• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပေတိုဂြိုဟ်တု လမ်းကြောင်းပြစနစ် တရုတ် တွန်းအားပေး

(GMT+08:00) 2016-06-17 17:42:38

တရုတ် နိုင်ငံတော် ကောင်စီ သတင်းပြန်ကြားရေးရုံးသည် ၁၆ရက်နေ့က တရုတ် ပေတိုဂြိုဟ်တု လမ်းကြောင်းပြစနစ် ဆိုင်ရာ စက္ကဖြူစာတမ်းကို ထုတ်ပြန်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

၎င်းစက္ကူဖြူစာတမ်းတွင် ၂၀၁၈ခုနှစ်၌ One Belt and Roadတလျှောက်လုံးနှင့် ဘေးပတ်ပတ်လည် နိုင်ငံများ အတွက် ပေတိုဂြိုဟ်တု လမ်းကြောင်းပြစနစ် အခြေခံ ဝန်ဆောင်မှု ပေးရန်၊ ၂၀၂၀ပြည့်နှစ်ခန့်တွင် တစ်ကမ္ဘာလုံးက သုံးစွဲသူများ အတွက် ဝန်ဆောင်မှု ပေးရန် တရုတ်ပြည် စီစဉ်ထားကြောင်း ရေးသားဖော်ပြသည်။

တရုတ်ပြည် တီထွင်ထုတ်လုပ်ပြီး လုပ်ကိုင်ဆောင်ရွက်သည့် ပေတိုဂြိုဟ်တု လမ်းကြောင်းပြစနစ်သည် ကမ္ဘာ့ အဓိက ဂြိုဟ်တုလမ်းကြောင်းပြစနစ် ၄ခုတွင် တစ်ခု အပါအဝင် ဖြစ်ကြောင်း၊ တရုတ်ပြည်သည် ပေတိုဂြိုဟ်တု လမ်းကြောင်းပြစနစ်၏ ကွန်ရက်တည်ဆောက်ရေး လုပ်ငန်းကို ခြေလှမ်းမှန်မှန်ဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။

တရုတ် နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဟူခိုင်ဟုန်က ပေတိုဂြိုဟ်တု လေကြောင်းပြစနစ်သည် တစ်ကမ္ဘာလုံးက သုံးစွဲသူများ အတွက် တိကျမှန်ကန်သော သုံးစွဲနေသည့်နေရာသိခြင်းနှင့် လမ်းကြောင်းပြခြင်း အပါအဝင် ဝန်ဆောင်မှုများကို ရာသီမရွေးနှင့် အချိန်မရွေး(all-weather and all day)ပေးသည့် အရေးကြီး နိုင်ငံတော် အာကာသ အခြေခံ အဆောက်အအုံ ဖြစ်ကြောင်း၊ ၂၀၁၂ခုနှစ် နှစ်ကုန်က အာရှနှင့် ပစိဖိတ်ဒေသ အတွက် ဝန်ဆောင်မှု စတင်ပေးပြီး ကမ္ဘာပေါ်က တရားဝင် လုပ်ကိုင်ဆောင်ရွက်ပြီး သက်ဆိုင်ရာ ဝန်ဆောင်မှုပေးသည့် တတိယ ဂြိုဟ်တု လမ်းကြောင်းပြစနစ် ဖြစ်ကြောင်း ပြောကြားသည်။

 

   Webradio