• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တောင်ပင်လယ်ဆိုင်ရာ အနုညာတစီရင်မှုသည် အကျိုးမရှိဟု အမေရိကန် အရာရှိ ဆို

(GMT+08:00) 2016-07-12 09:56:19

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ဥပဒေ အတိုင်ပင်ခံ အရာရှိဟောင်း ဆိုဖေလ်က၊ ဖိလစ်ပိုင်သည် သံတမန် ကြိုးစားမှုကို စွန့်လွှတ်ပြီး တောင်ပင်လယ်ဆိုင်ရာ အငြင်းပွါးမှုကို နိုင်ငံတကာ ခုံသမာဓိရုံးသို့ တဖက်သတ် တင်သွင်းခဲ့ကြောင်း၊ လိမ္မာသည်ဟု ၄င်းတို့ ယူဆသော ယင်းလုပ်ရပ်မှာ အငြင်းပွါးမှု ဖြေရှင်းရန်အတွက် အကျိုးရှိမည် မဟုတ်သည့်အပြင် ဘက်အသီးသီးတို့၏ အကျိုးစီးပွါးနှင့် နိုင်ငံတကာ ဥပဒေ၏ သြဇာအာဏာကိုလည်း ထိခိုက်မည် ဖြစ်ကြောင်း သတင်းထောက်နှင့် တွေ့ဆုံရာတွင် ပြောကြားသည်ဟု တရုတ်ပြည်သူ့နေ့စဉ်သတင်းစာ၏ ဆောင်းပါးတွင် ရေးသား ထားသည်။

၎င်းက၊ နိုင်ငံတကာ ဥပဒေသည်လည်း ကန့်သတ်နယ်စည်း ရှိသည် ဖြစ်ပြီး ယင်း ကန့်သတ်နယ်စည်းကို ချိုးဖေါက်ပါက နိုင်ငံတကာ ဥပဒေကို ထိပါးမှုနှင့် အလွဲသုံးစားမှု ဖြစ်သွားမည် ဖြစ်ကြောင်း၊ တောင်ပင်လယ်ဆိုင်ရာ အနုညာတစီရင်မှုသည် အချုပ်အခြာအာဏာပိုင်ခွင့်ဆိုင်ရာ အငြင်းပွါးမှုနှင့် ပတ်သက်သဖြင့် အစကပင် အမှုဖွင့်ခြင်း မပြုလုပ်သင့်ကြောင်း၊ တရုတ်နိုင်ငံ၏ တောင်ပင်လယ်ဆိုင်ရာ အနုညာတစီရင်မှုကို လက်မခံ၊ မပါဝင်၊ အသိအမှတ်မပြု ဖြစ်သော ရပ်တည်ချက်မှာ ဥပဒေ အထောက်အထား ခိုင်လုံကြောင်း ပြောကြားသည်။

   Webradio