• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖိလစ်ပိုင်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆို

(GMT+08:00) 2016-07-01 10:06:07

ဖိလစ်ပိုင် သမ္မတသစ် Rodrigo Duterte သည် ၃၀ ရက်နေ့က ဖိလစ်ပိုင် သမ္မတရုံး၌ သမ္မတတာဝန် ထမ်းဆောင်ရန် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။ သို့ဖြင့် ၄င်းသည် ဖိလစ်ပိုင် ၁၆ ဆက်မြောက် သမ္မတ ဖြစ်လာသည်။ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ကျောက်ကျန့်ဟွာသည် ဖိတ်ကြားချက်အရ ကျမ်းသိစ္စာ ကျိန်ဆိုပွဲသို့ တက်ရောက် ခဲ့သည်။ Rodrigo Duterte က၊ ပြည်တွင်း အဂတိလိုက်စားမှု၊ လမ်းပေါ် ပြစ်မှုကျူးလွန်မှုနှင့် မူးယစ်ဆေးဝါး ပျံ့နှံမှု ပြဿနာများကို ဖြေရှင်းမည်ဟု ပြောကြားသည်။

ယခုလ ၃၀ ရက်နေ့က ကျင်းပသော အစိုးရသစ် ပထမအကြိမ် ကက်ဘိနက်အဖွဲ့ အစည်းအဝေး၌ တောင်ပင်လယ်ပြဿနာနှင့် ပတ်သက်ပြီး ပြောကြားရာတွင်၊ Rodrigo Duterte က၊ စေ့စပ်ဆွေးနွေးခြင်းဖြင့် ကျေအေးရေး ရရှိနိုင်လျှင် မိမိ ဝမ်းသာကြောင်း၊ ယင်းပြဿနာသည် အရေးကြီးပြီး ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်လျှင် အခြေအနေ ပြောင်းလဲသွားမည် ဖြစ်ကြောင်း၊ မိမိတို့သည် ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု မိမိ ယုံကြည်ပါကြောင်း ပြောကြားသည်ဟု ဒေသခံမီဒီယာတွင် သတင်းထုတ်ပြန်သည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟုန်လေက၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် သံတမန် နည်းလမ်းဖြင့် ဖိလစ်ပိုင် သမ္မတသစ်အား ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ပေးပို့ပြီ ဖြစ်ပြီး Rodrigo Duterte က ၁၆ ဆက်မြောက် ဖိလစ်ပိုင် သမ္မတ အဖြစ် ထမ်းဆောင်ခြင်းကို ဂုဏ်ပြု ထောမနာ ပြုခဲ့ကြောင်း၊ ယင်းသဝဏ်လွှာတွင် တရုတ်နှင့် ဖိလစ်ပိုင်တို့သည် ရွှေ့ပြောင်းလို့ မရသော အိမ်နီးချင်း ဖြစ်ပြီး အိမ်နီးချင်းကောင်း ချစ်ကြည်ရေး ဆက်ဆံမှုမှာ နှစ်နိုင်ငံအကြား ဆက်ဆံမှု သမိုင်း သက်တမ်း နှစ် ၁၀၀၀ ကျော် ကြာမြင့်သော အစဉ်အလာ ဖြစ်ပြီး စွဲကိုင်ရမည့် မှန်ကန်သော ဦးတည်ချက်လည်း ဖြစ်သည်ဟု ရေးသားဖေါ်ပြထားကြောင်း ၃၀ ရက်နေ့က ပီကင်း၌ ပြောကြားသည်။

   Webradio