• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဥပဒေနဲ့ အညီ စီမံအုပ်ချုပ်မှု တည်ဆောက်ရေး ဆိုင်ရာ တရုတ်ပုံစံ နိုင်ငံအသီးသီး အသိအမှတ်ပြုမှာလို့ တရုတ် ယုံကြည်

(GMT+08:00) 2014-10-31 17:00:27

တရုတ် ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ တရားရေး စနစ် ပြုပြင်ပြောင်းလဲမှု ဦးဆောင်အဖွဲ့ရုံးမှ တာဝန်ခံ ကျန်းဝေက မနေ့ ၃၀ရက်နေ့က ပြည်တွင်း ပြည်ပ မီဒီယာတွေကို ၁၈ကြိမ်မြောက် တရုတ် ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ စတုတ္ထ အကြိမ် မျက်နှာစုံညီ အစည်းအဝေးရဲ့ သက်ဆိုင်ရာ အတည်ပြုပြဌာန်းချက်ပါ အရေးကြီး ဆောင်ရွက်ချက်တွေကို သေသေချာချာ မိတ်ဆက်ပေးခဲ့တယ်။ သူက တရားရေး နယ်ပယ် ဆိုင်ရာ အတည်ပြု ဆုံးဖြတ်ချက်ဟာ တရားရေး စီမံအုပ်ချုပ်မှု စနစ်နဲ့ တရားရေး အာဏာ ကျင့်သုံးရေး စနစ် ပြုပြင်ပြောင်းလဲရေး  ဇောက်ချပြုလုပ်ခြင်းကို လေးနက်စွာ ဖော်ဆောင်ပေးပြီး ဘက်ပေါင်းစုံရှိခြင်း၊ ရည်မှန်းချက်ရှိခြင်းနဲ့ လက်တွေ့လုပ်နိုင်ချေကို အလေးထားကြောင်း၊ ဥပဒေနဲ့ အညီ စီမံအုပ်ချုပ်မှု တည်ဆောက်ရေး ဆိုင်ရာ တရုတ်ပုံစံကို နိုင်ငံအသီးသီးက အသိအမှတ်ပြုမယ်လို့ ယုံကြည်ကြောင်း ပြောကြားတယ်။

ဥပဒေနဲ့ အညီ နိုင်ငံတော် စီမံအုပ်ချုပ်မှု ဆိုင်ရာ အရေးကြီး လုပ်ငန်းကိစ္စများ ဘက်စုံ တွန်းအားပေးရေးနဲ့ ပတ်သက်ပြီး မကြာခင်က ၁၈ကြိမ်မြောက် တရုတ် ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ စတုတ္ထ အကြိမ် မျက်နှာစုံညီ အစည်းအဝေးရဲ့ အတည်ပြု ပြဌာန်းချက် အပေါ် နိုင်ငံ အသီးသီးတို့ဟာ အာရုံစိုက်ကြတယ်။ အဲဒါဟာ တရုတ် ကွန်မြူနစ်ပါတီရဲ့ သမိုင်းကြောင်းမှာ ဥပဒေနဲ့ အညီ စီမံအုပ်ချုပ်မှု တည်ဆောက်ရေး ဆိုင်ရာ ပထမဆုံး သီးသန့် အတည်ပြု ပြဌာန်းချက် ဖြစ်တယ်။

ကျန်းဝေက တရားရေး စနစ် ပြုပြင်ပြောင်းလဲမှု ဇောက်ချ ပြုလုပ်တာနဲ့အမျှ ဘက်စုံ အခြေအနေကို ထည့်သွင်းစဉ်းစားပြီး ဘက်ပေါင်းစုံကနေ စီမံခန့်ခွဲမှုကို အားသစ် လောင်းပေးရမှာ ဖြစ်ကြောင်း၊ တရားရေး စနစ် ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး အတည်ပြု ပြဌာန်းချက် အစီအစဉ်တွေဟာ တရားရေး ဆိုင်ရာ သမာသမတ်ကျရေး အပေါ် လူအများရဲ့ လိုအပ်မှုနဲ့ ပြုပြင်ပြောင်းလဲမှု ဇောက်ချပြုလုပ်ရေး အပေါ် လူအများရဲ့ မျှော်မှန်းချက်ကို အပြည့်အဝ ရောင်ပြန်ထင်ဟပ်နေကြောင်း၊ အဲဒီ အစီအစဉ်တွေဟာ တရားရေးဆိုင်ရာ သမာသမတ်ကျမှု အပေါ် ထိခိုက်မှု ရှိတဲ့(သို့) တရားရေး ကျင့်သုံးနိုင်စွမ်း အပေါ် ကန့်သတ်ချုပ်ချယ်မှု ရှိတဲ့ ဖြေရှင်းရ ခက်ခဲတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မှာ ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ရာမှာ သဘောတူညီမှု လွယ်ကူစွာ ရရှိနိုင်တဲ့ ကိစ္စတွေကို အရင် ဆောင်ရွက်ဖို့ လိုအပ်သလို ပြုပြင်ပြောင်းလဲနိုင်တဲ့ ကိစ္စတွေကို အရင် ဆောင်ရွက်ဖို့လည်း လိုအပ်ကြောင်း၊ အကျိုးသက်ရောက်မှုတွေ အမြန်ဆုံး ရရှိဖို့ ကြိုးပမ်းမှာ ဖြစ်ကြောင်း ပြောကြားတယ်။

လက်ရှိ တရားရေး အခြေအနေကို ကြည့်ရင် ပြည်သူတို့ဟာ တရားရေး စံညွှန်း၊ သမာသမတ်ကျမှုနဲ့ သန့်စင်မှု မရှိခြင်း အပေါ် များစွာ မကျေမနပ် ဖြစ်တယ်။ အထူးသဖြင့် မတရားပြစ်ဒဏ် ခံရတဲ့ အမှုနဲ့ တရားရေးမှာ ဝင်ရောက်စွက်ဖက်ခြင်း ကြိုတင် ကာကွယ်ရေး အပေါ် ပိုမို ကြီးမားတဲ့ မျှော်လင့်ချက် ရှိတယ်။ ဒါနဲ့ ပတ်သက်ပြီး ကျန်းဝေက မတရားပြစ်မှားဒဏ် ခံရတဲ့ အမှု ဖြစ်ပေါ်တဲ့ အကြောင်းရင်း အများကြီး ရှိကြောင်း၊ အဲဒီလိုအမှုတွေကို ကြိုတင်ကာကွယ်ဖို့ အတွက် ဆောင်ရွက်ချက် များစွာ ပြုလုပ်ဖို့ လိုကြောင်း၊ အတည်ပြု ပြဌာန်းချက်မှာ အစကတည်းက အဖြစ်မှန် ရှင်းလင်းပြတ်သားမှု မရှိတဲ့ အမှုနဲ့ အထောက်အထား မပြည့်စုံတဲ့ အမှုတွေကို စီရင်ဆုံးဖြတ်မှု အစီအစဉ်ထဲ မပါစေဖို့ ကြိုတင်ကာကွယ်ရမှာ ဖြစ်ကြောင်း၊ တရားရေး ဆောင်ရွက်မှုမှာ ခေါင်းဆောင်ကေဒါရဲ့ ဝင်ရောက်စွက်ဖက်ခြင်း ဆိုင်ရာ တင်ပြရေး၊ အကြောင်းကြားရေးနဲ့ အရေးယူရေး စနစ်၊ အမှုတွေမှာ တရားရေး လုပ်ငန်းဌာနက ဝန်ထမ်းရဲ့ ဝင်စွက်ခြင်းဆိုင်ရာ တင်ပြရေးနဲ့ အရေးယူရေး စနစ်ကို တည်ဆောက်ရမယ်လို့ ဖော်ပြကြောင်း ပြောကြားတယ်။

ဒါ့အပြင်၊ သူက ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ရာမှာ ဥပဒေ အချို့ကို ပြင်ဆင်ပေးဖို့ လိုအပ်ရင် ဥပဒေကို အရင် ပြင်ဆင်ပြီးမှ ပြုပြင်ပြောင်းလဲမှုကို ဆောင်ရွက်ဖို့ လိုကြောင်း၊ ပြုပြင်ပြောင်းလဲမှုကို အကြောင်းပြုပြီး လက်ရှိ ဥပဒေတွေကို ဖောက်ဖျက်မှု မလုပ်ရကြောင်း ပြောကြားတယ်။

   Webradio