• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် အဋ္ဌမအကြိမ်မြောက် အရှေ့အာရှ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်

(GMT+08:00) 2013-10-11 16:13:16

    တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန်သည် ယမန်နေ့ ၁၀-ရက်နေ့က ဘရူးနိုင်းနိုင်ငံ ဘန်ဒါ-စယ်ရီ-ဘီဂါဝန်မြို့၌ ကျင်းပသော အဋ္ဌမ အကြိမ်မြောက် အရှေ့

အာရှ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

အာဆီယံ အဖွဲ့ဝင်ဆယ်နိုင်ငံ၊ တောင်ကိုးရီးယား၊ ဂျပန်၊ အမေရိကန်၊ ရုရှား၊ အိန္ဒိယ၊ သြစတြေးလျားနှင့် နယူးဇီလန်စသည့် နိုင်ငံများမှ ခေါင်းဆောင်နှင့် ကိုယ်စားလှယ်တို့သည်လည်း ယင်းအစည်းအဝေးသို့ တက်ရောက်ပြီး အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေး ဖွံ့ဖြိုးတိုးတက်မှု၊ သက်ဆိုင်ရာ နိုင်ငံတကာ ဒေသတွင်းပြဿနာများ၊ တစ်ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း သတင်းအရ သိရပါသည်။

 

   Webradio