• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ခုံသမာဓိရုံးသည် အဆိုပြုလွှာကို လျစ်လျူရှုဟု ဟောင်ကောင် တရားဥပဒေ ပုဂ္ဂိုလ်များ ဆို

(GMT+08:00) 2016-06-29 10:21:16

ဟောင်ကောင် စီးပွါးဖြစ်မဟုတ်သော သီးသန့် ဥပဒေအသင်းအဖွဲ့ အာရှ ပစိဖိတ် နိုင်ငံတကာဥပဒေအသင်းက၊ ဇွန်လ လဦးပိုင်းတွင် ဟိတ် နိုင်ငံတကာ ခုံသမာဓိရုံးသို့ တရားရုံး၏ မိတ်ဆွေ ဟူသော တောင်ပင်လယ် အနုညာတစီရင်မှုဆိုင်ရာ အဆိုပြုလွှာကို တင်သွင်းခဲ့ပြီးနောက် တုံ့ပြန် ဖြေကြားမှု တစုံတရာကို ခုချိန်ထိ မရရှိသေးကြောင်း ၂၈ ရက်နေ့က ပြောကြားခဲ့သည်။

ဟောင်ကောင် တရားဥပဒေ လောကမှ ပုဂ္ဂိုလ်များက၊ ခုံသမာဓိရုံး၏ လုပ်ရပ်သည် နိုင်ငံတကာဥပဒေပါ လုပ်ထုံးလုပ်နည်းနှင့် မကိုက်ညီသည့်အပြင် ဟောင်ကောင် ဥပဒေ အသင်းအဖွဲ့၏ သီးသန့် အဆိုပြုချက်ကိုလည်း မလေးစားကြောင်း ယူဆကြသည်။

အာရှ ပစိဖိတ် နိုင်ငံတကာဥပဒေအသင်း ဥက္ကဋ္ဌ၊ ဟောင်ကောင် ဝါရင့် ရှေ့နေ ဖြစ်သူ ဖုန်ဟွာကျဲန့်က၊ နိုင်ငံတကာဥပဒေ မူဘောင် အောက်မှ တရားဥပဒေဌာန အဖြစ် ခုံသမာဓိရုံးသည် တတိယဖက် သီးသန့် ဥပဒေဆိုင်ရာ အဆိုပြုချက် အပေါ် တုံ့ပြန် ဖြေကြားချက် ပေးရန် ဝတ္တရား ရှိကြောင်း၊ ခုံသမာဓိရုံးသည် ယင်းသို့သော တတိယဖက် သီးသန့် ဥပဒေဆိုင်ရာ အဆိုပြုချက်ကို လျစ်လျူရှုခြင်းသည် မူမမှန် ဖြစ်ကြောင်း၊ ခုံသမာဓိရုံး အနေနှင့် လွဲရှောင်၍မရဘဲ ရှင်းလင်းပြောကြားရန် ဝတ္တရား ရှိကြောင်း ပြောကြားသည်။

ဝါရင့် ရှေ့နေ ဝူယုံကျာက၊ ဟောင်ကောင် ဥပဒေ အသင်းအဖွဲ့၏ အဆိုပြုလွှာကို ခုံသမာဓိရုံးက တုံ့ပြန် ဖြေကြားခြင်း မရှိသည့် အကြောင်းကို နားမလည်ကြောင်း၊ အာရှ ပစိဖိတ် နိုင်ငံတကာဥပဒေအသင်း၏ အဆိုပြုချက်မှာ တောင်ပင်လယ် အနုညာတ စီရင်မှု ဆိုင်ရာ ခုံသမာဓိရုံး၏ ဥပဒေဆိုင်ရာ အဆင့်နေရာနှင့် တရားဥပဒေ၏ အခြေခံ အပေါ် သော့ချက်ကျသော မယုံသင်္ကာမှု တင်ပြခြင်းသည် အကြောင်း တစ်ရပ် ဖြစ်ကြောင်း သုံးသပ်ထားသည်။

မစ္စတာ ဖုန်ဟွာကျန့်က၊ အာရှ ပစိဖိတ် နိုင်ငံတကာဥပဒေအသင်း တင်ပြသော အဆိုပြုလွှာတွင် ဘက်နှစ်ဖက်မှနေ၍ ခုံသမာဓိရုံးက အထက်ပါ အနုညာတ စီရင်မှု လက်ခံ စီရင်သော တရားဥပဒေဆိုင်ရာ အခြေခံအပေါ် မယုံသင်္ကာမှုများကို တင်ပြထားကြောင်း ပြောကြားသည်။

   Webradio