• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တပ်မတော်တည်ဆောက်ရေးမဟာဗျူဟာ ရှီကျင့်ဖိန်ပြောကြား

(GMT+08:00) 2015-03-13 16:58:02

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ ယမန်နေ့၁၂-ရက်နေ့ ကျင်းပသော ၁၂-ကြိမ်မြောက်တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် တတိယအကြိမ်အစည်းအဝေး ပြည်သူ့လွတ်မြောက် ရေးတပ်မတော်ကိုယ်စားလှယ်အဖွဲ့ မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်ခဲ့ရာ၌၊ တရုတ်ကွန်မြူနစ်ပါတီ ၁၈-ကြိမ်မြောက်ညီလာခံ၊ ၁၈-ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယအကြိမ်နှင့် စတုတ္ထအကြိမ် မျက်နှာစုံညီ အစည်းအဝေးများ၏ အနှစ် သာရအတိုင်း ဇောက်ချပြုလုပ်ပြီး၊ တိန်ရှောင်ဖိန်-သဘော တရား၊ ကိုယ်စားပြုမှု-၃ရပ်နှင့် သိပ္ပံနည်းကျစွာဖွံ့ဖြိုးတိုးတက်ရေးသဘောတရားများအား လမ်းညွှန်ချက်အဖြစ်ထားကာ၊ အသင့်အတင့် ချောင်လည်သော လူ့အဖွဲ့အစည်းကို ဘက်စုံထူထောင်ရေး၊ ပြုပြင် ပြောင်းလဲမှုကို ဘက်စုံဇောက်ချပြုလုပ်ရေး၊ ဥပဒေနှင့်အညီ နိုင်ငံတော်ကို ဘက်စုံစီမံ အုပ်ချုပ်ရေးနှင့် ပါတီလုပ်နည်းလုပ်ဟန်ကို ဘက်စုံကြပ်မတ်ရေး မဟာဗျူဟာအတိုင်း၊ နိုင်ငံတော်ကာကွယ်ရေးနှင့် တပ်မတော်တည်ဆောက်ရေးတို့ကို အားဖြည့်ဆောင်ရွက်ရ မည်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်း အရ သိရသည်။

   Webradio