• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ညှိနှိုင်းဆွေးနွေးရေးသည် တောင်ပင်လယ် အငြင်းပွားမှု ဖြေရှင်းရန် အကောင်းဆုံး နည်းလမ်းဖြစ်ဟု နိုင်ငံတတကာ တရားရုံး တရားသူကြီးဟောင်းဆို

(GMT+08:00) 2016-07-07 13:29:49

နိုင်ငံတကာ တရားရုံးမှ တရားသူကြီးဟောင်း အာဘ်ဒူလ် ကိုရိုမာက မကြာမီက သတင်းထောက်နှင့် တွေ့ဆုံရာတွင် သက်ဆိုင်ရာနိုင်ငံ၏ သဘောတူလက်ခံခြင်းသည် အတင်းအဓ္ဓမ အနုညာတ စီရင်ဆုံးဖြတ်မှု အတွက် မရှိမဖြစ် လိုအပ်ကြောင်း၊ တစ်နည်းအားဖြင့် ပြောရလျှင် အတင်းအဓ္ဓမ အနုညာတ စီရင်ဆုံးဖြတ်မှုသည် သက်ဆိုင်ရာ နိုင်ငံများမှ သဘောတူခြင်း၏ အခြေခံပေါ်တွင် တည်ရှိရမည် ဖြစ်ကြောင်း၊ ပိုင်နက် နယ်မြေပြဿနာနှင့် ပင်လယ်ရပ်ဝန်း ပိုင်နက်လမ်းကြောင်း သတ်မှတ်ခြင်း ဆိုင်ရာ အငြင်းပွားမှုနှင့် ပတ်သက်၍ တရုတ်ပြည် အနေနှင့် ပြဿနာနှင့် အငြင်းပွားမှုနှင့် မသက်ဆိုင်သူ၏ ပါဝင်ခြင်းရှိသော ဖြေရှင်းရေး နည်းလမ်းကို လက်ခံမည် မဟုတ်ကြောင်း၊  တရုတ်ပြည် အပေါ် အတင်းအကျပ်ပေးသည့် ဖြေရှင်းရေး နည်းလမ်းကို လက်ခံမည် မဟုတ်ကြောင်း၊ ထို့ကြောင့် တောင်ပင်လယ် ပြဿနာ ဆိုင်ရာ ခုံသမာဓိရုံးမှ ပြုလုပ်မည့် စီရင်ဆုံးဖြတ်ချက်သည် ဥပဒေ အကျိုးသက်ရောက်မှု မရှိကြောင်းလည်း ပြောကြားသည်ဟု တရုတ်ပြည်သူ့နေ့စဉ်သတင်းစာတွင် ရေးသားဖော်ပြသည်။

ကိုရိုမာသည် နာမည်ကျော်ကြားသည့် နိုင်ငံတကာ တရားဥပဒေ ပညာရှင် တစ်ဦး ဖြစ်ပြီး ကုလသမဂ္ဂဆိုင်ရာ ဆီရာလီယွန်နိုင်ငံ သံအမတ်ကြီးနှင့် ကုလသမဂ္ဂ နိုင်ငံတကာ တရားဥပဒေ ကော်မတီ ဥက္ကဋ္ဌ အဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့ဖူးကြောင်း၊ ထို့အပြင်၊ ၄င်းသည် ၁၉၇၃ခုနှစ်မှ ၁၉၈၂ခုနှစ်အထိ ကျင်းပခဲ့သော ကုလမသဂ္ဂ တတိယ အကြိမ်မြောက် အဏ္ဏဝါ ဥပဒေ အစည်းအဝေးတွင် အာဖရိက ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်အဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့ဖူးကြောင်း၊ ၄င်း၉နှစ်ကြာ ကျင်းပပြီး နိုင်ငံ ၁၆၀ကျော် ပါဝင်ခဲ့ကြသော နိုင်ငံတကာ အစည်းအဝေးတွင်ပင် ကုလသမဂ္ဂ အဏ္ဏဝါ ဥပဒေ ပဋိညာဉ်စာချုပ်ကို ရေးဆွဲချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ကိုရိုမာသည် ၄င်းပဋိညာဉ် စာချုပ်ကို အဓိက ရေးဆွဲချမှတ်သူ တစ်ဦးပင် ဖြစ်ကြောင်း သိရသည်။

   Webradio