျောက်ချီကျင့်သည် တောင်ပင်လယ်ဆိုင်ရာ အနုညာတစီရင်မှုသည် တရုတ်- အာဆီယံ ပူးပေါင်းဆောင်ရွက်မှု မှန်မှန် တိုးတက်ခြင်းအပေါ် အတားအဆီး ပြုနိုင်မည် မဟုတ်ကြောင်း ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားရာတွင်၊ တောင်ပင်လယ်ဒေသ ငြိမ်းချမ်း တည်ငြိမ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး မှသာ ဘက်အသီးသီးတို့၏ အကြီးဆုံး အကျိုးစီးပွါးနှင့် ကိုက်ညီကြောင်း ပြောကြားသည်။

   Webradio