• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဟာတရုတ်၊
အာဆီယံတို့ရဲ့သြဇာ အရှိန်အဝါကြီးမားစေ

(GMT+08:00) 2013-09-06 16:59:52

ဒသမအကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို ဒီနေ့ ၆-ရက်နေ့မှာ တရုတ်ပြည်ကွမ်ရှီးနန်နင်းမြို့မှာ ရုပ်သိမ်းလိုက်ပါတယ်။ အခုအကြိမ် ကုန်စည်ပြပွဲရဲ့ အဓိက ဆောင်ပုဒ်ဟာ ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ အခွင့်အခါသစ်၊ စွမ်းအားသစ်နဲ့ အဆင့်ကဏ္ဍသစ်တို့ဖြစ်ပါတယ်။ အခုအကြိမ်အစည်းအဝေးသို့ တက်ရောက်ကြတဲ့ တရုတ်နဲ့ အာဆီယံနိုင်ငံများမှ ကျွမ်းကျင်သူပညာရှင်တို့က၊ ကမ္ဘာ့စီးပွားရေးနာလန်ပြန်ထူဖို့ အားနည်းတဲ့ အခြေအနေမျိုးမှာ တရုတ်နဲ့အာဆီယံတို့ အနေနဲ့၊ အပြန်အလှန်အားကိုးပြီး၊ ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကို အားဖြည့်ပြုလုပ်ကြခြင်းဟာ တရုတ်၊ အာဆီယံတို့ရဲ့ သြဇာညောင်းမှုကိုမြှင့်တင်နိုင်မယ်လို့ ယူဆကြပါတယ်။

အခုအကြိမ်တရုတ်-အာဆီယံကုန်စည်ပြပွဲရဲ့ အဓိကဆောင်ပုဒ်နဲ့ ပတ်သက်ပြီး ပြောကြားရာမှာ တရုတ်လူမှုရေးသိပ္ပံပညာတံခွန်အသင်း အာရှ-ပစိဖိတ်ဒေသဌာန ပူးပေါင်း ဆောင်ရွက်မှုရေးရာ သုတေသနရုံးဥက္ကဋ္ဌဝမ်ယွိကျို့က၊

နိုင်ငံတကာအခြေအနေပြောင်းလဲနေသလို၊ ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ပတ်ဝန်းကျင်၊ တရုတ်-အာဆီယံဆက်ဆံမှုနဲ့ တရုတ်-အာဆီယံတို့ရဲ့ စီးပွားရေးတိုးတက်မှု ပုံစံတေလည်းပြောင်းလဲနေကြကြောင်း၊ ကျွန်တော်တို့ဟာ အပြန်အလှန်လိုအပ်မှုများ ပိုမိုများလာပြီး၊  ပူးပေါင်းဆောင်ရွက်ဖို့လည်းပိုလိုအပ်ပါကြောင်းပြောကြားပါတယ်။

ကမ္ဘောဒီးယားဘုရင့် သုတေသနဌာန နိုင်ငံတကာဆက်ဆံမှုကောလိပ် ပညာရှင် ကီ-စယ်ရယ်ဗါက၊ ဒေသဆိုင်ရာစီးပွားရေးတပေါင်းတစည်းတည်းဖြစ်စေရေးကို အကောင် အထည်ဖေါ်ဆောင်ခြင်းဟာ တစ်ကမ္ဘာလုံးရဲ့ ရှေ့အလားအလာဖြစ်ပြီး၊ တရုတ်နဲ့ အာဆီယံ တို့အနေနဲ့၊ အားသာချက်တွေကို အပြန်အလှန်ဖြည့်ဆည်းပြီး၊ အတူတကွဖွံ့ဖြိုးတိုးတက်ကြ ဖို့လိုကြောင်းယူဆပါ တယ်။သူက

လက်ရှိအချိန်မှာ၊ ဒေသဆိုင်ရာ စီးပွားရေးတပေါင်းတစည်းတည်းဖြစ်ဖို့ အကောင် အထည်ဖေါ်ဆောင်ခြင်းဟာ တစ်ကမ္ဘာလုံးရဲ့ ရှေအလားအလာဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ အနေနဲ့၊ အဲဒိမိသားစုကြီးမှာ မပါဝင်ရင်၊ နောက်ကျကျန်ရစ်သွားမှာဖြစ်ကြောင်း ပြောကြားပါ တယ်။

တရုတ်ပြည်ယူနန်ပြည်နယ် လူမှုရေးသိပ္ပံပညာတံခွန်အသင်း အရှေ့တောင်အာရှဒေသ သုတေသနဌာန မြန်မာရေးရာသုတေသီ မဒမ် ရွှံလိယင်းက၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အကြား အပြန်အလှန်ဆက်သွယ်ခြင်းနဲ့ တရုတ်၊အာဆီယံတို့အကြား အပြန်အလှန် ဆက်သွယ်ကြခြင်းတို့ဟာ၊ ဒေသဆိုင်ရာ စီးပွားရေးတပေါင်းတစည်းတည်းဖြစ်စေရေး၊ ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးနဲ့ ဒေသငယ်ပူးပေါင်းဆောင်ရွက်ရေးတို့ကို တွန်းအား ပေးဖို့အတွက် သော့ချက်ကျတဲ့ အခန်းကဏ္ဍမှ ပါဝင်ကြောင်းဖေါ်ပြပါတယ်။သူက

အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား၊ တရုတ်နဲ့အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား အပြန် အလှန်ဆက်သွယ်ကြခြင်းဟာ၊ ဒေသဆိုင်ရာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနဲ့ အပြန်အလှန်ဆက်စပ်ပြီး၊ အပြန်အလှန်အားသစ်လောင်းပေးကြောင်းပြောကြားပါတယ်။

၂၀၁၂-ခုနှစ် နှစ်ကုန်ပိုင်းက၊ အာဆီယံအဖွဲ့ဝင် ဆယ်-နိုင်ငံနဲ့ ၄င်းတို့ရဲ့ လွတ်လပ်တဲ့ ကုန်သွယ်ဖက်နိုင်ငံဖြစ်တဲ့ သြစတေးလျား၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ နယူးဇီလန်အပါအဝင် ၆-နိုင်ငံတို့ဟာ ဒေသဆိုင်ရာဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု ရေးရာစေ့စပ်ဆွေးနွေးပွဲတရားဝင်စတင်ကြောင်း ကြေညာခဲ့ပြီး၊ နိုင်ငံ ၁၆-နိုင်ငံတို့ကို သြဇာ လွှမ်းမိုးမယ့် လွတ်လပ်တဲ့ ကုန်သွယ်ရေးဇုန်နယ်တည်ဆောက်ရေးဖြစ်စဉ်ကို စတင်ခဲ့ပြီဖြစ် ပါတယ်။

   Webradio