• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည်၊မြန်မာသမ္မတ၊မလေးရှာဝန်ကြီးချုပ်၊သြစတြေးလျားဝန်ကြီးချုပ်နှင့်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့နှင့်တွေ့ဆုံ

(GMT+08:00) 2013-10-10 16:53:12

တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ်-လီခေ့ချန်သည်၊ ယမန်နေ့ ၉-ရက်နေ့ညနေ ပိုင်းက ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ ဘန်ဒါဆရီ ဘီဂါဝန်မြို့၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ မလေးရှားနိုင်ငံဝန်ကြီးချုပ်နာဂျစ်ဘ်၊ သြစတြေးလျား နိုင်ငံဝန်ကြီးချုပ် တိုနီ-အာဘော့တ်၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်-ကယ်ရီတို့နှင့် အသီးသီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။

သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင်၊ ဝန်ကြီးချုပ် လီခေ့ချန်က၊ မြန်မာနိုင်ငံပြည်တွင်း အေးချမ်းသာယာရေးဖြစ်စဉ်တွန်းအားပေးရန် တရုတ်ပြည်က ထောက်ခံကြောင်း၊ တရုတ်ပြည် အနေနှင့်၊ နှစ်-နိုင်ငံနယ်စပ်ဒေသများအတွင်း အေးချမ်းတည်ငြိမ်ရေးအတွက် မြန်မာနိုင်ငံ နှင့်အတူလက်တွဲ ထိန်းသိမ်းသွားလိုကြောင်း၊ တရုတ်-အာဆီယံဆက်ဆံမှုဖွံ့ဖြိုး တိုးတက်ရာ၌ မြန်မာနိုင်ငံက အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်နိုင်ရန် တရုတ်ပြည်ကမျှော်လင့်ပါကြောင်းဖေါ်ပြသည်ဟုသိရပါသည်။

 

   Webradio