• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အမေရိကန် တတ်သိပညာရှင်များ တောင်ပင်လယ်အကြောင်း ဆွေးနွေး

(GMT+08:00) 2016-07-06 09:28:37

တရုတ် ပြည်သူ့တက္ကသိုလ် ချုံယန် ငွေကြေး သုတေသနဌာနနှင့် အမေရိကန် ဂါနေဂျီ နိုင်ငံတကာ ငြိမ်းချမ်းရေး ရန်ပုံငွေအဖွဲ့တို့ ဦးစီး ပြုလုပ်ပြီး တရုတ် တောင်ပင်လယ် သုတေသနဌာနနှင့် အမေရိကန် ဝီလ်စွန် နိုင်ငံတကာ ပညာရှင်များ စင်တာတို့ ထောက်ကူကြသော တရုတ်-အမေရိကန် တတ်သိပညာရှင်များ တောင်ပင်လယ်ပြဿနာဆိုင်ရာ ဆွေးနွေးပွဲကို ဒေသစံတော်ချိန် ၅ ရက်နေ့က ဝါရှင်တန် မြို့၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် "တောင်ပင်လယ် ပြဿနာ - တရုတ်နှင့် အမေရိကန်တို့၏ ရှုထောင့်""ရှုထောင့်မျိုးစုံမှနေ၍ တောင်ပင်လယ်ဆိုင်ရာ အငြင်းပွါးမှုနှင့် အနာဂတ်""တောင်ပင်လယ် ပြဿနာကို လက်တွေ့ကျ ဖြေရှင်းရေး ကြံဆချက်နှင့် အဆိုပြုချက်များ" အပါအဝင် အကြောင်းနယ်ပယ် သုံးခုနှင့် ပတ်သက်ပြီး နှီးနှောဖလှယ်ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် တရုတ်နိုင်ငံတော်ကောင်စီဝင်ဟောင်း တိုက်ပင်ကိုက၊ ထုတ်ပြန် ကြေညာတော့မည့် တောင်ပင်လယ်ဆိုင်ရာ အနုညာတ စီရင်မှု ရလဒ်မှာ အသုံးမကျစက္ကူ တစ်ရွက်သာ ဖြစ်ကြောင်း၊ နယ်မြေ အချုပ်အခြာအာဏာပိုင်ခွင့်နှင့် ပတ်သက်ပြီး တရုတ်နိုင်ငံသည် ကိုယ့်ကံကြမ္မာကို ကိုယ့်လက်ထဲတွင် ထိထိမိမိ ကိုင်ဆောင် ထားမည် ဖြစ်ပြီး တတိယဖက် တစ်စုံတရာ၏ ကိုင်တွယ်ဖြေရှင်းရေး အစီအစဉ်ကို လက်မခံကြောင်း ပြောကြားခဲ့သည်။

တိုက်ပင်ကိုက၊ တရုတ်ပြည်သူများသည် တောင်ပင်လယ်ကျွန်းများကို အစောဆုံး တွေ့ရှိ၊ အမည်ပေးနှင့် ဖေါ်ထုတ် စီမံဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး တရုတ်အစိုးရသည် တောင်ပင်လယ်ကျွန်းများအပေါ် အချုပ်အခြာအာဏာပိုင်မှုကို အစောဆုံး ဆက်တိုက် ထိရောက်စွာ ကျင့်သုံးခြင်း ဖြစ်သည်ဟု တရုတ်နှင့် အနောက်နိုင်ငံ များစွာမှ သမိုင်းစာတမ်းများ သက်သေ အထောက်အထား ပြုနိုင်ကြောင်း၊ ဒုတိယ ကမ္ဘာစစ်ကြီး အပြီးတွင် နန်စားကျွန်းစု အချုပ်အခြာအာဏာပိုင်မှုကို တရုတ်ပြည်အား ပြန်ပေးခြင်းသည် စစ်ပြီးကာလ နိုင်ငံတကာ စည်းစနစ်နှင့် သက်ဆိုင်ရာ နယ်မြေ အစီအစဉ်၏ အစိတ်အပိုင်း ဖြစ်ကြောင်း၊ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွါးခဲ့ပြီးနောက် တော်တော် ကြာမြင့်သော အချိန်ပိုင်း တပိုင်းအတွင်း အမေရိကန်သည် တရုတ်ပြည်၏ နန်စားကျွန်းစုအပေါ် အချုပ်အခြာ အာဏာပိုင်ခွင့်ကို တလျှောက်လုံး အသိအမှတ်ပြုပြီး လေးစားခဲ့ခြင်း ဖြစ်ကြောင်း၊ တောင်ပင်လယ်ကျွန်းများအပေါ် တရုတ်ပြည်၏ အချုပ်အခြာအာဏာပိုင်ခွင့်သည် စစ်ပြီး ကာလ နိုင်ငံတကာ စည်းစနစ်၏ အစိတ်အပိုင်းအဖြစ် ကုလသမဂ္ဂ ပဋိဥာဉ်စာချုပ် အပါအဝင် နိုင်ငံတကာဥပဒေများ၏ ကာကွယ်မှုလည်း ခံပါကြောင်း ပြောကြားသည်။

ဆက်လက်ပြီး တိုက်ပင်ကိုက၊ ဖိလစ်ပိုင်သည် တရုတ်-ဖိလစ်ပိုင် တောင်ပင်လယ် အငြင်းပွါးမှုနှင့် ပတ်သက်ပြီး တဖက်သတ် အနုညာတစီရင်မှုကို တင်သွင်းခဲ့ခြင်းသည် တောင်ပင်လယ်ဆိုင်ရာ ဘက်အသီးသီးတို ဆောင်ရွက်မမှု ကြေညာစာတမ်း၊ တရုတ်ပြည်နှင့် ရရှိသော နှစ်ဖက်အကြား သဘောတူညီမှုများနှင့် ကုလသမဂ္ဂ ပင်လယ် ဥပဒေဆိုင်ရာ အထွေထွေသဘောတူစာချုပ်ပါ သတ်မှတ်ချက်များကို ချိုးဖေါက်ပြီး တရားမဝင် ဖြစ်ကြောင်း၊ ခုံသမာဓိရုံး ထုတ်ပြန်တော့မည့် စီရင်မှုသည် အသုံးမကျ စက္ကူတစ်ရွက်သာ ဖြစ်ကြောင်း ပြောကြားသည်။

ဂါနေဂျီ နိုင်ငံတကာ ငြိမ်းချမ်းရေး ရန်ပုံငွေအဖွဲ့ သုတေသန ဒုဒါရိုက်တာချုပ် ဒေါ်ဂလာစ်ပါးက၊ ဇူလိုင်လ ၁၂ ရက်နေ့ နောက်ဆုံး အနုညာတစီရင်မှုအချိန်ကို လှည့်ပြောင်းချက် တစ်ရပ် အဖြစ် သဘောထားသင့်ပြီး ဘက်အသီးသီး ခေါင်းအေး လာနိုင်ရန်၊ အငြင်းပွါးမှုကို ပူးပေါင်းဆောင်ရွက်မှု အဖြစ် လှည့်ပြောင်းနိုင်ရန်၊ ရန်ငြိုးထားမှုကို အခွင့်အလမ်းအဖြစ် လှည့်ပြောင်းနိုင်ရန် သံတမန်နည်းလမ်းဖြင့် တွန်းအားပေးသင့်သည်ဟု မိမိ ခံယူပါကြောင်း ပြောကြားသည်။

   Webradio