|
||||||||
|
|||||||||||||
တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးမှ ဇာတ်ကားနှင့် တီဗီကားဌာနနှင့် မြန်မာ ရွှေသံလွင်မီဒီယာအဖွဲ့တို့သည် ယမန်နေ့ ၁-ရက်နေ့က ရန်ကုန်မြို့၌ တီဗီကားနှင့် မှတ်တမ်းတင်ကား ပေးအပ်ခြင်း သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ကြပါသည်။ တရုတ်ပြည်ကို နားလည်ခံစားခြင်း ဟူသော တရုတ်-မြန်မာ ဆွေးမျိုးပေါက်ဖော် ချစ်ကြည်ရေး အကြီးစား ယဉ်ကျေးမှု ဖလှယ်ပွဲသို့ တက်ရောက်ရန် ရန်ကုန်မြို့၌ ရောက်ရှိနေသည့် တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေး ဒုဥက္ကဋ္ဌ ဆွေးယွိယင်သည် စာချုပ်ချုပ်ဆိုပွဲသို့ တက်ရောက်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။
တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံး ဒုဥက္ကဋ္ဌ ဆွေးယွိယင်အား မြန်မာ Sky Net ဝန်ထမ်းက ပန်းစည်းပေးအပ်စဉ်
သဘောတူစာချုပ် ချုပ်ဆိုပွဲသို့ တက်ရောက်သည့် တရုတ်သံအမတ်ကြီး ယန်ဟုတ်လန်နှင့် လင်နဲ့မယားလျှာနဲ့သွား
ဇာတ်လမ်းတွဲထဲမှ မြန်မာ အသံ သရုပ်ဆောင်များနဲ့ တရုတ်-မြန်မာဝန်ထမ်းများ
ဒုဥက္ကဋ္ဌ ဆွေးယွိယင်ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ လင်နဲ့မယားလျှာနဲ့သွား
ဇာတ်လမ်းတွဲထဲမှ မြန်မာ အသံ သရုပ်ဆောင်များနဲ့ တရုတ်-မြန်မာဝန်ထမ်းများ
ဒုဥက္ကဋ္ဌ ဆွေးယွိယင်နှင့် လင်နဲ့မယားလျှာနဲ့သွား ဇာတ်လမ်းတွဲထဲမှ မြန်မာ အသံ သရုပ်ဆောင်များ နှုတ်ဆက်နေစဉ်
|