• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာရှ ပစိဖိတ်ဒေသ စီးပွါးရေး တပြေးညီဖြစ်စဉ်ကို တွန်းအားပေးသင့်

(GMT+08:00) 2014-11-06 14:09:37

၂၀၁၄ ခုနှစ် အေပက်အဖွဲ့ ထိပ်သီးအစည်းအဝေးရဲ့ သက်ဆိုင်ရာ လှုပ်ရှားမှုများကို ၅ ရက်နေ့က ပီကင်းမှာ စတင် ပြုလုပ်ခဲ့ရာ ဒေသတွင်း စီးပွါးရေး တပြေးညီ ဖြစ်စဉ်ဟာ ဘက်အသီးသီးတို့ အာရုံစူးစိုက်ရာကိစ္စ ဖြစ်လာနေကြောင်း တရုတ် ပြည်သူ့ ဝက်ဘဆိုဒ်မှ သတင်းအရ သိရပါတယ်။

ဒေသတွင်း စီးပွါးရေး တပြေးညီဖြစ်စဉ်ကို တွန်းအားပေးရေးဟာ ဒီနှစ် အေပက် အစည်းအဝေးမှာ အဓိက ဆွေးနွေးမယ့် အကြောင်းအရာ သုံးခုထဲမှာ တစ်ခုအပါအဝင် ဖြစ်ကြောင်း၊ ၁၉၉၄ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အေပက်အဖွဲ့ အစည်းအဝေးမှာ ၂၀၂၀ ပြည့်နှစ် မတိုင်ခင်မှာ အာရှ ပစိဖိတ်ဒေသ လွတ်လပ်စွာ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု အကောင်အထည်ဖေါ်ဆောင်ရေး ရည်မှန်းချက်ကို တင်ပြခဲ့ကြောင်း၊ ၂၀၁၀ ပြည့်နှစ်က ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ အေပက်အစည်းအဝေးမှာလည်း ဒေသတွင်း စီးပွါးရေး တပြေးညီ ဖြစ်စဉ် တွန်းအားပေးရေးကိစ္စကို အလေးထား ဆွေးနွေးခဲ့ပြီး အာရှ ပစိဖိတ်ဒေသ လွတ်လပ်စွာ ကုန်သွယ်ရေးဇုန်ဟာ အနာဂတ် ဦးတည်ချက် ဖြစ်တယ်လို့လည်း ဖေါ်ပြ ခဲ့ကြောင်း၊ ဒီအကြိမ် အေပက်အစည်းအဝေးမှာ လွတ်လပ်စွာ ကုန်သွယ်ရေးဇုန် လက်တွေ့ကျ ထူထောင်ရေး လုပ်ငန်းကို တွန်းအားပေးမှာ ဖြစ်ကြောင်း သိရပါတယ်။

ကျွမ်းကျင်ပညာရှင်များက၊ တညီတညွတ်တည်း ဖြစ်ပြီး သက်ညှာထောက်ထားတဲ့၊ တံခါးဖွင့်ပြီး အပြန်အလှန် အကျိုးရှိတဲ့ အာရှ ပစိဖိတ်ဒေသ လွတ်လပ်စွာကုန်သွယ်ရေးဇုန် ထူထောင်ခြင်းဟာ အဖွဲ့ဝင် စီးပွါးရေးအုပ်စုများကို ပိုမိုများပြားတဲ့ အကျိုးစီးပွါးကို ခံစားစေနိုင်မှုာ ဖြစ်ကြောင်း၊ လက်ရှိ အာရှ ပစိဖိတ်ဒေသက လွတ်လပ်တဲ့ကုန်သွယ်ရေးဇုန်တွေထဲဟာ မတူခြားနားတဲ့ စံချိန်စံနှုန်း ကိုယ်စီရှိပြီး ကုန်ပစ္စည်းများ သွက်လက်စွာ စီးဆင်းမှု အပေါ် အဟန့်အတား ဖြစ်စေနေကြောင်း၊ ဒါကြောင့် ညီညွတ်ပြီး တံခါးဖွင့်တဲ့ အာရှ ပစိဖိတ်ဒေသ လွတ်လပ်စွာ ကုန်သွယ်ရေးဇုန် တည်ထောင်ခြင်းဟာ ဈေးကွက်ရှင်သန်ရေးနဲ့ စီးပွါးရေး အကျိုးဖြစ်ထွန်းရေး ဆိုင်ရာ ရည်မှန်းချက်များနဲ့ ကိုက်ညီပါကြောင်း ယူဆကြပါတယ်။

ငွေကြေးအကျပ်အတည်း ဖြစ်ပွါးခဲ့ပြီးနောက် အေပက်အဖွဲ့ဝင် စီးပွါးရေး အုပ်စုများဟာ စီးပွါးရေး တိုးတက်မှု နှေးကွေးလာတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရကြောင်း၊ တစ်ဖက်မှာ ထွန်းသစ်စ စီးပွါးရေးအုပ်စုများရဲ့ စီးပွါးရေး မြန်နှုန်းမြှင့် ဖွံ့ဖြိုးတိုးတက်ရေး အဆင့်ကာလ ပြီးဆုံးပြီ ဖြစ်ပြီး ကြမ်းတမ်းတဲ့ ဖွံ့ဖြိုးရေးအသွင်ပုံစံကို ပြုပြင်ပြောင်းလဲဖို့ လိုအပ် ပါကြောင်း၊ တစ်ဖက်မှာလည်း ရင့်ကျက်ပြီး ဈေးကွက်များရဲ့ နာလန်ပြန်ထူရေးဖြစ်စဉ်ဟာ နှေးကွေးပြီး ဖွံ့ဖြိုး တိုးတက်ရေး နယ်ပယ်သစ်တွေကို ရှာကြံဖို့ လိုအပ် ပါကြောင်း၊ အဲဒီ ပြဿနာတွေကို ဖြေရှင်းလိုရင် အေပက်အဖွဲ့ အတွင်းပိုင်းမှာ ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရမယ့်အပြင် အပြင်ပိုင်းမှာ တံခါးဖွင့်ရမှာ ဖြစ်ကြောင်း၊ အာရှ ပစိဖိတ် လွတ်လပ်စွာ ကုန်သွယ်ရေးဇုန် တည်ထောင်ခြင်းဟာ အဖွဲ့ဝင်စီးပွါးရေးအုပ်စုများအတွက် အတွင်းပိုင်း ပြုပြင်ပြောင်းလဲမှု ဖြစ်ပြီး ဈေးကွက်ကောင်းများ ဖန်တီးပေးနိုင်မယ့်အပြင် ကျွမ်းကျင်ပညာရှင်၊ ငွေရင်းနဲ့ သယံဇာတ ထောက်ပံ့မှုတွေကိုလည်း ဖန်တီးပေးနိုင်မှာ ဖြစ်ကြောင်း၊ ဒါ့အပြင် တံခါးဖွင့်ရေး အတွက် တည်ငြိမ်တဲ့ ပြင်ပ ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်မှာ ဖြစ်ကြောင်း ကျွမ်းကျင် ပညာရှင်တွေက သုံးသပ်ထားပါတယ်။

တရုတ်နိုင်ငံဟာ အာရှ ပစိဖိတ်ဒေသ စီးပွါးရေး တပြေးညီ ဖြစ်စဉ်ကို တလျှောက်လုံး အားပေးထောက်ခံပြီး တပြေးညီ ဖြစ်စဉ် တွန်းအားပေးရေးအတွက် အကျိုးရှိနိုင်မယ့် အစီအစဉ်မှန်သမျှ အပေါ် ပွင့်ပွင့်လင်းလင်း တံခါးဖွင့်ပေးမှာ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံဟာ အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံရေးဘဏ် ထူထောင်ရေးအတွက် တက်ကြွစွာ ငွေရင်းထုတ်ပေးခဲ့ကြောင်း သတင်းရရှိပါတယ်။

   Webradio