• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တောင်ပင်လယ်ဆိုင်ရာ တရုတ်ပြည်၏ သဘောထားရပ်တည်ချက်မှာ တရားနည်းလမ်းကျသည်ဟု နိုင်ငံခြား ပညာရှင်များ ယူဆ

(GMT+08:00) 2016-06-30 10:10:30

ဖိလစ်ပိုင် တင်သွင်းသော တောင်ပင်လယ် အနုညာတစီရင်မှုဆိုင်ရာ ခုံသမာဓိရုံး အတွင်းရေးမှူးဌာနက၊ ခုံသမာဓိရုံးသည် ဇူလိုင်လ ၁၂ ရက်နေ့တွင် အနုညာတ စီရင်ဆုံးဖြတ်မှုကို ထုတ်ပြန်မည်ဟု ၂၉ ရက်နေ့က ဖေါ်ပြခဲ့သည်။

တရုတ်နိုင်ငံက၊ ခုံသမာဓိရုံးသည် ယင်းအနုညာတစီရင်မှုအပေါ် စီမံအုပ်ချုပ်ခွင့် မရှိကြောင်း၊ အနုညာတ စီရင်မှုကို တရုတ်နိုင်ငံက လက်မခံ၊ မပါဝင်ကြောင်း၊ ခုံသမာဓိရုံး ထုတ်ပြန်မည့် မည်သို့သော စီရင်ဆုံးဖြတ်မှု မဆို တရားမဝင် ဖြစ်ပြီး အာဏာသက်ရောက်မည် မဟုတ်သဖြင့် တရုတ်နိုင်ငံက အသိအမှတ် ပြုမည် မဟုတ်၊ လက်ခံမည် မဟုတ်ကြောင်း ထုတ်ပြန်ကြေညာသည်။

ဖိလစ်ပိုင် အလံတော်သတင်းစာမှ ကျွမ်းကျင်ပညာရှင် ကာဘလန်၊ အာဂျင်တီးနား အာရှနှင့် အာဂျင်တီးနား သုတေသနဌာနမှ ပညာရှင် ဂီလာဒို၊ ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ်ဟောင်း စူရာကီယာ အပါအဝင် နိုင်ငံခြား ကျွမ်းကျင်ပညာရှင်များက တရုတ် အစိုးရ၏ သဘောထားရပ်တည်ချက်မှာ တရားဝင် ဖြစ်ပြီး တရားနည်းလမ်း ကျကြောင်း ဖေါ်ပြကြသည်။

   Webradio