• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်စီးပွါးရေး အခြေအနေသစ်မှာ အခွင့်အလမ်းအသစ် များပြား

(GMT+08:00) 2015-03-09 10:47:56

၅ ရက်နေ့က ဖွင့်လှစ်ခဲ့တဲ့ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေးမှာ တရုတ်ဝန်ကြီးချုပ် လီခေ့ချန်က ဒီနှစ် စီးပွါးရေး တိုးတက်နှုန်းကို ၇ ရာခိုင်နှုန်းအထိ လျှော့ချ သတ်မှတ်ကြောင်း ကြေညာခဲ့တယ်။ တချို့ စီးပွါးရေး လုပ်ငန်းရှင်တွေက တရုတ်ပြည် စီးပွါးရေး အလားအလာ အတွက် စိုးရိမ်နေကြတယ်။ ဒါပေမယ့် တရုတ်ပြည် အရှေ့ပိုင်း ပင်လယ်ကမ်းရိုးတန်းဒေသရှိ လုပ်ငန်းကုမ္ပဏီ တော်တော်များများဟာ ဆန်းသစ်တီထွင်မှုကို အားကိုးပြီး နာလန်ပြန်ထူလာကြတယ်။ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်ဖြစ်သူ၊ ကျန်းစူးပြည်နယ် မုန့်လန် ကုမ္ပဏီအုပ်စု ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌ မစ္စတာ ချန်ယွဲ့ပေါင်က၊ အရင်တုန်းကဆိုရင် အလုပ်သမားတွေရဲ့ လစာ မများဘူး၊ စွမ်းအင် အသုံးပြုမှုပမာဏ များတယ်။ အဲဒါဟာ ကြာကြာ ခံနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ စောစော ကတည်းကပဲ ပြုပြင်ပြောင်းလဲမှုကို ပြုလုပ်ခဲ့တယ်။ ကျွန်တော်တို့ကုမ္ပဏီဟာ သုတေသန နယ်ပယ်မှာ ငွေရင်းများကို ဆက်တိုက် တိုးဖြည့်ပေးခဲ့တယ်။ နိုင်ငံတော်အဆင့် နည်းပညာစင်တာကို တည်ထောင် ခဲ့တယ်။ ဒါ့အပြင် ဂျာမဏီ၊ စပိန်နဲ့ ဆွီဒင်နိုင်ငံကနေပြီး အော်တိုမက်တစ် စက်ကိရိယာ သုံးမျိုးကို တင်သွင်းလာပြီး ကုန်ထုတ်လုပ်မှု ဆိုင်ရာ အလိုအလျောက်ပတ်လမ်း တစ်ခုကို တည်ဆောက်ခဲ့တယ်။ ဒီလိုနဲ့ လုပ်သားဆိုင်ရာ ကုန်ကျစရိတ် ၈၀ ရာခိုင်နှုန်းကို သက်သာ လာပြီး ကုန်ထုတ်စွမ်းအားကို ၅ ဆလောက် တိုးမြှင့်နိုင်ခဲ့တယ်။ ပြီးခဲ့တဲ့နှစ်က ကျွန်တော်တို့ ကုမ္ပဏီရဲ့ ပို့ကုန် ပမာဏဟာ ၂၀ ရာခိုင်နှုန်းကျော် တိုးတက်လာတယ်လို့ ပြောတယ်။

၅ ရက်နေ့ ညနေပိုင်းက ကျင်းပခဲ့တဲ့ ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အစည်းအဝေးရဲ့ ကျန်းစူးပြည်နယ် ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးပွဲမှာ လုပ်ငန်းရှင် အများစုက တရုတ်ပြည် စီးပွါးရေး အလားအလာအပေါ် အကောင်းဘက်မှ ရှုမြင် ကြတယ်။ သူတို့က လုပ်ငန်းကုမ္ပဏီများ နည်းပညာ အဆင့်မြှင့်တင်ခြင်းဟာ စီးပွါးရေး အခြေအနေသစ်မှာ အကောင်းဆုံး ထွက်ရပ်လမ်း ဖြစ်တယ်လို့ ယူဆကြတယ်။

တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီဝင် ဖြစ်သူ၊ အီလက်ထရောနစ်ပစ္စည်း လက်လီရောင်းချရေး ကုမ္ပဏီ စူးနင် ကုမ္ပဏီ အုပ်စု ဒါရိုက်တာ အဖွဲ့ ဥက္ကဋ္ဌ မစ္စတာ ကျမ်းကျင့်တုန်းက၊ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ကျွန်တော်တို့ ကုမ္ပဏီဟာ cloud computing, big data, Online to Offline, Open platform စတဲ့ နည်းပညာတွေကို အသုံးပြုပြီး ဝင်ငွေ ပမာဏ မြန်ဆန်စွာ တိုးတက်လာခဲ့တယ်။ အရင်တုန်းက ဆိုရင် စူးနင်ကုမ္ပဏီဟာလည်း ရောင်းချမှုပမာဏ တိုးတက်မှု နှေးကွေးခြင်းနဲ့ အမြတ်အစွန်း ဆက်တိုက် ကျဆင်းခြင်း စတဲ့ ဖိအားတွေနဲ့ ရင်ဆိုင်ခဲ့ရဖူးတယ်။ ဒါပေမယ့် မကြာခင်က ထုတ်ပြန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် လုပ်ငန်း အစီရင်ခံစာထဲမှာ ကုမ္ပဏီရဲ့ တစ်နှစ်တာလုံး အသားတင် အမြတ်အစွန်းဟာ ၂၀၁၃ ခုနှစ်ကထက် ၁၁၀ ရာခိုင်နှုန်း တိုးများ လာတယ်လို့ ပြောကြားခဲ့တယ်။

ပြီးခဲ့တဲ့နှစ်က မုန့်လန်နဲ့ စူးနင် ကုမ္ပဏီတို့ တည်ရှိနေတဲ့ ကျန်းစူးပြည်နယ် စီးပွါးရေး တိုးတက်နှုန်းဟာ ၈့ ၇ ရာခိုင်နှုန်း ရှိပြီး ဆန်းသစ်တီထွင်ခြင်းနဲ့ နည်းပညာ အဆင့်မြှင့်တင် ခြင်းတို့ဟာ သော့ချက်ကျ အကြောင်းရင်းပဲ ဖြစ်တယ်။ ကျန်းစူး ပြည်နယ်မှူး မစ္စတာ လီရွှေယုံက၊ ကျန်းစူးပြည်နယ်ရဲ့ ဆန်းသစ်တီထွင်စွမ်းအားဟာ တစ်ပြည်လုံးမှာ ၆ နှစ် ဆက်တိုက် ပထမ နေရာမှာ တည်ရှိခဲ့ကြောင်း ပြောကြားခဲ့တယ်။

ပြီးခဲ့တဲ့နှစ်က တရုတ်ပြည်ရဲ့ အတိုင်းအတာ အသင့်အတင့်ရှိတဲ့ စက်မှု ကုန်ထုတ်လုပ်မှု တိုးတက်မှု တန်ဖိုးဟာ ၂၀၁၃ ခုနှစ်ကထက် ၈့ ၃ ရာခိုင်နှုန်းအထိ ကျဆင်းလာ ခဲ့ပေမယ့် အဲဒါတွေထဲမှာ အဆင့်မြင့်နည်းပညာ ကုန်ထုတ်လုပ်မှု တိုးတက်မှု တန်ဖိုးကတော့ ၁၂့ ၃ ရာခိုင်နှုန်း တိုးများလာကြောင်း၊ ပြီးခဲ့တဲ့နှစ်က တစ်ပြည်လုံးရဲ့ သုတေသန နယ်ပယ်မှာ ငွေရင်းမြှုပ်နှံမှုပမာဏဟာ ဂျီဒီပီ စုစုပေါင်း ပမာဏရဲ့ ၂့ ၁ ရာခိုင်နှုန်း ရှိကြောင်း သတင်း ရရှိပါတယ်။

   Webradio