• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

WTOအကြောင်း

(GMT+08:00) 2011-12-27 17:44:06

မေအားမာန်- ချစ်ခင်လေးစားရပါတဲ့ သောတရှင်များအားလုံး ကျန်းမာတော်မူကြပါစရှင်၊အခုဆိုရင်ဖြင့် အားမာန်တို့အစီအစဉ်လေးကို တင်ဆက်ဖို့အချိန်ကြရောက်လို့လာပါပြီနော်။

ဦးခင်မောင်ဝင်း- သောတရှင်များမင်္ဂလာညချမ်းပါခင်ဗျာ။

မေ--   ကဲ..ဦးခင်မောင်ဝင်းရေ ဇီးကုန်းဘုန်းဘုန်းရဲ့ စာလွှာလေးထဲမှာအားမာန်တို့အတွက် အားတက် စေမယ့် စကားလေးတွေရှိတယ်ရှင်၊

ဦး---   ဟုတ်ကဲ့၊ပြောပါဦးခင်ဗျာ၊ဘာအကြောင်းတွေများပါလဲ၊

မေ--   ဒီလိုပါရှင်၊ဘုန်းဘုန်းရေးလာတာက အားမာန်တို့ အခုအစီအစဉ်လေးရဲ့ ခေါင်းစဉ်လေးက ရိုးရိုး ယဉ်ယဉ်လေးနဲ့ အဓိပ္ပါယ်သိပ်ရှိတာပဲတဲ့၊ပြီးတော့လေ ဒီခေါင်းစဉ်းလေးနဲ့ဒီအစီအစဉ်စခဲ့တာ ဘယ် လောက်ကြာပြီလဲတဲ့ရှင်၊

ဦး---  ဟုတ်ကဲ့၊ဒါကတော့ ……..

မေ--  ပြီးတော့ မမစွဲ့ကြူကြူအေး စာထဲမှာကလည်း ဒီလိုရေးထားသေးတယ်လေ၊အခုဆိုရင် ပီကင်းမှာ သိပ်အေးတဲ့ဆောင်းရာသီရောက်နေပြီပေါ့တဲ့၊ဒါကြောင့် အားမာန်တို့အားလုံး နွေးနွေးထွေး ထွေးနေကြပါ၊ကျန်းမာရေးကိုအထူး အထူးဂရုစိုက်ဖို့ မေတ္တာ၊စေတနာအရင်းခံပြီး ဂရုတစိုက်နဲ့အားမာန် တို့ကိုပြောပေးလာတော့ အားမာန်လေ ကြည်နူးမှုတွေနဲ့အတူ မျက်ရည်လေးများတောင်ဝဲမိပါတယ်ရှင်၊ ဟုတ်ကဲ့ပါ မမရေ၊အားမာန်တို့အားလုံးမမကိုလေးစားချစ်ခင်ကျေးဇူးတင်ပါတယ်လို့ လေလှိုင်းကတစ် ဆင့်ပြောကြားလိုက်ပါရစေ။

ဦး---  ဟုတ်ကဲ့ပါခင်ဗျာ၊ကျေးဇူးအထူးတင်ရှိပါတယ်လို့ကျွန်တော်ကလည်းထပ်လောင်းပြောလိုက်ပါ တယ်။

မေ--  အားမာန်ရဲ့လေလှိုင်းကညီမလေးဖြစ်တဲ့ စွယ်ကျိုးရွာသူလေးသူသူက အားမာန်တို့လက်ကိုင် ကျင့်သုံးနေတဲ့ဆောင်ပုဒ်လေးများရှိရင်ပြောပြပေးပါတဲ့၊ဟုတ်ကဲ့ပါသူသူလေးရေ အားမာန်ကတော့ လေ ရတောင့်ရခဲလှတဲ့တိုတောင်းလွန်းလှတဲ့ဘ၀ခရီးကို ရိုးသားစွာကြိုးစားပြီး အောင်မြင်မှုတွေကိုရယူ နိုင်အောင် လုပ်တတ်ပါတယ် သူသူလေးရယ်။ဦးခင်မောင်ဝင်းကလည်း သူသူလေးနားဆင်ချင်နေတဲ့ လက်ကိုင်ဆောင်ပုဒ်လေးကိုပြောပြပါဦးနော်။

ဦး---  ဟုတ်ကဲ့၊ကျွန်တော်လက်ကိုင်ကျင့်သုံးနေတာကတော့………….

မေ--  ကဲဒါဆို ဒီနေ့အားမာန်တို့ပြောကြမယ့် အကြောင်းအရာက ဘာတွေလည်းဆိုတာကိုလေလှိုင်း ကတစ်ဆင့် ချစ်ရတဲ့သောတရှင်တွေလည်းစောင့်မျှော်နေကြပြီဆိုတော့ အားမာန်တို့အစီအစဉ်လေးကို စလိုက်ကြပါစို့လားရှင်။

ဦး---  ကောင်းတာပေါ့ဗျာ။

မေ--  ဒီတစ်ပတ်တော့ ပူပူနွေးနွေးအကြောင်းအရာလေးတစ်ခုကိုတင်ဆက်ပေးရင်ကောင်းမယ်နော်၊

ဦး--- ဟုတ်လား၊လုပ်စမ်းပါဦးဗျာ။အေးနေတဲ့ရာသီမှာ ပူပူနွေးနွေးလေးဆိုတော့ပိုလိုက်ဖက်တာပေါ့ဗျ၊

မေ-- ဟုတ်ကဲ့၊ဒီတစ်ပတ်အားမာန်တို့ပြောမယ့် ခေါင်းစဉ်လေးကတော့ တရုတ်နိုင်ငံဟာ ကမ္ဘာ့ကုန် သွယ်ရေးအဖွဲ့(WTO)မှာပါဝင်ခဲ့တာ ဆယ်နှစ်ပြည့်မြောက်ခြင်း အကြောင်းလေးပဲဖြစ်ပါတယ်ရှင်။

အဲဒိအထိမ်းအမှတ်အခမ်းအနားကို ဒီလ(၁၁)ရက်နေ့က ပီကင်းမြို့ရဲ့ပြည်သူ့ခန်းမဆောင်ကြီးမှာ ကျင်းပ ခဲ့တယ်မဟုတ်လားရှင်၊တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ဟူးကျင်ထောင်းက အဲဒိဖိုရမ်မှာ ပြောခဲ့တာက နောင် မှာလည်းတရုတ်ပြည်ဟာ ပိုမိုကျယ်ပြန့်တဲ့တံခါးဖွင်းရေးမူဝါဒတွေနဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို  နောက်မဆုတ်တမ်း ကြိုးစားလုပ်သွားမှာပါတယ်လေ၊

အဲဒီလို တံခါးဖွင့်ရေးမူဝါဒတွေနဲ့ကိုက်တဲ့ စီးပွားရေးစနစ်တွေကိုလည်း ပိုပိုပြီးကောင်းသထက်မွန်လာ အောင်လုပ်မှာဖြစ်သလို၊ဖွံ့ဖြိုးတိုးတက်ရေး၊ပြုပြင်ပြောင်းလဲရေးနဲ့ဆန်းသစ်တီထွင်ရေးတို့ကိုလည်း ဆက်လက်အားပေးသွားပါမယ်တဲ့လေ။ပြီးတော့ အဲအဖွဲ့ထဲကိုဟိုးလွန်ခဲ့တဲ့(၁၀)ကတည်းကတရားဝင် ၀င်ရောက်နိုင်ခဲ့တာဟာလည်း တရုတ်ပြည်ရဲ့တံခါးဖွင့်ရေးလုပ်ငန်းဟာ သမိုင်းမှတ်တိုင်ရဲ့အဆင့်သစ် နေရာကို အရောက်လှမ်းနိုင်နေပြီဆိုတာကိုပြသနေပါတယ်တဲ့၊

အဲဒိအဖွဲ့မှာ တရုတ်ပြည်ပါဝင်ခဲ့ပြီးတော့ ရပိုင်ခွင့်၊ခံစားပိုင်ခွင့်များကို ခံစားနေတာနဲ့အညီ လိုက်နာ ဆောင်ရွက်ရမယ့်တာဝန်ဝတ္တရားများကိုလည်း ကျေပြွန်စွာလိုက်နာခဲ့ပါတယ်တဲ့၊ကိုယ့်တိုင်းပြည် ဖွံ့ဖြိုး တိုးတက်စေရေးသာမကပဲ နိုင်ငံတကာအကျိုးတူဖွံ့ဖြိုးတိုးတက်ဖို့ကိုလည်းအားပေးကူညီဆောင်ရွက်ခဲ့ ပါတယ်တဲ့လေ၊နောက်ပြီးပြောသေးတာက တရုတ်နိုင်ငံဟာတဲ့သွင်းကုန်၊ပို့ကုန်နှစ်ခုစလုံးကို အလေး ထားပြီ့းဆောင်ရွက်သွားပါမယ်တဲ့၊

ဦး--- ဟုတ်ပါတယ်၊တရုတ်ပြည်ကအဲအဖွဲ့ထဲမ၀င်ခင်တုန်းက အိမ်သုံးလျှပ်စစ်ပစ္စည်းထုတ်လုပ်တဲ့စက် ရုံနဲ့ကုမ္ပဏီတွေတစ်ရာကျော်ရှိတယ်၊အခုဆိုရင်တော့ တောင့်မခံနိုင်တဲ့စက်ရုံတွေ၊ကုမ္ပဏီတွေဟာဆို ရင်တခြားအလုပ်တွေကိုပြောင်းလုပ်နေကြပြီ၊တောင့်ခံနိုင်တဲ့ကုမ္ပဏီ(၂၀)ကျော်ပဲကျန်ခဲ့ပါတယ်၊

မေ-- အဲဒါကဘာဖြစ်လို့လဲဆိုတာကိုသောတရှင်တွေသေချာသိရအောင်ပြောပါဦးလေ၊

ဦး--- ပြောပါမယ့်ဗျာ၊ဘာလို့လဲဆိုတော့ အဲအဖွဲ့ကိုဝင်ပြီးတဲ့နောက် အကောက်ခွန်ကင်းလွတ်ခွင့်ပေးရ မယ်၊နိုင်ငံခြားကုမ္ပဏီတွေဝင်လာရင် အခွန်ပေးရမယ်၊အဖွဲ့ဝင်နိုင်ငံအချင်းချင်းအခွန်မကောက်ဘူး၊မဖြစ် မနေကောက်ရမယ်ဆိုရင်လည်း အခွန်လျှော့ချပေးရမယ်လေ။

မေ-- အားမာန်သိထားတာကတော့ လျှပ်စစ်ပစ္စည်းတွေအရမ်းဈေးချိုသွားတယ်နော်၊အရင်တုန်းကဆို ရင်နိုင်ငံခြားပစ္စည်းတွေပြည်တွင်းမှာနည်းတယ်မဟုတ်လား၊ပြီးတော့စီပွားပြိုင်ဘက်တွေလည်းမရှိဘူး ဆိုတော့ဈေးကြီးပေးဝယ်ရတာပေါ့၊အဲအဖွဲ့ကိုဝင်ပြီးတော့ ပြိုင်ဘက်တွေလည်းများလာပြီလေ၊ဒါဆိုအ ပြိုင်ဈေးလျှော့ရောင်းလာကြတာပေါ့။သုံးစွဲသူတွေအတွက်တော့ အတော်လေးကောင်းသွားတယ်ရှင်၊

အရင်ကတရုတ်ပြည်မှာဆိုရင်ဂျပန်ပစ္စည်းတွေများတယ်ဆို၊

ဦး--- ဟုတ်ပါတယ်၊အခုဆိုရင်တော့ နိုင်ငံတကာကပစ္စည်းတိုင်းက၀ယ်ယူသုံးစွဲနေပါပြီ။

မေ-- ပြီးတော့လေ၊အစတုန်းကဆိုတဲ့ တရုတ်ပြည်ကလူတွေက နိုင်ငံခြားကိုခရီးသွားဖို့ဆိုရင် ဟောင် ကောင်နဲ့မကာအိုအပါ ခုနစ်နိုင်ငံပဲသွားလို့ရတယ်ဆို။

ဦး--- ဟုတ်ပါတယ်။အခုဆိုရင်တော့ဥရောပနိုင်ငံတွေကတောင် တရုတ်ခရီးသည်တွေကိုကြိုဆိုနေပြီ။

မေ-- ဟုတ်တယ်နော်၊အားမာန်သိတာလေးပြောဦးမယ်နော်၊ပင်စင်ယူပြီးတဲ့ ဖိုးနဲ့ဖွားလင်မယားနှစ် ယောက်က ဗင်းနစ်မြို့ကိုသွားလည်တဲ့အခါ အဲမြို့ရဲ့သာယာလှပတဲ့တံတားပေါ်မှာ(တံတားနာမည်တော့) သတိမရတော့ဘူးနော်၊တရုတ်ခရီးသည်အဖွဲ့(၃)ဖွဲ့တောင်တွေ့ခဲ့တယ်တဲ့၊ပထမတော့အဲဒိဖိုးနဲ့ဖွားကအဲ အဖွဲ့တွေက ဘယ်နိုင်ငံကမှန်းမသိသေးလို့ ပြင်သစ်လိုပဲနှုတ်ဆက်တာပေါ့နော်၊ဒါပေမဲ့ သူတို့ဆီက ဘာမှပြန်မနှုတ်ဆက်တော့ သူတိုလည်းနောက်တစ်ခါ တရုတ်လို နီဟောင် လို့နှုတ်ဆက်တော့မှ သူတို့ ကလည်းပြန်နှုတ်ဆက်တယ်တဲ့လေ၊အဲဒါကြောင့် တရုတ်အဖွဲ့တွေမှန်းသိခဲ့ရတယ်တဲ့။

ဦး--- ဟုတ်ပါတယ်၊တရုတ်ပစ္စည်းတွေကလည်းဈေးကွက်ဖွင့်လာတယ်၊နိုင်ငံနဲ့ဒေသတော်တော်များ များကိုလည်းသွားလို့လာလို့ရလာတာဟာ ဒီအဖွဲ့ထဲဝင်ခဲ့တာကြောင့်ပေါ့ဗျာ။

မေ-- အကျိုးခံစားမှုအနေနဲ့ကြည့်မယ်ဆိုရင်လည်း တိုင်းသူပြည်သားတွေအတွက်အများကြီးခံစားနိုင် ခဲ့တယ်နော်၊ပြီးတော့ တရုတ်နိုင်ငံသားတစ်ယောက်အဖို့ တခြားနိုင်ငံတွေကိုဝင်ဖို့၊ထွက်ဖို့အရမ်းကို လွယ်ကူလာတယ်၊ဥပမာတစ်ခုအနေနဲ့ပြောမယ်နော်၊ဖိလစ်ပိုင်နိုင်ငံကိုသွားမယ်ဆိုပါစို့၊ ဗီဇာတွေဘာ တွေကြိုလုပ်စရာမလိုပါဘူးလေ၊အဲရောက်မှ လုပ်လို့ရပါတယ်တဲ့၊

ဦး--- ကျွန်တော်နိုင်ငံဟာ အဲအဖွဲ့ထဲဝင်ဖို့ဆိုတာကလည်း လွယ်လွယ်နဲ့ရခဲ့တာတော့မဟုတ်ပါဘူးဗျာ။

မေ-- ဟုတ်တယ်လေ၊အဲဒိ အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ကိုခြောက်နှစ်၊ခုနစ်နှစ်လောက်ကြိုးစားခဲ့ရတယ်လို့ကြား ဖူးတယ်လေ၊ရှုရှနိုင်ငံဆို အခုထိတောင်အဲအဖွဲ့ထဲဝင်ဖို့ကြိုးစားနေတာ မရသေးဘူးတဲ့၊အဲအဖွဲ့ထဲဝင်ဖို့ ဆိုတာက ကိစ္စအမျိုးမျိုးကိုဘက်စုံထောင့်စုံကနေညှိုနှိုင်းမှုတွေကို ခက်ခက်ခဲခဲနဲ့လုပ်ခဲ့ရတယ်၊တရုတ် လူမျိုးအချို့က အဲအဖွဲ့ထဲဝင်လိုက်ရင် တရုတ်ပြည်ရဲ့ပစ္စည်းတွေဟာ၊နိုင်ငံခြားပစ္စည်းတွေကိုယှဉ်နိုင်ပါ့ မလားဆိုပြီး စိုးရိမ်မှုတွေရှိခဲ့တယ်နော်၊

ဦး--- ဟုတ်ပါတယ်၊ကိုယ့်ပစ္စည်းတွေများ အရေးနိမ့်ကုန်မလားဆိုတဲ့ စိုးရိမ်မှုတွေရှိခဲ့ပါတယ်၊ဒါပေမဲ့ အဲဒိစိုးရိမ်မှုတွေပြေလျော့စေလာပါတယ်။

မေ-- ဟုတ်တယ်နော်၊တရုတ်ပြည်ကအဲအဖွဲ့ကိုဝင်ပြီး(၅)နှစ်အတွင်းကတော့ ဘာပြသနာမှမပေါ်ခဲပေမဲ့၊နောက်(၅)နှစ်အတွင်းမှာတော့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ တိုင်တာပြုတာတွေဖြစ်လာခဲ့တယ်နော်၊

ဦး--- ဟုတ်ပါတယ်၊တရုတ်လူမျိုးတို့ရဲ့စိတ်ပေါ့လေ၊ရုံးပြင်ကနားသွားတဲ့ အလုပ်ကို မလုပ်ချင်ကြပါဘူး၊ဘာလို့ပဲဆိုတော့ ကိုယ်ကမှန်မှန်၊မှားမှား၊နိုင်နိုင်ရှုံးရှုံး အဲလို အမှုရင်ဆိုင်ရပြီဆိုတာနဲ့ကို အရှက်ရတယ်လို့ထင်ကြပါတယ်။

မေ-- ဟုတ်ပါတယ်၊အရင်တုန်းကတော့ တခြားနိုင်ငံတွေကို တိုင်လို့ရခဲ့ပေမဲ့လည်း မတိုင်ခဲ့ပါဘူး၊နောက်ပိုင်းတော့အတွေ့အကြုံတွေလည်းတဖြည်းဖြည်းရင့်ကျက်လာပြီ၊ စေ့စပ်ဆွေးနွေးပွဲတွေကလည်းအရည်အချင်းပိုပိုပြီးမြင့်လာတာဆိုတော့ ကိုယ့်နိုင်ငံ အကျိုးစီးပွားအတွက် ဘာလုပ်ရင်ဘယ်လောက်ကောင်းလာမလဲဆိုတာကိုသိလာ တယ်၊အရင်တုန်းက စိုးရိမ်မှုတွေဟာလည်းအခုမရှိတော့ဘူးနော်။

သောတရှင်များရွှင်လန်းချမ်းမြေ့ကြပါစေရှင်။

 

 

 

 

 

   Webradio