• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၂-ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် တတိယအကြိမ်အစည်းအဝေး ကျင်းပ

(GMT+08:00) 2015-03-05 13:19:31

၁၂-ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် တတိယအကြိမ် အစည်းအဝေးကို ဒီနေ့ မတ်လ ၅-ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဒီအကြိမ် အစည်းအဝေး အပါအဝင် တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက်အစည်းအဝေးကို ၁၈-နှစ် ဆက်တိုက် မတ်-လ ၅-ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။

အစည်းအဝေးကို ပုံမှန်ကျင်းပခြင်းဟာ နိုင်ငံရဲ. နိုင်ငံရေးဘဝ ပုံမှန်ဖြစ်ရေး အတွက် အရေးကြီးအမှတ်လက္ခဏာတစ်ရပ်ဖြစ်ပြီး၊ နိုင်ငံတော် အမြင့်ဆုံးအာဏာပိုင်အဖွဲ့ က၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အခွင့်အာဏာကျင့်သုံးရေးအတွက် အကျိုးရှိကာ၊ နိုင်ငံတော် နယ်ပယ်အသီးသီးမှ အရေးကြီးလုပ်ငန်းများအတွက် ဆောလျင်စွာ စီစဉ်ပေးနိုင်ပါတယ်။

၁၈-နှစ်တာအတွင်း၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်မှာ ဆွေးနွေးတဲ့ အစီအစဉ် ၆-ရပ်ဟာ ပြောင်းလဲခြင်းမရှိဘူး၊ ပြောင်းလဲတာကတော့၊ အစိုးရရဲ.လုပ်ငန်း အစီရင်ခံစာအကြောင်းအရာတွေပဲဖြစ်ပါတယ်။ ဒီနှစ်ဟာပြုပြင်ပြောင်းလဲမှုကို ဘက်စုံ ဇောက်ချပြုလုပ်တဲ့ သော့ချက်ကျတဲ့ နှစ်တစ်နှစ်ဖြစ်ပြီး၊ နိုင်ငံတော်ကို ဥပဒေအရ စီမံအုပ်ချုပ်မှု ဘက်စုံဆောင်ရွက်တဲ့ နှစ်တစ်နှစ်ဖြစ်ကာ၊ ၁၂-ခုမြောက် ၅-နှစ်စီမံကိန်းကို ဘက်စုံပြီးမြောက် အောင် ဆောင်ရွက်တဲ့ နှစ်တစ်နှစ်လည်းဖြစ်ပါတယ်။ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က၊ အသင့်အတင့်ချောင်လည်တဲ့လူ့အဖွဲ့အစည်းကို ဘက်စုံထူထောင်ရေး၊ ပြုပြင်ပြောင်းလဲမှုကို ဘက်စုံဇောက်ချပြုလုပ်ရေး၊ ဥပဒေနဲ့အညီ နိုင်ငံတော်ကို ဘက်စုံစီမံ အုပ်ချုပ်ရေးနဲ့ ပါတီလုပ်နည်းလုပ်ဟန်ကို ဘက်စုံကြပ်မတ်ရေးတို့ကို တင်ပြခဲ့ပါတယ်။ တရုတ်စီးပွားရေးဟာ အခြေအနေသစ်သို့ ရောက်ရှိနေပါတယ်။ အဲဒီအကြောင်းအရာတွေ ကို ပြည်သူ့ ကွန်ဂရက် ဆွေးနွေးရန် အစီအစဉ် ၆-ရပ်မှာ ပုံဖော်သွားမှာဖြစ်ပါတယ်။

ဒီနှစ် ပြည်သူ့ကွန်ဂရက်အစည်းအဝေးမှာ ပုံမှန်အစီအစဉ် ၆-ရပ်အပြင်၊ အရေးကြီး ဥပဒေပြုရေးအစီအစဉ်တစ်ရပ်ရှိပါသေးတယ်။ အဲဒါကတော့ ဥပဒေပြုရေးဆိုင်ရာ ဥပဒေပြင်ဆင်ရေးမူကြမ်းကို စိစစ်ဆွေးနွေးခြင်းဖြစ်ပါတယ်။

ဘာဥပဒေတွေကို ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက်မှာ တင်သွင်းပြီး စိစစ်ဆွေးနွေးဖို့ လိုအပ်သလဲ၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှ သက်ဆိုင်ရာသတ်မှတ်ချက်အရ၊ ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်အနေနဲ့၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့တာဝန်ကို ထမ်းဆောင်တဲ့ အပြင်၊ရာဇဝတ်မှု၊ တရားမမှုနဲ့နိုင်ငံတော်အဖွဲ့အစည်းတို့ရဲ. အခြေခံဥပဒေများရေးဆွဲ ချမှတ်ဖို့နဲ့ ပြင်ဆင်ဖို့တာဝန်များကိုလည်း ထမ်းဆောင်ရပါတယ်။

နှစ်စဉ် အစည်းအဝေးကျင်းပတဲ့ အတောအတွင်း၊ ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်များဟာ၊ အဆိုပြုချက်နဲ့ အကြံပြုချက်တွေကို တင်သွင်းလေ့ရှိကြတယ်၊ အဲဒါဟာ ပြည်သူ့ကွန်ဂရက်ကိုယ်စားလှယ်များအနေနဲ့၊ သူတို့ရဲ.တာဝန်ကို ထမ်းဆောင်ကြ တဲ့ အရေးကြီးလမ်းကြောင်းလည်းဖြစ်ပါတယ်။

   Webradio