• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝန်ကြီးချုပ်လီခေ့ချန် APECဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေး သို့တက်ရောက်မည့်ကိုယ်စားလှယ်အဖွဲ့ဥက္ကဋ္ဌများနှင့်တွေ့ဆုံ

(GMT+08:00) 2014-10-22 16:24:02

    တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ်လီခေ့ချန်သည် ယမန်နေ့ ၂၁ရက်နေ့ညနေ့ပိုင်းက ပြည်သူ့ခန်းမဆောင်ကြီး၌ ၂၁ကြိမ်မြောက် APECဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေးတွင် ပါဝင်မည့် ကိုယ်စားလှည်အဖွဲ့ဥက္ကဋ္ဌများနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

    ဝန်ကြီးချုပ်လီခေ့ချန်က တရုတ်ပြည်၏စီးပွါးရေးအပေါ် ယုံကြည်စိတ်ရှိပြီး စိန်ခေါ်မှုများကိုလည်း ဂရုစိုက်နေကြောင်း ယခုနှစ်လုပ်ငန်းတာဝန်များကို အားမာန်ပြည့်ဖြိုးစွာ အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ တရုတ်ပြည်သည် အာရှပစိဖိတ်ဒေသ၏စီးပွါးရေးဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကိုတွန်းအားပေးရန် ကြိုးပမ်းအားထုတ်နေပြီး ယခုအကြိမ် APECဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေးက ဒေသတွင်းစီးပွါးရေးဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးနှင့်ဖွံ့ဖြိုးရေးအတွက် နည်းလမ်းရှာကြံရရန်နှင့် ဒေသတွင်း စီးပွါးရေးနယ်ပယ်တွင် ထိရောက်သောပူးပေါင်းဆောင်ရွက်မှုကို အားသစ်လောင်းပေးရန်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

 

   Webradio