• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နှင့် အာဆီယံ ဆင်းရဲမှု လျှော့ပေါ့ရေး ပူးပေါင်းဆောင်ရွက်မှု သိသာထင်ရှားသော အောင်မြင်မှုများ ရရှိဟု အာဆီယံ နိုင်ငံမှ အရာရှိများဆို

(GMT+08:00) 2016-06-24 15:04:51

၁၀ကြိမ်မြောက် တရုတ်-အာဆီယံ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲမှု လျှော့ပေါ့ ရေးဖိုရမ်ကို မကြာမီက တရုတ်ပြည် ကွမ်ရှီး ကျွမ့်လူမျိုး ကိုယ်ပိုင် အုပ်ချုပ်ရေး ဒေသ ကွေ့လင်းမြို့တွင် ကျင်းပခဲ့ကြောင်း၊ အာဆီယံ အတွင်းရေးမှူးဌာနနှင့် အာဆီယံ နိုင်ငံများမှ အရာရှိများက ဆင်းရဲမှု လျှော့ပေါ့ရေး နယ်ပယ်မှ ပူးပေါင်းဆောင်ရွက်မှုတွင် တရုတ်နှင့် အာဆီယံ နိုင်ငံများသည် သိသာထင်ရှားသော အောင်မြင်မှုများရရှိကြောင်း တန်ဖိုးထား ချီးကျူးကြောင်း တရုတ် သတင်းဌာနက ရေးသားဖော်ပြသည်။

အာဆီယံ အတွင်းရေးမှူးဌာနမှ အာဆီယံ အသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်ရေး ရေးရာ တာဝန်ခံ၊ ဒုအတွင်းရေးမှူးချုပ် မိုခ်ျတန်က တရုတ်နှင့် အာဆီယံ နိုင်ငံများသည် ဆင်းရဲမှု လျှော့ပေါ့ရေး ဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း၊ ဆင်းရဲမှု လျှော့ပေါ့ရေး ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ခဲ့သည့် နောက်ပိုင်းတွင် အာဆီယံ နိုင်ငံများမှ အလွန် ဆင်းရဲသူ ဦးရေသည် ၁ရာခိုင်နှုန်းအောက်အထိ လျော့နည်းသွားပြီး ပညာသင်ယူခွင့် ရရှိသူ ဦးရေ တိုးပွားလာကြောင်း၊ အာဆီယံ နိုင်ငံ အားလုံးမှ ပြည်သူများသည် မသင်မနေရ ပညာရေးဆိုင်ရာ ပညာသင်ယူခွင့် ရရှိလာခဲ့ကြောင်း၊ One Belt and Road မူဘောင် အတွင်း တရုတ်နှင့် အာဆီယံတို့သည် ပိုမိုနွေးထွေးသော ပူးပေါင်းဆောင်ရွက်ရေး ဆက်ဆံမှုကို တည်ဆောက်ပြီး ဆင်းရဲမှု လျှော့ပေါ့ရေး ဆိုင်ရာ စိန်ခေါ်မှုများနှင့် လက်တွဲ ရင်ဆိုင်ကာ အားနည်းသူများအတွက် ပိုမိုများပြားသော သဘာဝ သယံဇာတနှင့် ငွေကြေး ဝန်ဆောင်မှုများ ရရှိစေရန် မျှော်လင့်ကြောင်း ပြောကြားသည်။

ကမ္ဘောဒီးယား ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဒုအတွင်းရေးမှူး ဟတ် အော်မာလီက ကမ္ဘောဒီးယား ကျေးလက် ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆည်မြောင်းတာတမံ အဆောက်အအုံ တည်ဆောက်ရေးသည် တရုတ်နှင့် အာဆီယံတို့၏ ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်ရေး ဆက်ဆံမှုမှ အကျိုးစီးပွား ရရှိခဲ့ကြောင်း ပြောကြားသည်။

လာအို အစိုးရရုံး ဒုဝန်ကြီး၊ အမျိုးသား ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှု ပပျောက်စေရေး ကော်မတီ ဒုဥက္ကဋ္ဌ ဆူဗန်နာလာသ်က One Belt and Roadကို အတူတည်ဆောက်ရေးသည် တရုတ်နှင့် အာဆီယံ နိုင်ငံများက ကျေးလက်ဒေသတွင် ဆင်းရဲမှု လျှော့ပေါ့ရေး အတွက် အခွင့်ကောင်း တစ်ခု ဖြစ်ကြောင်း ပြောကြားသည်။

   Webradio