• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဒသမအကြိမ်မြောက်တရုတ်-အာဆီယံကုန်စည်ပြပွဲမှာ အောင်မြင်မှုများစွာရရှိ

(GMT+08:00) 2013-09-06 17:00:45

တရုတ်-အာဆီယံကုန်စည်ပြပွဲအဆင့်မြင့်အရာရှိများအစည်းအဝေးကို ဒီလ၅-ရက်နေ့ က နန်နင်းမြို့မှာ ကျင်းပခဲ့ပါတယ်။ တရုတ်ပြည်၊ အာဆီယံအဖွဲ့ဝင်၁၀-နိုင်ငံနဲ့ အာဆီယံ အတွင်းရေးမှူးရုံးက အဆင့်မြင့်အရာရှိများက အခုအကြိမ်ကုန်စည်ပြပွဲမှာ ရရှိခဲ့တဲ့ အောင်မြင်မှုများကို တန်ဖိုးထားချီးကျူးခဲ့ကြပါတယ်။

တရုတ်-အာဆီယံကုန်စည်ပြပွဲ အတွင်းရေးမှူးရုံးမှ အတွင်းရေးမှူးချုပ် ဇိန့်ကျွမ်ကျန့် ဟာ ဒသမအကြိမ်မြောက်တရုတ်-အာဆီယံကုန်စည်ပြပွဲသက်ဆိုင်ရာအခြေအနေနဲ့ လာ မယ့်အကြိမ်ကုန်စည်ပြပွဲအတွက် လုပ်ငန်းအဆိုပြုချက်တွေကို ဖော်ပြခဲ့ပါတယ်။ သူက၊ အခု အကြိမ်တရုတ်-အာဆီယံကုန်စည်ပြပွဲမှာ လှုပ်ရှားမှုတွေကို မူလလျားထားချက်အတိုင်း အောင်မြင်စွာ ကျင်းပခဲ့ကြောင်း၊ တရုတ်ပြည်နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ထိပ်သီး ခေါင်းဆောင်များဟာ ကုန်စည်ပြပွဲကို တက်ရောက်ကြပြီး နှစ်ဖက်အကြားချစ်ကြည်ရေး ဆက်ဆံမှု အဆင့်ကဏ္ဍသစ်သို့ ရှောက်ရှိဖို့ တွန်းအားပေးခဲ့ကြောင်း၊ ကုန်စည်ပြပွဲ ကျင်းပစဉ်အတောအတွင်း ထိပ်သီးခေါင်းဆောင်များနဲ့ လုပ်ငန်းရှင်များအကြား ကူးလူး ဖလှယ်ရေးလှုပ်ရှားမှုတွေကို ကျင်းပခဲ့ကြောင်း၊ တရုတ်-အာဆီယံကုန်စည်ပြပွဲ ကျင်းပခဲ့တဲ့ ၁၀-နှစ်ပြည့်မြောက်နှစ်အထိမ်းအမှတ်လှုပ်ရှားမှုတွေကို အောင်မြင်စွာ ကျင်းပခဲ့ကြောင်း၊ ကုန်စည်ပြပွဲရဲ့အကျိုးသက်ရောက်မှုဟာ တစ်ဆင့်တက်တိုးမြင့်လာကြောင်း၊ ၁၁-နိုင်ငံ အစိုးရတို့မှ အတူတကွတွန်းအားပေးခြင်းဖြင့် လုပ်ငန်းပေါင်းစုံတို့ဟာ ကုန်စည်ပြပွဲမှာ အတူတကွပါဝင်ပြီး ကုန်စည်ပြပွဲပူးတွဲကျင်းပရေးအဆင့်အတန်းကို တိုးမြင့်လာကြောင်း ပြောကြားခဲ့ပါတယ်။

တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန အာရှရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး လီအမ့် က၊ တရုတ်-အာဆီယံနှစ်ဖက်အကြား မဟာဗျူဟာမိတ်ဖက်ဆက်ဆံမှု ထားရှိခဲ့တဲ့၁၀-နှစ် ပြည့်မြောက်နှစ်နဲ့ တရုတ်-အာဆီယံကုန်စည်ပြပွဲကျင်းပခဲ့တဲ့ ၁၀-နှစ်ပြည့်မြောက်နှစ် ကျရောက်လာတဲ့အခါသမယမှာ အခုအကြိမ်ကုန်စည်ပြပွဲကျင်းပခြင်းဟာ ချစ်ကြည်ရေး ကူးလူးဖလှယ်မှု အားသစ်လောင်းပေးရေး၊ စီးပွားကုန်သွယ်ရေးနဲ့တခြားနယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုနက်ရှိုင်းစေရေး၊ အကျိုးသက်ရောက်မှုတိုးချဲ့ရေးစတဲ့ဘက်တွေမှာ အောင်မြင်မှုများထိထိရောက်ရောက်ရရှိကြောင်း၊ နိုင်ငံအသီးသီးက ထိပ်သီးခေါင်းဆောင် များဟာ အခုအကြိမ်ကုန်စည်ပြပွဲကို တန်ဖိုးထားချီးကျူးကြသလို နှစ်ဖက်ကုန်သွယ်ရေး လောကကလည်း တက်တက်ကြွကြွပါဝင်ခင်းကျင်းပြသကြကြောင်း၊ တရုတ်ဘက်အနေနဲ့ အာဆီယံနဲ့အတူ ကုန်စည်ပြပွဲပလက်ဖောင်းကို ပိုမိုခိုင်မြဲစေပြီး တစ်ဆင့်တက် ဖွံ့ဖြိုးတိုးတက်စေဖို့လည်းကောင်း၊ တရုတ်-အာဆီယံကုန်စည်ပြပွဲနဲ့ လွတ်လပ်တဲ့ကုန်သွယ် ရေးဇုန်နယ်အဆင့်မြှင့်တင်ရေးအတွက် ဝန်ဆောင်မှုပေးဖို့လည်းကောင်း၊ အတူတကွဖွံ့ဖြိုး တိုးတက်ရန်၊ အတူတကွစည်ပင်သာယာရန် တွန်းအားပေးဖို့လည်းကောင်း ကြိုးပမ်း ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိများဟာ မိန့်ခွန်းပြောကြားရာမှာ၊ တရုတ်ပြည်က ကုန်စည်ပြပွဲအတွက် ထိထိရောက်ရောက်ပြုလုပ်ခဲ့တာတွေကို ကျေးဇူး တင်ရှိပါကြောင်း ဖော်ပြကြတဲ့အပြင် ဒသမအကြိမ်မြောက်တရုတ်-အာဆီယံကုန်စည်ပြပွဲ၊ ကုန်သွယ်ရေးနဲ့ရင်းနှီးမြှုပ်နှံရေးထိပ်သီးအစည်းအဝေး အောင်မြင်စွာ ကျင်းပခြင်းကိုလည်း တန်ဖိုးထားချီးကျူးခဲ့ကြပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိများက၊ နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိတဲ့တရုတ်-အာဆီယံကုန်စည်ပြပွဲမှာ ဆန်းသစ်တီထွင်မှုရှိသလို နှစ်စဉ်နှစ်တိုင်း တိုးတက်အောင်မြင်မှုလည်း ရရှိကြောင်း၊ တရုတ်-အာဆီယံကုန်စည်ပြပွဲ ကတစ်ဆင့် ၁၁-နိုင်ငံတို့ဟာ ဆွေးနွေးပွဲကျင်းပမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတို့ကို ပိုမိုနက်ရှိုင်း လာကြောင်း ယူဆခဲ့ကြပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိများက၊ တရုတ်-အာဆီယံကုန်စည်ပြပွဲပူးတွဲကျင်းပရေးလုပ်ငန်းကို အစဉ်တစိုက်အားပေးထောက်ခံ မှာဖြစ်ကြောင်း၊ မိမိနိုင်ငံက ပိုမိုများပြားတဲ့လုပ်ငန်းရှင်များကို စည်းရုံးပြီး ကုန်စည်ပြပွဲမှာ ပါဝင်စေမှာဖြစ်ကြောင်း ပြောကြားခဲ့ကြပါတယ်။ ဒါ့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများက အဆင့်မြင့်အရာရှိများဟာ အပြုသဘောဆောင်တဲ့ယူဆချက်တွေကိုလည်း တင်ပြခဲ့ကြ ပါတယ်။

ဧကဒသမအကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို ၂၀၁၄-ခုနှစ်စက်တင်ဘာ လ၁၉-ရက်နေ့က ၂၂-ရက်နေ့အထိ တရုတ်ပြည်ကွမ်ရှီးကျွမ့်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသနန်နင်းမြို့မှာ ကျင်းပမှာဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံကို ဧကဒသမအကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲရဲ့ အဓိကပြသမယ့်နိုင်ငံအဖြစ် ရွေးချယ်ခဲ့ပြီဖြစ်ကြောင်း အစည်းအဝေးမှာ သတ်မှတ်လိုက်ပါတယ်။

   Webradio