• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တောင်ပင်လယ်နှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေး နှီးနှောဖလှယ်ပွဲ ကျင်းပ

(GMT+08:00) 2016-07-18 10:20:38

တောင်ပင်လယ် ပြဿနာနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေး အဆင့်မြင့် တတ်သိပညာရှင်များ နှီးနှောဖလှယ်ပွဲကို ၁၈ ရက်နေ့က စင်ကာပူ၌ ကျင်းပသည်။ တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများမှ ပညာရှင် ဆယ်ပေါင်းများစွာ တို့သည် တောင်ပင်လယ်ဆိုင်ရာ အငြင်းပွါးမှု ဖြေရှင်းရေးစနစ်၊ တောင်ပင်လယ်ဆိုင်ရာ အငြင်းပွါးမှု ဖြေရှင်းရေးလမ်းကြောင်းနှင့် တောင်ပင်လယ် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု နှင့် ဖွံ့ဖြိုးမှု နယ်ပယ် သုံးခုမှ အကြောင်းကိစ္စများကို ဆွေးနွေးကြသည်။

ယခုအကြိမ် နှီးနှောဖလှယ်ပွဲကို တရုတ် လူမှုသိပ္ပံပညာ တံခွန်အသင်းကြီး နယ်စပ်ရေးရာဌာနက ဦးစီးပြုလုပ်ခြင်း ဖြစ်ပြီး၊ စင်ကာပူ နန်ယန် သိပံ္ပအင်ဂျင်နီယံ တက္ကသိုလ်၊ စင်ကာပူ အစိုးရတက္ကသိုလ်၊ မလေးရှား မဟာဗျူဟာနှင့် နိုင်ငံတတကာရေးရာ သုတေသနဌာန၊ ကမ္ဘောဒီးယား မဟာဗျူဟာ သုတေသနဌာန၊ ထိုင်း တရားရေးနှင့် နိုင်ငံရေး တက္ကသိုလ် စသည့် တက္ကသိုလ်နှင့် သုတေသနဌာနမှ ပညာရှင်များသည် တရုတ် လူမှုသိပ္ပံပညာ တံခွန်အသင်းကြီး၊ ဝူဟန့်တက္ကသိုလ်၊ ရှာ့မင်တက္ကသိုလ်နှင့် ရေတပ် စစ်ရေးပညာ သုတေသနဌာနတို့မှ ပညာရှင် ၁၀ ကျော်တို့သည် နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ကြသည်။

တရုတ် လူမှုသိပ္ပံပညာ တံခွန်အသင်းကြီး နယ်စပ်ရေးရာဌာန ဒုဌာနမှူး လီကိုချန်က၊ တောင်ပင်လယ်ဆိုင်ရာ အနုညာတစီရင်မှု၏ ရလဒ်သည် တောင်ပင်လယ်ဒေသ၌ ရှုပ်ထွေးမှု ဖြစ်စေသည့်အပြင် တရုတ်နှင့် အာဆီယံနိုင်ငံများအကြား ဆက်ဆံမှုကိုလည်း ဂယက်ရိုက်ခတ်ကြောင်း ပြောကြားသည်။

အစည်းအဝေး တက်ရောက်သူများက၊ တရုတ်နှင့် ဖိလစ်ပိုင်တို့ အနေနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုကို တွန်းအားပေးဖို့အတွက် အငြင်းပွါးမှုကို ဘေးထား၍ စေ့စပ်ဆွေးနွေးပွဲကို ပြုလုပ်ရန် သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပန်ကြားကြသည်။

   Webradio