• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်လုပ် စူပါကွန်ပြူတာ တွက်ချက်မြန်နှုန်း ကမ္ဘာ့ ပထမ တက်လာ

(GMT+08:00) 2016-06-22 10:26:13

ဂျာမဏီနိုင်ငံ ISC ခေါ် ဖလန့်ဂ်ဖို နိုင်ငံတကာ စူပါကွန်ပြူတာ ညီလာခံသည် မကြာမီက တစ်ကမ္ဘာလုံး ရှေ့တန်းပြေး စူပါကွန်ပြူတာ TOP ၅၀၀ စာရင်းဇယားကို ထုတ်ပြန်ခဲ့သည်။ တရုတ် ကိုယ်တိုင် ထုတ်လုပ်သော ချစ်ပြားဖြင့် ပြုလုပ်သည့် ရှင်ဝေထိုက်ဟူအလင်း အမည် ဖြစ်သည့် စူပါကွန်ပြူတာသည် ပထမ နေရာသို့ တက်လာသည်။

TOP ၅၀၀ သည် တစ်ကမ္ဘာလုံး စူပါကွန်ပြူတာကို အကဲဖြတ်ပေးသည့် သြဇာအာဏာရှိ အသင်းအဖွဲ့ ဖြစ်သည်။ ၁၉၉၃ ခုနှစ်ကစပြီး TOP ၅၀၀ အသင်းသည် စူပါကွန်ပြူတာများ၏ အစွမ်းသတ္တကို တိုင်းတာ စစ်ဆေးပြီး ရှေ့တန်းပြေး စူပါကွန်ပြူတာ လုံးရေ ၅၀၀ ကို ထုတ်ပြန်သည်။ ယခုအကြိမ် ချန်ပီယံ တရုတ်ပြည်လုပ် စူပါကွန်ပြူတာ၏ တွက်ချက်မြန်နှုန်းမှာ တစ်စက္ကန့်လျှင် အကြိမ် ဘီလီယံ ၉၃ သန်း ဖြစ်ပြီး ယင်းမြန်နှုန်းမှာ ဒုတိယနေရာ၌ တည်ရှိသော တရုတ်ပြည်လုပ် စူပါကွန်ပြူတာ ထျန်ဟို အမှတ်-၂ ထက် နှစ်ဆ နီးပါးခန့် ပိုမြန်ပြီး အစွမ်းဖြစ်ထွန်းမှုသည်လည်း သုံးဆခန့် တိုးမြင့်လာသည်။

တရုတ် နိုင်ငံတော် စူပါကွန်ပြူတာစင်တာ ဝူရှီးမြို့ဌာန ဌာနမှူး၊ ချင်းဟွာ တက္ကသိုလ် ကွန်ပြူတာပညာ ပါမောက္ခ ယန်ဝင်ကွမ်က၊ ယခုအကြိမ် တရုတ်ပြည်လုပ် စူပါကွန်ပြူတာ ကမ္ဘာ့ ပထမနေရာသို့ တက်လာခြင်းသည် နိုင်ငံခြား လက်ဝါးကြီး အုပ်စိုးမှုကို ထိုးဖေါက် နိုင်သည့်အပြင် နိုင်ငံတော်၏ လုံခြုံမှုကိုလည်း အာမခံမှု ပေးနိုင်မည် ဖြစ်ကြောင်း၊ ထို့ပြင် စူပါကွန်ပြူတာ နယ်ပယ်၌ တရုတ်နိုင်ငံသည် ကမ္ဘာ့ ရှေ့ပြေးနေရာ၌ တည်ရှိပြီဟု ပြသနေကြောင်း ပြောကြားသည်။

ဆက်လက်ပြီး မစ္စတာ ယန်ဝင်ကွမ်က၊ သုတေသနပြု ထုတ်လုပ်ရေးစွမ်းအားအရ တရုတ်နိုင်ငံသည် ကမ္ဘာ့ ရှေ့ပြေးနေရာ ရရှိပြီ ဖြစ်သော်လည်း၊ အရန်နည်းပညာနှင့် စနစ် တည်ငြိမ်မှု နယ်ပယ်၌ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ကွာဟမှု ထင်ရှားနေသေးကြောင်း ယူဆသည်။

တရုတ် နိုင်ငံတော် စူပါကွန်ပြူတာစင်တာ ဝူရှီးမြို့ဌာန ဒုဌာနမှူး ဖုဟောက်ဟင်က၊ တရုတ်နိုင်ငံသည် စူပါကွန်ပြူတာဆိုင်ရာ ရေရှည် စီမံကိန်း ရှိပြီ ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဝန်းကျင်တွင် E အဆင့် တွက်ချက်မှု အကောင်အထည်ဖေါ်ဆောင်နိုင်ရန် ကြိုးပမ်းမည် ဖြစ်ကြောင်း ပြောကြားသည်။

   Webradio