• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

CPPCC နှစ်ပတ်လည်အစည်းအဝေးရုပ်သိမ်း

(GMT+08:00) 2015-03-13 16:32:50

၁၂-ကြိမ်မြောက် CPPCC ခေါ် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံး ဆိုင်ရာကော်မတီ တတိယအကြိမ်အစည်းအဝေးကို ဒီနေ့၁၃-ရက်နေ့မွန်းလွဲပိုင်းက ပီကင်းမြို့မှာ ရုပ်သိမ်းလိုက်ပါတယ်။

စည်းလုံးညီညွှတ်ရေးနဲ့ ဒီမိုကရေစီတို့ကို စွဲကိုင်ခြင်းဟာ ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ စနစ်ရဲ့ ရိုးရာအစဉ်အလာဖြစ်ရုံသာမကဘဲ ကော်မတီဝင်များ တိုင်းရေးပြည်ရာမှာ ပါဝင် တိုင်ပင်ဆွေးနွေးခြင်းကိုလည်း ဖော်ပြပါတယ်။ အစည်းအဝေးကျင်းပစဉ် CPPCC အမြဲတမ်း ကော်မတီရဲ့လုပ်ငန်းအစီရင်ခံစာနဲ့ အဆိုပြုချက်တင်သွင်းမှုလုပ်ငန်းအစီရင်ခံစာတွေကို စိစစ်ဆွေးနွေးရာမှာရော၊ ၁၂-ကြိမ်မြောက် NPC ခေါ် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် တတိယအကြိမ်အစည်းအဝေးတက်ရောက်ပြီး အစိုးရလုပ်ငန်းအစီရင်ခံစာကို ဆွေးနွေးရာမှာပါ ကော်မတီဝင်များဟာ ပွင့်လင်းတဲ့စိတ်သဘောထားနဲ့ တိုင်းရေးပြည်ရာမှာ ပါဝင်တိုင်ပင်ဆွေးနွေးကာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံဉာဏ်ပေးခဲ့ကြပါတယ်။ ၁၃- ခုမြောက်၅-နှစ်စီမံကိန်းရေးဆွဲဖို့အတွက် အဆိုပြုချက်တင်သွင်းမှု၊ ပိုးလမ်းမကြီးစီးပွားရေး စင်္ကြန်နဲ့ ၂၁-ရာစုနှစ်ပင်လယ်ပြင်ပိုးလမ်းမကြီးတည်ဆောက်ရေး၊ ပီကင်းမြို့၊ ထျန်ကင်းမြို့ နဲ့ ဟိုပေပြည်နယ်တပြေးညီဖွံ့ဖြိုးတိုးတက်ရေးနဲ့ ယန်စီမြစ် စီးပွားရေးစင်္ကြန်တည်ဆောက် ရေးဆိုတဲ့ မဟာဗျူဟာ၃-ခုကို အာရုံစိုက်မှု၊ ဘဏ္ဍာရေး၊ အခွန်အကောက်နဲ့ ငွေကြေး စနစ်ပြုပြင်ပြောင်းလဲမှုနဲ့ တရားဥပဒေဆိုင်ရာပြုပြင်ပြောင်းလဲမှုစတာတွေကို ဇောက်ချ ပြုလုပ်ဖို့ အဆိုပြုမှု၊ ပါတီလုပ်နည်းလုပ်ဟန်ကို ဘက်စုံကြပ်မတ်ပြီး ကောင်းမွန်တဲ့နိုင်ငံရေး ပတ်ဝန်းကျင်ကို တည်ဆောက်မှု၊ ပညာရေး၊ အလုပ်အကိုင်နေရာချထားရေး၊ သက်ကြီး ရွယ်အိုစောင့်ရှောက်ရေး၊ ဆေးဝါးကုသရေး၊ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စတဲ့ပြည်သူလူထုတွေ အာရုံစိုက်ကြတဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းစေမှုနဲ့ပတ်သက် ပြီး ကော်မတီဝင်များဟာ အဆိုပြုချက်၁-ထောင်လောက် တင်သွင်းခဲ့ပါတယ်။ ပြည်သူ့ အတိုင်ပင်ခံစနစ်ဟာ နိုင်ငံတော်ရဲ့နိုင်ငံရေးဘဝမှာ အစားထိုးမရတဲ့ အရေးကြီးတဲ့အခန်း ကဏ္ဍကို ဖော်ပြပါတယ်။

ဒီနှစ်ဟာ ပြုပြင်ပြောင်းလဲမှု ဘက်စုံဇောက်ချပြုလုပ်ရေးအတွက် သော့ချက်ကျတဲ့နှစ် ဖြစ်ပြီး ဥပဒေနဲ့အညီနိုင်ငံတော်ကိုဘက်စုံစီမံအုပ်ချုပ်ရေးစတင်တဲ့နှစ်ဖြစ်သလို ၁၂- ခုမြောက်၅-နှစ်စီမံကိန်းကျင့်သုံးတဲ့ နောက်ဆုံးနှစ်လည်းဖြစ်ပါတယ်။ CPPCC ကော်မတီဝင် များဟာ အရေးကြီးတဲ့ပြဿနာတွေနဲ့ပတ်သက်ပြီး ကွင်းဆင်းလေ့လာကာ အများပြည်သူရဲ့ အဆိုပြုချက်တွေကို စုစည်းကြပါတယ်။ ပြည်သူလူထုရဲ့ တောင်းဆိုချက်ကို အထက်သို့ တင်ပြပြီး အောက်ခြေအတွေ့အကြုံတွေကို သိပ္ပံနည်းကျစွာပေါင်းရုံးသုံးသပ်ကြပါတယ်။ ပြည်သူများရဲ့အကျိုးစီးပွားအတွက် ပါတီနဲ့အစိုးရဆီကို အကြံကောင်းဉာဏ်ကောင်းတွေ တင်သွင်းကြပါတယ်။

၂၀၂၀-ပြည့်နှစ်မှာ တရုတ်ပြည်ဟာ အသင့်အတင့်ချောင်လည်တဲ့လူ့ဘောင်အဖွဲ့ အစည်းကို ဘက်စုံထူထောင်ပြီးစီးလိုပါက နိုင်ငံတော်စီမံအုပ်ချုပ်မှုခေတ်မီရေး အဆင့် အတန်းကို ဘက်စုံမြှင့်တင်ရမှာဖြစ်ပါတယ်။ အသင့်အတင့်ချောင်လည်တဲ့လူ့ဘောင်အဖွဲ့ အစည်းကို ဘက်စုံထူထောင်ရေး၊ ပြုပြင်ပြောင်းလဲမှုကို ဘက်စုံဇောက်ချပြုလုပ်ရေး၊ ဥပဒေ နဲ့အညီ နိုင်ငံတော်ကို ဘက်စုံစီမံအုပ်ချုပ်ရေးနဲ့ ပါတီလုပ်နည်းလုပ်ဟန်ကို ဘက်စုံကြပ်မတ် ရေးဆိုတဲ့ဘက်စုံလေးရပ်မဟာဗျူဟာကို ကျင့်သုံးလိုပါက ပါတီ၊ နိုင်ငံတော်နဲ့ လူ့ဘောင် အဖွဲ့အစည်းတို့ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ အနာဂတ်မှာ တရုတ်ပြည်ရဲ့ ဒီမိုကရေစီဖြစ်စဉ်နဲ့ စီမံအုပ်ချုပ်မှုခေတ်မီရေးဟာ အပြန်အလှန်တွန်းအားပေးပါလိမ့်မယ်။

 

 

   Webradio