• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ဖိလစ်ပိုင် တောင်ပင်လယ်ပြဿနာကို စေ့စပ်ဆွေးနွေးသော နည်းလမ်းဖြင့် ဖြေရှင်းရန် တရုတ် စွဲကိုင်

(GMT+08:00) 2016-07-14 10:17:21

ဖိလစ်ပိုင် တင်သွင်းသော တောင်ပင်လယ်ဆိုင်ရာ အနုညာတ စီရင်မှုဆိုင်ရာ ခုံသမာဓိရုံးသည် ၁၂ ရက်နေ့က တရားမဝင်၊ အာဏာသက်ရောက်မှု မရှိသော နောက်ဆုံး စီရင်ဆုံးဖြတ်ချက်ကို ပြုလုပ်ခဲ့သည်။ တရုတ်အစိုးရသည် ကြေညာချက် ထုတ်ပြန်ပြီး ယင်းရလဒ်ကို လက်မခံ၊ အသိအမှတ် မပြု ဖြစ်သော ရပ်တည်ချက်ကို ထုတ်ပြန်ခဲ့သည်။ ၁၃ ရက်နေ့က တရုတ်နိုင်ငံသည် စက္ကဖြူစာတမ်းကို ထုတ်ပြန်ပြီး တောင်ပင်လယ်ဆိုင်ရာ အငြင်းပွါးမှုကို စေ့စပ်ဆွေးနွေးသော နည်းလမ်းဖြင့် ဖြေရှင်းဖို့ စွဲကိုင်မည်ဟု ဖေါ်ပြသည်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး လျူကျင့်မင်သည် ၁၃ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းချက်များကို ဖြေကြားခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် လျူကျင့်မင်သည် ယခုအကြိမ် အနုညာတစီရင်မှု၏ အစီအစဉ်နှင့် ဥပဒေ အသုံးပြုရေးနယ်ပယ်မှ ချွတ်ယွင်းချက်များကို ချေပခဲ့သည်။

ခုံသမာဓိရုံး တရားဝင် ဟုတ်မဟုတ်နှင့် ပတ်သက်ပြီး လျူကျင့်မင်က၊ ယင်းခုံသမာဓိရုံးသည် အပြည်ပြည်ဆိုင်ရာ ခုံရုံး မဟုတ်ကြောင်း၊ ခုံသမာဓိရုံး ဖွဲ့စည်းခြင်းသည် နိုင်ငံရေးနယ်ပယ်၌ ကြိုးကိုင်ဆောင်ရွက်မှု၏ ရလဒ် ဖြစ်ကြောင်း၊ အနုညာတစီရင်သူ ၅ ယောက်အနက် ၄ ယောက်က ဥရောပမှ လာသည် ဖြစ်ပြီး ကျန် တစ်ယောက်က ဂါနာနိုင်ငံသား ဖြစ်ကာ တောင်ပင်လယ်ပြဿနာကို အကယ် နားလည် သိရှိနိုင်မနိုင်နှင့် တရားမျှတသော စီရင်ဆုံးဖြတ်မှု လုပ်နိုင်မနိုင်မှာ မယုံသင်္ကာဖွယ်ရာပင် ဖြစ်ကြောင်း ပြောကြားသည်။

တရုတ်နိုင်ငံက တောင်ပင်လယ်၌ လေကြောင်းရန် ကာကွယ်ရေး အမှတ်အသားဇုန် ထားရှိခြင်း ပြုနိုင်မနိုင်နှင့် ပတ်သက်ပြီး လျူကျင့်မင်က၊ အကယ်၍ တရုတ်ပြည်၏ လုံခြုံမှုမှာ ခြိမ်းခြောက်မှု ခံရလျှင် လေကြောင်းရန် ကွယ်ရေး အမှတ်အသားဇုန်ကို ထားရှိခွင့် ရှိကြောင်း၊ တရုတ်နိုင်ငံသည် တောင်ပင်လယ်မှာ ငြိမ်းချမ်းရေးပင်လယ်၊ ချစ်ကြည်ရေး ပင်လယ်နှင့် ပူးပေါင်းဆောင်ရွက်ရေးပင်လယ် ဖြစ်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး လျူကျင့်မင်က၊ တရုတ်နိုင်ငံသည် တောင်ပင်လယ် ပြဿနာကို သင့်လျော်စွာ ဖြေရှင်းရန်နှင့် တရုတ်-ဖိလစ်ပိုင် ဆက်ဆံမှု အမြန်ဆုံး ပြန်လည် ပုံမှန် ဖြစ်စေရန် ဖိလစ်ပိုင် အစိုးရသစ်နှင့် လက်တွဲ ကြိုးပမ်းလိုကြောင်း ပြောကြားသည်။
   Webradio