• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၂-ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ တတိယအကြိမ်အစည်းအဝေး ဖွင့်လှစ်

(GMT+08:00) 2015-03-03 16:14:49

၁၂-ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ တတိယအကြိမ်အစည်းအဝေးကို ဒီနေ့၃-ရက်နေ့မွန်းလွဲပိုင်းက ပီကင်းမြို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ လာမယ့်၁၀-ရက်အတွင်း ကော်မတီဝင်၂၂၀၀-ကျော်တို့ဟာ တရုတ်ပြည် ရဲ့စီးပွားရေးနဲ့လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာပေါ်လစီတွေ၊ ပြည်သူလူထု အာရုံစိုက်ကြ တဲ့ပြည်သူ့နေထိုင်မှုပြဿနာတွေနဲ့ပတ်သက်ပြီး အဆိုပြုကြပါမယ်။

တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်ဟာ ပါတီများ၊ အဖွဲ့အစည်းများ၊ တိုင်းရင်းသားလူမျိုးများ၊ လုပ်ငန်းပေါင်းစုံမှပုဂ္ဂိုလ်များက ဒီမိုကရေစီထွန်းကားရေး၊ တိုင်းရေးပြည်ရာမှာ ပါဝင်ဆောင်ရွက်ရေးနဲ့ စည်းလုံးညီညွှတ်စွာပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာအဓိကပလက်ဖောင်းဖြစ်ပါတယ်။

အခုအကြိမ် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ နှစ်ပတ်လည်အစည်းအဝေးမှာ အာရုံစိုက်စရာ ဘာတွေရှိမလဲဆိုတာနဲ့ပတ်သက်ပြီး စီအာအိုင်သတင်းထောက် ဇိုင်းလေ က၊

ကျွန်တော်တို့ သိတဲ့အတိုင်းပဲ၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံး ဆိုင်ရာကော်မတီဟာ အတိုင်ပင်ခံဒီမိုကရေစီစနစ်ဖွံ့ဖြိုးတိုးတက်တဲ့ အဓိကလမ်းကြောင်းနဲ့ အထူးအဖွဲ့အစည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ဖေဖေါ်ဝါရီလက တရုတ်ကွန်မြူနစ်ပါတီဗဟို ကော်မတီဟာဆိုရှယ်လစ်အတိုင်ပင်ခံဒီမိုကရေစီစနစ်တည်ဆောက်မှုအားသစ်လောင်းပေး ရေးဆိုင်ရာအဆိုပြုချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ အတိုင်ပင်ခံဒီမိုကရေစီစနစ်ရဲ့ အဓိက လမ်းကြောင်းနဲ့ အထူးအဖွဲ့အစည်းအဖြစ် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီရဲ့အခန်းကဏ္ဍကို တစ်ဆင့်တက် ရှင်းလင်းဖော်ပြခဲ့ပါတယ်။ ဒါကြောင့် ဒီနှစ်အစည်းအဝေးမှာ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံး ဆိုင်ရာကော်မတီရဲ့ ဒီမိုကရေစီအတိုင်ပင်ခံမှုနဲ့ ဒီမိုကရေစီတည်ဆောက်မှုတို့ကို ဘယ်လိုတွန်းအားပေးမလဲဆိုတာနဲ့ပတ်သက်ပြီး လူအများက အာရုံစိုက်ကြပါတယ်။ ဒီနေ့၃-ရက်နေ့မွန်းလွဲပိုင်းက တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ယွီကျင့်စိန် ဟာ လုပ်ငန်းအစီရင်ခံစာကို တင်ပြခဲ့ပါတယ်။ ဒါဟာ မီဒီယာတွေရဲ့အာရုံစိုက်မှုဖြစ်တယ်လို့ ပြောသွားပါတယ်။

ကော်မတီဝင်များဟာ ဘာတွေကို အာရုံစိုက်ကြသလဲဆိုတာနဲ့ပတ်သက်ပြီး စီအာအိုင် သတင်းထောက် ဇိုင်းလေ က၊

ဒီနှစ်ဟာ တရုတ်ပြည်ရဲ့ပြုပြင်ပြောင်းလဲမှု ဘက်စုံဇောက်ချပြုလုပ်ရေးအတွက် သော့ချက်ကျတဲ့နှစ်ဖြစ်ပြီး နိုင်ငံတော်ကို ဥပဒေအရ စီမံအုပ်ချုပ်မှု ဘက်စုံဆောင်ရွက်ရေး စတင်ပြုလုပ်တဲ့နှစ်ဖြစ်သလို၁၂-ခုမြောက်၅-နှစ်စီမံကိန်းကျင့်သုံးတဲ့နောက်ဆုံးနှစ်လည်းဖြစ် ပါတယ်။ ကော်မတီဝင်များဟာ အဲဒီနယ်ပယ်၃-ခုကို အာရုံစိုက်ကြပါတယ်။ အစည်းအဝေး အဆိုပြုချက်ကော်မရှင်က လက်ခံရရှိခဲ့တဲ့အဆိုပြုချက်တွေကိုကြည့်ရင် ကော်မတီဝင်များ ဟာ နိုင်ငံတော်မဟာဗျူဟာကနေ ပြည်သူ့နေထိုင်မှုပြဿနာအထိ အာရုံစိုက်ကြပါတယ်။ ဥပမာဆိုရရင် ပိုးလမ်းမကြီးစီးပွားရေးစင်္ကြန်နဲ့ ပင်လယ်ပြင်ပိုးလမ်းမကြီးတည်ဆောက်ရေး၊ ပီကင်း၊ ထျန်ကျင်နဲ့ ဟိုပေတပြေးညီဖွံ့ဖြိုးတိုးတက်ရေး၊ ယန်စီမြစ်စီးပွားရေးစင်္ကြန်၊ ၁၃-ခုမြောက်၅-နှစ်စီမံကိန်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ အလုပ်အကိုင်နေရာချထား ရေး၊ ကျန်းမာရေးနဲ့ ပင်စင်စတာတွေဖြစ်တယ်လို့ ပြောသွားပါတယ်။

 

 

   Webradio