• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၆-ကြိမ်မြောက် တရုတ်-အာဆီယံ ထိပ်သီး အစည်းအဝေး ကျင်းပရာ ဝန်ကြီးချုပ် လီခေ့ချန်-က တရုတ်-အာဆီယံ ၂+၇ ပူးပေါင်းဆောင်ရွက်ရေး မူဘောင်ကို တင်ပြ

(GMT+08:00) 2013-10-10 17:19:19

 

 

တရုတ် နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်-က မနေ့ ၉-ရက်နေ့ ညနေပိုင်းက ဘရူနိုင်း-နိုင်ငံ ဘန်ဒါ-ဆယ်ရီ-ဘီဂါဝမ်-မြို့တော်မှာ ကျင်းပတဲ့ ၁၆-ကြိမ်မြောက် တရုတ်-အာဆီယံ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ခဲ့ရာ အနာဂတ် တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ပတ်သက်ပြီး ၂+၇ ပူးပေါင်းဆောင်ရွက်ရေး မူဘောင်ကို တင်ပြပါတယ်။ ဝန်ကြီးချုပ် လီခေ့ချန်-က အိမ်နီးချင်းကောင်း မိတ်ဆွေဖြစ် ဆက်ဆံရေးဟာ တရုတ်နဲ့ အာဆီယံတို့ရဲ့ ပူးပေါင်းဆောင်ရွက်ရေးအတွက် အလွန်အရေးကြီးလို့ အဲဒီဆက်ဆံရေးကို စွဲစွဲမြဲမြဲ စွဲကိုင်ရကြောင်း၊ တရုတ်-အာဆီယံ အကျိုးတူ အကျိုးစီးပွါးကို တိုးပွါးစေပြီး ဒေသတွင်း နိုင်ငံများက ပြည်သူများအား နှစ်ဖက်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုမှ ရရှိတဲ့ အကျိုးစီးပွါးကို ကျယ်ကျယ်ပြန့်ပြန့် ခံစားနိုင်စေမှာ ဖြစ်ကြောင်း ပြောကြားပါတယ်။

ဒီနှစ်ဟာ တရုတ်-အာဆီယံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှု ထားရှိခဲ့တဲ့ ၁၀-နှစ် ပြည့်မြောက်နှစ် ဖြစ်ပါတယ်။ အစည်းအဝေး မကျင်းပခင်မှာ ဝန်ကြီးချုပ် လီခေ့ချန်-နဲ့ အာဆီယံ ၁၀-နိုင်ငံမှ ထိပ်သီးခေါင်းဆောင်တို့ဟာ အထိမ်းအမှတ် ကိတ်မုန့်လှီးတဲ့ အခမ်းအနားသို့ အတူတကွ တက်ရောက် ထောပနာပြုကြပါတယ်။ ဝန်ကြီးချုပ် လီခေ့ချန်-က နှစ်ဖက်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ အောင်မြင်မှုများစွာ ရရှိခဲ့တဲ့ အကြောင်းရင်းမှာ အပြန်အလှန် ယုံကြည်မှု၊ လက်တွေ့ဆောင်ရွက်မှုနဲ့ သက်ညှာထောက်ထားမှုရှိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်လို့ ပြောကြားပါတယ်။

သူက လက်ရှိအချိန်က နိုင်ငံ အသီးသီးတို့က အေးချမ်းတည်ငြိမ်တဲ့ ပြင်ပ အခြေအနေကို မိုပြီး လိုအပ်သလို ကိုယ့်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု အတွက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုရင်းနှီးစွာ ပြုလုပ်ဖို့၊ အပြန်အလှန် ဆက်ဆံမှုကို ပိုမိုရေရှည်တဲ့ အမြင်နဲ့ ရှုမြင်ဖို့၊ မိသားစုလို  တက်ညီလက်ညီနဲ့ အနာဂတ်ကို ဖန်တီးပေးဖို့လည်း လိုအပ်ပါတယ်လို့ ပြောကြားပါတယ်။

၂+၇ ပူးပေါင်းဆောင်ရွက်ရေး မူဘောင် ဆိုတာဟာ အနာဂတ် တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရေး အထွေထွေ အကြုံပြုချက် ဖြစ်ပါတယ်။ အဲဒီ ၂+၇ ပူးပေါင်းဆောင်ရွက်ရေး မူဘောင်မှာ နိုင်ငံရေး သဘောတူညီချက် ၂-ချက်နဲ့ ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ် ၇-ခုတို့ ပါရှိပြီး လာမယ့် ၁၀-နှစ် အတွင်း နှစ်ဖက်တို့ရဲ့ ပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုကျယ်ပြန့်နက်ရှိုင်းစွာ ဖွံ့ဖြိုးတိုးတက်စေပါမယ်လို့ ဝန်ကြီးချုပ် လီခေ့ချန်-က ပြောကြားပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ် လီခေ့ချန်-က ကျွန်တော်တို့ဟာ သဘောတူညီချက် ၂-ချက်ကို တစ်ဆင့်တိုး အားသစ်လောင်းပေး သင့်ကြောင်း၊ အဲဒီ သဘောတူညီချက် ၂-ချက်မှာ တစ်ချက်ဟာ ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးဖို့ အခြေခံအုတ်မြစ်ဟာ မဟာဗျူဟာ ဆိုင်ရာ အပြန်အလှန် ယုံကြည်မှုကို နက်ရှိုင်းစေခြင်းနဲ့ အိမ်နီးချင်းကောင်း မိတ်ဆွေဖြစ် ဆက်ဆံမှုကို တိုးချဲ့ခြင်းတို့ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ပူးပေါင်းဆောင်ရွက်မှု ဇောက်ချပြုလုပ်ဖို့ သော့ချက်ဟာ စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှု အပေါ် အာရုံစိုက်ခြင်းနဲ့ အပြန်အလှန် အကျိုးရှိစေရေးကို တိုးမြှင့်ရေးတို့ ဖြစ်ပါတယ်။

အဲဒီ ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ် ၇-ခုမှာ တရုတ်-အာဆီယံနိုင်ငံများ အိမ်နီးချင်းကောင်း မိတ်ဆွေဖြစ် ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်ချုပ်ဆိုဖို့ တက်ကြွစွာ စူးစမ်းလေ့လာခြင်း၊ တရုတ်-အာဆီယံ လွတ်လပ်တဲ့ ကုန်သွယ်ရေးဇုန် အဆင့်တိုးမြှင့်ရေး လုပ်ငန်း စတင်ဆောင်ရွက်ခြင်း၊ အပြန်အလှန်ဆက်သွယ်ရေး ဆိုင်ရာ အခြေခံ အဆောက်အအုံ တည်ဆောက်မှုကို အရှိန်မြင့်စေခြင်း၊ ဒေသတွင်း ငွေကြေး ပူးပေါင်းဆောင်ရွက်မှုနဲ့ စွန့်စားမှု ကြိုတင်ကာကွယ်ရေးကို တိုးမြှင့်ရေး၊ အဏ္ဏဝါရေးရာ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ခြေလှမ်းမှန်မှန်နဲ့ တွန်းအားပေးခြင်း၊ လုံခြုံရေး နယ်ပယ်မှ ကူးလူးဖလှယ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ယဉ်ကျေးမှု၊ သိပ္ပံနည်းပညာ ဆိုင်ရာ ကူးလူးဖလှယ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရင်းနှီးစွာ ပြုလုပ်ခြင်းတို့ ပါရှိပါတယ်လို့ သိရပါတယ်။

ဒါ့အပြင်၊ တောင်ပင်လယ် အခြေအနေ၊ တောင်ပင်လယ်ပြင်မှာ လွတ်လပ်စွာ ခရီးသွားလာခြင်းနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် လီခေ့ချန်-က တောင်ပင်လယ်ပြင်မှာ ခရီးသွားလာခြင်းဟာ လွတ်လပ်လုံခြုံမှု ရှိပါတယ်။ နှစ်စဉ်နှစ်တိုင်းမှာ နိုင်ငံ အသီးသီးမှ ကုန်တင် သင်္ဘော အစင်း ၁-သိန်းကျော်ဟာ တောင်ပင်လယ်ပြင်မှာ ခရီးသွားလာနေပါတယ်။ တရုတ်ပြည် အနေနဲ့ ဒေသတွင်း နိုင်ငံများနဲ့ အတူ တောင်ပင်လယ်ပြင် ခရီးသွားလာရေး လွတ်လပ်မှုနဲ့ လုံခြုံမှု ထိန်းသိမ်းကာကွယ်ဖို့အတွက် ဆက်လက် အတူတကွ ကြိုးပမ်းဆောင်ရွက်လိုကြောင်း ပြောကြားပါတယ်။

အစည်းအဝေးမှာ တရုတ်-အာဆီယံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှု ထားရှိခဲ့တဲ့ ၁၀-နှစ် ပြည်မြောက်ခြင်း ပူးတွဲ ကြေညာချက်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

   Webradio