• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဒသမအကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် တရုတ်ယွမ်ငွေ ဘီလီယံပေါင်း ၁၀၀-ကျော် တန်ဖိုးရှိသော သဘောတူစာချုပ်များကို ချုပ်ဆိုနေ

(GMT+08:00) 2013-09-05 17:13:48

    ယမန်နေ့ ၄-ရက်နေ့က ဒသမအကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ပြည်တွင်းပြည်ပ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းရပ်များ စာချုပ်ချုပ်ဆိုပွဲကို နန်နင်းမြို့၌ ကျင်းပခဲ့ပါသည်။ ယခုအကြိမ်ကုန်စည်ပြပွဲတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းရပ် ၇၃-ရပ်ကို စာချုပ်ချုပ်ဆိုပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ  ၈့၆-ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း၊ ပြည်တွင်း ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းရပ် ၉၄-ရပ်ကို စာချုပ်ချုပ်ဆိုပြီး စုစုပေါင်း တရုတ်ယွမ်ငွေ ၆၈့၁ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပ လုပ်ငန်းရပ်များအား စုစုပေါင်း တရုတ်ယွမ်ငွေ ဘီလီယံပေါင်း ၁၀၀-ကျော် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။

   Webradio