• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာသမ္မတဦးသိန်းစိန်အား လီခေ့ချန် တွေ့ဆုံ

(GMT+08:00) 2014-11-09 16:33:51

    တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ယမန်နေ့ ၈-ရက်နေ့က အလည်အပတ် ရောက်ရှိ နေသော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အား ပြည်သူ့ခန်းမဆောင် ကြီး၌ တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ဝန်ကြီးချုပ်လီခေ့ချန်က မကြာမီတွင် ၄င်းသည် မြန်မာနိုင်ငံသို့ တရားဝင် ခရီးလှည့်လည်မည်ဖြစ်ကြောင်း၊ ယင်းခရီးစဉ်တွင် ဘင်္ဂလာဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ စီးပွားရေး စင်္ကြန် တည်ဆောက်ရေး၊ အချင်းချင်း ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းရပ်များနှင့် နှစ်နိုင်ငံ မဟာဗျူဟာ မိတ်ဘက်ဆက်ဆံမှုကို တွန်းအားပေးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

သမ္မတဦးသိန်းစိန်က မြန်မာအစိုးရနှင့် မြန်မာပြည်သူများသည် ဝန်ကြီးချုပ် လီခေ့ချန်၏ မြန်မာခရီးစဉ်ကို မျှော်လင့်နေကြကြောင်း၊ ပိုးလမ်းမကြီးစီးပွားရေး လမ်းကြောင်းနှင့် ၂၁ရာစု ပင်လယ်ပြင် ပိုးလမ်းမကြီး တည်ဆောက်ရေးသည် အာဆီယံနိုင်ငံများအတွက် အကျိုးရရှိစေမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ယင်းတည်ဆောက်ရေုးလုပ်ငန်းတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ပြီး တရုတ်-မြန်မာ ရေနံပိုက်လိုင်းစသည့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းရပ်များကို အတူတကွ တွန်းအားပေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။

   Webradio