• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ခုံသမာဓိရုံး၏ တောင်ပင်လယ်ဆိုင်ရာ အနုညာတစီရင်မှု စီမံအုပ်ချုပ်ခွင့် အပေါ် ဗြိတိန် ပညာရှင်များ မယုံသင်္ကာမှု တင်ပြ

(GMT+08:00) 2016-06-23 12:26:22

ဗြိတိန်နိုင်ငံ ဝါရင့် နိုင်ငံတကာ ပင်လယ်ရေးရာ ကျွမ်းကျင်ပညာရှင် နှစ်ဦးသည် တောင်ပင်လယ်ပြဿနာနှင့် ပတ်သက်ပြီး တရာဥပဒေဆိုင်ရာ စာတမ်းကို ထုတ်ပြန်သည်။ ၄င်းတို့က၊ ဖိလစ်ပိုင် တဖက်သတ် တင်ပြသော တောင်ပင်လယ်ဆိုင်ရာ အနုညာတစီရင်မှု ကိုယ်၌ပင် အချုပ်အခြာအာဏာပိုင်ခွင့်ဆိုင်ရာ အငြင်းပွါးမှု ဖြစ်ပြီး သက်ဆိုင်ရာ အနုညာတ စီရင်ဆုံးဖြတ်မှု ကိစ္စများမှာ အချုပ်အခြာအာဏာပိုင်ခွင့်နှင့် ပင်လယ် နယ်နိမိတ် မျဉ်းကြောင်း သတ်မှတ်မှုပြဿနာနှင့် မလွဲမရှောင်ပင် ဆက်စပ်ရမည်ဟု ယူဆသည့်အပြင် နိုင်ငံတကာ ဥပဒေ ရှုထောင့်မှနေ၍ ဟိတ် ခုံသမာဓိရုံး၏ တောင်ပင်လယ်ဆိုင်ရာ အနုတညာ စီရင်မှု စီမံအုပ်ချုပ်မှု အပေါ် မယုံသင်္ကာမှုကိုလည်း တင်ပြကြသည်။

ဗြိတိန် အော့က်စ်ဖိုးဒ် တက္ကသိုလ် နိုင်ငံတကာဥပဒေရေးရာ ဒုပါမောက္ခ အန်ဒါန်နီအော်စ်နှင့် ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာန ဥပဒေ အတိုင်ပင်ခံ အရာရှိဟောင်း ဝိုမိုစရီတို့သည် ယခုနှစ် ဧပြီလက ကမ္ဘာကျော် အယူဝါဒစာတမ်းများ လူမှုသိပ္ပံပညာ သုတေသန ဝက်ဘဆိုက်တွင် စာတမ်းများကို ထုတ်ပြန်ကြသည်။

ဝိုမိုစရီက၊ တောင်ပင်လယ်ဆိုင်ရာ ဘက်အသီးသီးတို့၏ လုပ်ဆောင်မှု ကြေညာစာတမ်းသည် ဘက်အသီးသီးတို့ အတူ စေ့စပ်ဆွေးနွေးပြီး ချမှတ်သော တရားဝင် စာတမ်း ဖြစ်ပြီး အဆင့်မြင့်အရာရှိများက ယင်းစာတမ်းကို လက်မှတ်ရေးထိုး ချုပ်ဆိုကြကာ ဖိလစ်ပိုင်သည် ယင်းအနက် သက်ဆိုင်ရာ သဘောထားရပ်တည်ချက်ကို ဖေါ်ပြထားကြောင်း၊ ယခုအကြိမ် အနုညာတစီရင်မှုတွင်မူ ခုံသမာဓိရုံးသည် ဖိလစ်ပိုင်က ယင်းကဲ့သို့သော သဘောထား ဖေါ်ပြခြင်း မရှိဟု ယူဆကြောင်း၊ ယင်းခံယူချက်ကို နားလည်ဖို့ ခက်ပြီး ခုံသမာဓိရုံး၏ ခံယူချက်ကို မယုံကြည်ရကြောင်း ယူဆသည်။

အန်ဒါန်နီအော်စ်က၊  တောင်ပင်လယ်ဆိုင်ရာ အငြင်းပွါးမှုသည် ရှုပ်ထွေးပြီး အချုပ်အခြာအာဏာပိုင်ခွင့် ပြဿနာ၊ အချုပ်အခြာအာဏာပိုင်မှုဆိုင်ရာ အခွင့်အရေး၊ သက်ဆိုင်ရာ ပင်လယ်ဒေသ စီမံအုပ်ချုပ်ခွင့်နှင့် ကိန်းအောင်းထားသည့် ပင်လယ် နယ်နိမိတ် မျဉ်းကြောင်း သတ်မှတ်ရေး စသည့်ပြဿနာများ ရောနှောနေကြောင်း၊ ယင်းသို့သော ရှုပ်ထွေးသော အငြင်းပွါးမှုကို ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်းမှာ တရုတ်ပြည် တင်ပြသော လက်တွဲ ဖေါ်ထုတ်ရန် ကမ်းလှမ်းချက် ဖြစ်ကြောင်း၊ ယင်းသည် သက်ဆိုင်ရာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက်သည့် အခြေအနေမျိုး၌ စီရင်ဆုံးဖြတ်မှု ပြုလုပ် သောကြောင့် ဖြစ်စေသော ဆိုးကျိုးများကို ရှောင်ရှားနိုင်မည် ဖြစ်ကြောင်း ယူဆသည်။

   Webradio