• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နိုင်ငံတကာ ခုံသမာဓိရုံးသည် တောင်ပင်လယ် အငြင်းပွါးမှုအပေါ် စီမံအုပ်ချုပ်ခွင့် မရှိဟု တရုတ် ပညာရှင် ဆို

(GMT+08:00) 2016-06-20 10:48:47

တရုတ်နှင့် ဖိလစ်ပိုင်၏ တောင်ပင်လယ်ဆိုင်ရာ အနုညာတ စီရင်ဆုံးဖြတ်မှု ပြုလုပ် တော့မည့် အခါသမယတွင် တောင်ပင်လယ် ပြဿနာသည် နိုင်ငံတကာ မီဒီယာများ၏ အာရုံစူးစိုက်ရာ ဆက်လက် ဖြစ်လာနေသည်။ မကြာမီက ဘရပ်ဆဲမြိုတွင် တရုတ် ကျွမ်းကျင်ပညာရှင်များသည် ဒေသခံ သိတတ် ပညာရှင်များနှင့် ဆွေးနွေးပွဲ ပြုလုပ် ရာတွင် တောင်ပင်လယ်ဆိုင်ရာ တရုတ်ပြည်၏ သဘောထား ရပ်တည်ချက်ကို ရှင်းလင်းပြောကြား ခဲ့သည်။

ဖိလစ်ပိုင်က တဖက်သတ် တင်ပြခဲ့သော တောင်ပင်လယ်ဆိုင်ရာ အနုညာတ စီရင်မှုနှင့် ပတ်သက်ပြီး နိုင်ငံတကာ ခုံသမာဓိရုံးသည် ဇွန်လ လကုန်ပိုင်းမှ ဇူလိုင်လ လဦးပိုင်းတွင် နယ်သာလန်နိုင်ငံ ဟိတ်မြို့၌ စီရင်ဆုံးဖြတ်မှု ပြုလုပ်မည်ဟု သိရပါသည်။

တရုတ် တောင်ပင်လယ်ရေးရာ သုတေသနဌာနမှ ကျွမ်းကျင်ပညာရှင် ယန်ယန်က၊ ဖိလစ်ပိုင်၏ လျှောက်ထားမှု ၁၅ ရပ်သည် အရင်းအမြစ်မှနေ ပြောရလျှင် ကျောက်ဆောင်၏ အချုပ်အခြာအာဏာပိုင်မှု ပြဿနာ ဖြစ်ကြောင်း၊ အချုပ်အခြာ အာဏာပိုင်မှု ကိစ္စသည် ကုလသမဂ္ဂ ပင်လယ်ရေးရာ အထွေထွေစာချုပ်၏ ညှိနှိုင်းရေး မူဘောင်တွင် မပါဝင်ကြောင်း၊ နိုင်ငံတကာ ခုံသမာဓိရုံးသည် တရုတ်နှင့် ဖိလစ်ပိုင်တို့၏ တောင်ပင်လယ် ဆိုင်ရာ အငြင်းပွါးမှု အပေါ် စီမံအုပ်ချုပ်ခွင့် မရှိကြောင်း ပြောကြားသည်။

ဖိလစ်ပိုင်၏ တဖက်သတ် လုပ်ဆောင်မှုသည် တောင်ပင်လယ် အခြေအနေကို ပိုမို တင်းမာလာစေပြီး တရုတ်-ဖိလစ်ပိုင် ဆက်ဆံမှုသည်လည်း ဆင်းနိမ့်လာသည်။ ယင်းနှင့် ပတ်သက်ပြီး မစ္စတာ ယန်ယန်က၊ တောင်ပင်လယ် ပြဿနာနှင့် ပတ်သက်ပြီး ဆက်လက် ကူးလူးဖလှယ်နိုင်ရန် ရှိသေးသည်ဟု မိမိ ယုံကြည်ကြောင်း၊ ဖိလစ်ပိုင် သမ္မတသစ် ဒါတာတေသည် တရုတ်ပြည်နှင့် စေ့စပ်ဆွေးနွေးပွဲ ပြန်လည် ကျင်းပပြီး အငြင်းပွါးမှုကို နှစ်ဖက် တိုင်ပင်ဆွေးနွေးသော နည်းလမ်းဖြင့် ဖြေရှင်းလိုသည်ဟု ရှင်းလင်ပြတ်သားစွာ ဖေါ်ပြ ခဲ့ဖူးကြောင်း ပြောကြားသည်။

   Webradio