• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပါတီလုပ်နည်းလုပ်ဟန်ကို ဘက်စုံကြပ်မတ်ရေး နိုင်ငံခြားမီဒီယာတွေ အာရုံစိုက်

(GMT+08:00) 2015-03-11 17:40:42

၁၈-ကြိမ်မြောက်တရုတ်ကွန်မြူနစ်ပါတီညီလာခံကျင်းပပြီးနောက် တရုတ်အစိုးရဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းမှာ အောင်မြင်မှုတွေ သိသိသာသာရရှိခဲ့ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန် က၊ အသင့်အတင့်ချောင်လည် တဲ့လူ့ဘောင်အဖွဲ့အစည်းကို ဘက်စုံထူထောင်ရေး၊ ပြုပြင်ပြောင်းလဲမှုကို ဘက်စုံဇောက်ချ ပြုလုပ်ရေး၊ ဥပဒေနဲ့အညီ နိုင်ငံတော်ကို ဘက်စုံစီမံအုပ်ချုပ်ရေးနဲ့ ပါတီလုပ်နည်းလုပ်ဟန် ကို ဘက်စုံကြပ်မတ်ရေးဆိုတဲ့ မဟာဗျူဟာမြောက်အခင်းအကျင်းကို တင်ပြခဲ့တဲ့အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဟာ အဆင့်သစ်ကို ရောက်ရှိလာပါတယ်။ နိုင်ငံခြားမီဒီယာ တွေက အဲဒါကို အာရုံစိုက်ကြပါတယ်။

ဒီလ၂-ရက်နေ့ထုတ် အမေရိကန် The Huffington Post သတင်းစာမှာ၊ ပါတီ လုပ်နည်းလုပ်ဟန်ကို ဘက်စုံကြပ်မတ်ရေးဟာ ဘက်စုံလေးရပ်ထဲမှာ တီထွင်ဆန်းသစ်မှု အရှိဆုံးဖြစ်ကြောင်း၊ ပါတီလုပ်နည်းလုပ်ဟန်ကို ဘက်စုံကြပ်မတ်ရေးဟာ နိုင်ငံတော်အဆင့် ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲမှုဖြစ်ကြောင်း၊ ဘက်စုံလေးရပ်ဆိုတဲ့ မဟာဗျူဟာ မြောက်အခင်းအကျင်းကို အကောင်အထည်ဖော်ဖို့အတွက် ပါတီလုပ်နည်းလုပ်ဟန် ဘက်စုံကြပ်မတ်ရေးကို အထူးအာရုံစိုက်သင့်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။

ရိုက်တာသတင်းဌာနဟာ ဘက်စုံလေးရပ်ကို ရှင်းလင်းဖော်ပြတဲ့အပြင် လွန်ခဲ့တဲ့၁-နှစ် အတွင်း တရုတ်ကွန်မြူနစ်ပါတီက ကျားလည်းတိုက်၊ ယင်ကောင်လည်းဖမ်းဆိုတဲ့လုပ်ရပ် ဟာ ပါတီလုပ်နည်းလုပ်ဟန် ဘက်စုံကြပ်မတ်ရေးကို ဖော်ပြနိုင်ကြောင်းလည်း ရေးသား ဖော်ပြခဲ့ပါတယ်။

ဒီလ၆-ရက်နေ့ထုတ် စပိန် El Mundo သတင်းစာမှာ၊ တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန် ဟာ ၂၀၁၂-ခုနှစ်က ကျားလည်းတိုက်၊ ယင်ကောင် လည်းဖမ်းဆိုတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွေးအခေါ်ကို တင်ပြပြီးနောက် ပါတီ လုပ်နည်းလုပ်ဟန် ဘက်စုံကြပ်မတ်ရေးကို ဘက်စုံလေးရပ်ဆိုတဲ့ မဟာဗျူဟာအခင်း အကျင်းထဲမှာ ထည့်သွင်းရေးသားခဲ့ခြင်းဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးစစ်ပွဲ နဲ့ပတ်သက်ပြီး တရုတ်ကွန်မြူနစ်ပါတီရဲ့ ဆုံးဖြတ်မှုကို ဖော်ပြနိုင်ကြောင်း ရေးသားဖော်ပြ ခဲ့ပါတယ်။

အာဂျင်တီးနား Clarin သတင်းစာက ဆောင်းပါးတစ်ပုဒ်မှာ၊ တရုတ်ဝန်ကြီးချုပ် လီခေ့ချန် ရဲ့ အစိုးရလုပ်ငန်းအစီရင်ခံစာထဲမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနဲ့ပတ်သက် တဲ့ပြောဆိုချက်ကို အာရုံစိုက်ပြီး တရုတ်အစိုးရရဲ့ ဆုံးဖြတ်မှုကို တန်ဖိုးထားချီးကျူးခဲ့ ပါတယ်။

နိုင်ငံခြားမီဒီယာသာမက နိုင်ငံခြားပညာရှင်နဲ့ အင်တာနက်ဝါသနာအိုးတချို့ကလည်း တရုတ်အစိုးရ ကျင့်သုံးနေတဲ့ ပါတီလုပ်နည်းလုပ်ဟန်ကြပ်မတ်ရေးနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးမူဝါဒတွေကို တန်ဖိုးထားချီးကျူးခဲ့ကြပါတယ်။

 

 

 

 

   Webradio