• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အချစ်ရေး၊ အိမ်ထောင်ရေး ကိစ္စတွေအတွက် တန်ခိုးကြီးတဲ့ ခရုနီ ဘုရားကျောင်း

(GMT+08:00) 2012-10-16 17:06:26

 

   

    ဟုန်လို ဘုရားကျောင်းက အခု ပိုလို့တောင် နာမည်ကြီးလာတယ်လေ။ ဟုန်လို ဆိုတာက တရုတ်လိုပါ၊ အဓိပ္ပါယ်ကတော့ ခရုနီ လို့ ဆိုရပါ မယ်ရှင်။ တကယ်ဆိုရင်တော့ အဲဒိ ခရုနီဘုရားကျောင်းဟာ အေဒီ၃၇၈ ခုနှစ်ကစပြီး တည်ထောင်ခဲ့တာပါ၊ အဲတုန်း ကတော့ ခရုနီဘုရားကျောင်းလို့ မခေါ်ပါဘူး၊ ဟုကိုဘုရားကျောင်းလို့ပဲ ခေါ်ပါတယ်၊ ဟုကို ဆိုတဲ့အဓိပ္ပါယ် ကတော့ ပြည်နယ်ခိုင်မြဲတည်တဲ့ တဲ့ အဓိပ္ပါယ်ပဲဖြစ် ပါတယ်။ သောတရှင်တို့ရေ ဟုကို ကနေ ခရုနီလို့ နာမည်ပြောင်း လာရတာလဲ ဆိုတဲ့ ပုံပြင်လေးရှိတယ်နော်။

    ဟိုရှည်ရှည်တုန်းက ကောင်းကင်ဘုံနတ်မင်းကြီးရဲ့ နတ်သမီးတွေထဲက အလှဆုံး နတ်သမီးလေး နှစ်ပါးဟာ လူ့ပြည်ကို တိတ်တိတ်လေး ဆင်းသက်လာပါတယ်။ လူ့ပြည်မှာနေတုန်း လူ့လောကကြီးရဲ့ အချစ်အကြောင်းတွေကို သိပြီး နတ်ပြည်ကို ပြန်ပြီးတော့ တောင် မကြွချင်တော့ဘူး၊ ဒါပေမဲ့ နတ်မင်းကြီးရဲ့ အပြစ် ပေးခြင်းခံရမှာကိုလည်း သူတို့က ကြောက်နေတယ် လေ။ ဒါကြောင့် နတ်သမီးလေး နှစ်ပါးဟာ ဟုကို ဘုရား ကျောင်း နားက ကန်အောက်မှာ အနီရောင်ခရုလေးတွေ အဖြစ် ပြောင်းလဲ ဖန်ဆင်းပြီး နေလိုက်ကြတယ်တဲ့လေ၊ အချိန်ကြာ လာတာနဲ့အမျှ အဲဒိဘုရားကျောင်းနားမှာ လူတွေက လမ်း လျှောက်ကြတဲ့အခါ ကန်အောက်နားက အနီရောင်အလင်း တွေ ထွက် ထွက်နေတာကို အမြဲတွေ့နေတာမို့ အရမ်းအံ့ သြကြပြီးတော့ စပ်စပ်စုစုနိုင်လွန်းတဲ့ သူတစ်ယောက်ဟာ ကန်အောက်ကိုဆင်းပြီးတော့ ကြည့်တဲ့အခါ ခရုနီလေး နှစ်ကောင်ကို တွေ့သတဲ့လေ၊ ဒါပေမဲ့ အဲဒိလူဟာ စိတ်ရင်း ကောင်းသူ ဖြစ်တဲ့အတွက် ခရုလေးတွေကို မဖမ်းခဲ့ဘဲ ကန်ပေါ်ကိုပဲ ပြန်တက်လာတယ်တဲ့၊ အဲဒိကနေ စပြီး ဟုကို ဘုရားကျောင်းကနေ ခရုနီ ဘုရားကျောင်းရယ်လို့ လူတွေ ခေါ်ဆိုကြရာမှ အခုလို ခရုနီ ဘုရားကျောင်းလို့ နာမည်တွင် လာတာပါတဲ့ရှင်၊ မူလ နာမည်ဖြစ်တဲ့ ဟုကို ဘုရားကျောင်း နာမည်ကနေ ခရုနီလို့ အများက ခေါ်လာကြတယ်လေ။      

ဘုရားကျောင်းအနားကသစ်တောလေးမှာ ရဟန်းကျောက်ရုပ်တုစုစုပေါင်း ၁၀၀ရှိပါတယ်၊ ရဟန်းတော်တစ်ပါးနဲ့တစ်ပါးရဲ့ ရုပ်တော်တွေက မတူကြဘူုးလေ၊ ရဟန်းတော် တိုင်းက အနီရောင် သင်္ကန်းတွေကို ရုံ ထားပါတယ်။ ဇင်မာက ဆောင်းရာသီ ဆီးနှင်းကျတဲ့အချိန်မှာ အဲနေရာကို သွားလည်ခဲ့တယ်လေ။ ဖြူဖြူဖွေးဖွေး သစ်တော်ကြီးထဲမှာ အနီရောင် သင်္ကန်းတွေ ရုံထားတဲ့ ရဟန်းတော်ရုပ်တွေက သိပ်ခန့်ညားပါတယ်။

   Webradio