• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မေ့လို့မရတဲ့ရုပ်ရှင်

(GMT+08:00) 2011-11-18 19:03:19

                                   

မေအားမာန်- သောတရှင်များအားလုံး ကျန်းမာတော်မူပါစရှင်။

ဦခင်မောင်ဝင်း- သောတရှင်များမင်္ဂလာညချမ်းပါခင်ဗျာ။

မေ--  ဦးခင်မောင်ဝင်းရေ၊ဒီတစ်ပတ်တော့ အားမာန် အရင်ဆုံးလုပ်ချင်တဲ့ အလုပ်တစ်ခုရှိတယ်၊ သိလား။

ဦး---     ဘာအလုပ်များလဲ ခင်ဗျာ၊စိတ်ဝင်စားစရာပဲ၊ပြောပါဦးဗျာ။

မေ--     ဟုတ်ကဲ့၊ပြောရမှာပေါ့ရှင်။ဒီလိုလေ နိဗ္ဗာန်ဆော် အလုပ်လေး အရင်ဆုံး လုပ်လိုက်ကြ ရအောင်နော်။

ဦး---     ဟုတ်ကဲ့၊ကောင်းတာပေါ့ဗျာ။

မေ--      အခုဆိုရင် မြန်မာနိုင်ငံမှာ တရုတ်ပြည်၊ပီကင်းမြို့ကနေ ပင့်ဆောင်ထားတဲ့ ဗုဒ္ဓဘုရားရှင်ရဲ့ အထက်လက်ဝဲဘက် မြတ်စွယ်တော် ဟာနိုဝင်ဘာလ ၆ ရက်နေ့တည်းက ဒေသစာရီကြွချီအပူဇော်ခံ လျက်ရှိနေတာလေ၊

ဦး---    ဟုတ်တယ်၊အခု တစ်ချီကြွချီတာနဲ့ဆို ဘယ်နှကြိမ်လောက်ရှိပြီလဲ။

မေ--    ဟုတ်ကဲ့၊အခု တစ်ကြိမ် ကြွတာနဲ့ဆို လေးကြိမ်ပါ။ပထမဆုံးအကြိမ်က အားမာန်တို့တောင် မမွေးသေးဘူးလေ၊၁၉၅၅ ခုနှစ်ကပါ၊အဲတုန်းကလေ အကြာကြီးပဲသိလား၊(၈)လတောင်၊ဒုတိယအကြိမ် ကတော့၁၉၉၄ ခုနှစ်ကပါ။အဲတုန်းကတော့(၄၅)ရက်ပဲလေ၊တတိယအကြိမ်က၁၉၉၆ ခုနှစ်ကပေါ့၊အဲ အကြိမ်တုန်းကလည်း နည်းနည်းကြာတယ်၊ရက်(၉၀)ပါ၊အခုစတုတ္ထအကြိမ်မှာတော့(၄၈)ရက်ကြာကြာ သီတင်းသုံးအပူဇော်ခံမှာဖြစ်ပါတယ်ရှင်၊ဒါကြောင့် ဗုဒ္ဓမြတ်စွယ်တော်ကြွတော်မူလာတဲ့ အခွင့်အခါ ကောင်းအချိန်းလေးနဲ့ကြုံကြိုက်တုန်းမှာ၊ဖူးမြော်ခွင့်ရပြီးသူများရော၊သုံးကြိမ်လုံးမှာဖူးမြော်ခွင့်မရလိုက် ကြတဲ့ချစ်တဲ့သောတရှင်အပေါင်းတိုအားလုံး ရခဲလှတဲ့အခွင့်အရေးကောင်းလေးကို လက်မလွတ်တမ်း  သွားရောက်ဖူးမြော်နိုင်ကြစေဖို့ အားမာန်တို့က နိဗ္ဗာန်အကျိုးမျှော်ပြီး နှိုးဆော်လိုက်ပါတယ်ရှင်။

ဦး--- ဟုတ်ကဲ့၊ကောင်းလိုက်တာဗျာ။

မေ--  ဦးခင်မောင်ဝင်းရေ၊အားမာန်နောက်ထပ်ပြောစရာလေး တစ်ခု ရှိသေးတယ်သိလား။

ဦး---  ဟုတ်လား၊လုပ်ပါဦးဗျာ။

မေ--  ဒီတစ်ပတ် အားမာန်တို့ မဖြစ်မနေ လုပ်ပေးရဦးမယ့် ကိစ္စလေးကလည်း ရှိနေပြန်ရောလေ၊အဲဒါ က ဘာလဲဆိုတော့၊သောတရှင်တွေဆီက စေတနာ၊မေတ္တာရှေ့ထားပြီးအားမာန်တို့ဆီ စာလွှာလေးတွေ ရေးသားပေးပို့လာပြန်တော့၊အားမာန်တို့အတွက် ခွန်းအားတွေ တိုးပြီး၊ပျော်လွန်းလို့ ပြန်ပြီး ပြောချင်နေ တဲ့ ရင်ထဲက လာတဲ့ စကားသံလေးတွေပေါ့နော်၊ပထမဆုံး အနေနဲ့ ထူးထူးခြားခြားလေးပဲ သိလား၊ ဇီးကုန်းမြို့က ဘုန်းဘုန်းပါ၊ ဘုန်းဘုန်းကလေ အားမာန်တို့ ဆီကို သုံးစောင်တောင် ပို့ပေးလိုက်တယ် လေ၊အားရစရာကြီးပါပဲ။ပြီးတော့ ချီးကျူးစကားတွေလည်းရေးထားသေးတယ်ရှင်၊ဘုန်းဘုန်းဘုရား အားမာန်က ဘုန်းဘုန်းတို့ဆီက အခုလို စာလွှာလေးတွေ ရတာကို အရမ်း၊အရမ်းဝမ်းသာနေရသူပါ၊ ဘုန်းဘုန်းက အခုလိုချီးကျူးစကားတွေပါ ပြောထားတော့ ဘယ်လိုစကားလုံးနဲ့ ပြန်ပြီး ပြောရမလဲမသိ အောင်အားရကျေနပ်မိပါတယ်ဘုရား။အရှင်ဘုရားက ပီအိတ်ခ်ျဒီယူဖို့ စာတွေလုပ်နေရတာ ဘယ် လောက်ထိ မအားဘူးလည်းဆိုတာ အားမာန် သိပါတယ်။အားမာန်လည်း သီဟိုဠ်ဘာသာစကားကို အရမ်းစိတ်ဝင်စားပါတယ်၊အရှင်ဘုရားလည်း ကျန်းမာရေးဂရုစိုက်ပါဘုရား။ဘုန်းဘုန်း အလွန်ရောက် ဖူးချင်နေတဲ့ မဟာတံတိုင်းကြီးကိုလည်း တစ်နေ့တော့ ရောက်ပါလိမ့်မယ်လို့ အားမာန် ယုံကြည် ပါတယ်ဘုရား။အရှင်ဘုရား မေးထားတဲ့ ရှင်ဒိသာပါမောက် ပီကင်းမြို့ကို ရောက်ခဲ့တဲ့အထောက် အထားကိုတော့ အားမာန် မသိသေးပါဘူး၊ကြိုးစာပြီးတော့ မေမြန်းလေ့လာပါမယ့်ဘုရား။ပီအိတ်ခ်ျဒီ ယူဖို့ ကြိုးစားနေတဲ့ အရှင်ဘုရားကို အားမာန် လေးစားကြည်ညိုဂုဏ်ယူပါတယ်အရှင်ဘုရား။ဘုန်းဘုန်း အကြံပြုလာတဲ့ ကမ္ဘာ့ပထမတရုတ်ပြည်က ဆိုတဲံ အစီအစဉ်လေးကို အတတ်နိုင်ဆုံး ထုတ်လွှင့်ဖြစ် အောင် အားမာန်တို့ ကြိုးစားပါ့မယ်ဘုရား။

နောက်တစ်ယောက်ကတော့  နန်းခွင်က မမစွဲ့ကြူကြူအေးရဲ့ အာမာန်ဆီ ရေးလာတဲ့ ၅ စောင်မြောက် စာလွှာလေးပဲ ဖြစ်ပါတယ်ရှင်၊မမရေ အားမာန်ဆီ စာအရေးကျဲလို့ အားမာန်က မျှော်နေမိသူပါ၊မေလ က ရေးတဲ့စာနောက်ပိုင်း စာတွေ မရောက်လာလို့ မမ တစ်ယောက် အလုပ်တွေ သိပ်ရှုတ်နေတယ်၊ အားမာန်ကို မေံ့နေတယ်လို့ ထင်မိပါတယ်၊မေ့နေတယ်လို့ ပြောတာကအားမာန် မမကို ခင်အားကြီးလို့ ကျီစယ်လိုက်မိတာပါနော်၊စိတ်ဆိုးရဘူးနော်၊မမက အားမာန်တင်ဆက်ပေးတဲ့ရာသီအလိုက်တေးစိတ် ကြိုက်အစီအစဉ်လေးကို ကြိုက်တယ်ဆိုလို့ ၀မ်းသာကြည်နူးမိပါတယ်၊အခု ဆောင်းရာသီ အတွက် လည်း အဲဒိအစီအစဉ်ကိုထုတ်လွှင့်နိုင်အောင် အားမာန် ပြင်ဆင်နေပါတယ်ရှင်၊စောင့်မျှော်နားဆင်ပေး ပါဦးနော်၊ပြီးတော့ မမ သဘောကျတဲ့ အင်တာဗျူး အစီအစဉ်လေးကိုလည်း အားမာန် လုပ်ထားတာ ရှိပါတယ်၊အားမာန် အလှည့်ရောက်လာရင် မမတို့ နားဆင်ရမှာပါရှင်၊ မမရေ  မမပြောတဲ့အတိုင်း  အားမာန်ကလေ အသက်ရှူတဲ့အချက်တိုင်းမှာ အားမာန် ကြိုးစားမှုတွေ လုပ်နေပါတယ်ဆိုတာလေး ပြောလိုက်ပါရစေနော်၊မမလည်းကိုယ်ကျန်းမာ၊စိတ်ချမ်းသာပြီး သာသနာအကျိုးကိုသယ်ပိုးနိုင်ပါစေလို့ အားမာန်တို့ ဆုတောင်းပေးလိုက်ပါတယ်နော်၊

နောက်တစ်ယောက်ကတော့သံတွဲမြို့က ချစ်သဲဆူးငယ်လေး ရဲ့ အားမာန်ဆီ ပထမဆုံး ပေးပို့လာတဲ့စာ လွှာလေးပါလေ၊အားမာန်ကို မွေးနေ့တေးတောင်းပေးမယ်ဆိုလို့ကျေးဇူးတင်ပါတယ်၊ဆူးငယ်လေးရယ်၊ အားမာန်က ဖေဖော်ဝါရီ(၂)ရက်နေ့မှာမွေးတာပါနော်၊ဆူးငယ်လေးရဲ့မွေးနေ့တေးလက်ဆောင်လေးကို စောင့်မျှော်နားဆင်နေမယ်နော်၊အားမာန်ကလည်း ဆူးငယ်လေးကို အရမ်းအရမ်းချစ်ခင်နေတဲ့သူပါရှင်၊ ဆူးငယ်လေး ပျော်ရွှင်ချမ်းမြေ့သောဘ၀ခရီးလမ်းကိုပိုင်ဆိုင်နိုင်ပါစေလို့ အားမာန်က ဆုတောင်းပေး လိုက်ပါတယ်နော်၊

ဒီနေ့အာမာန်တို့ဘာအကြောင်းအရာလေးတွေပြောမလဲဆိုတာ သောတရှင်တွေလည်းစောင့်မျှော်နေ ကြလောက်ပြီလေ၊ဒါကြောင့် ဒီနေ့ပြောမယ့်အကြောင်းအရာလေးကိုသောတရှင်တွေသိရအောင်ပြော  လိုက်ဦးစို့ရှင်၊ဟုတ်ကဲ့၊အားမာန်တို့ဒီနေ့ပြောမယ့်အစီအစဉ်လေးကတော့ မေ့လို့မရတဲ့ရုပ်ရှင်ကား ဆို တဲ့အကြောင်းကိုပြောကြမယ်နော်၊ဦးခင်မောင်ဝင်းလည်း ရုပ်ရှင်တွေကြည့်ဖြစ်ပါတယ်နော်၊

ဦး--- ဟုတ်ကဲ့၊ကျွန်တော်ရုပ်ရှင်ကြည့်ရတာကို ကြိုက်ပါတယ်။

မေ-- ဒါဆို၊ဘယ်လိုအမျိုးအစားရုပ်ရှင်မျိုးကို အကြိုက်ဆုံးလည်းရှင်၊အားမာန်ကတော့ အရွယ်အပိုင်း အခြားနဲ့ပေါ့နော်၊ကလေးဘ၀တုန်းကတော့ ကာတွန်းကားပေါ့၊နောက်တဖြည်းဖြည်းနဲ့ဟာသကားတွေ၊ အချစ်ကားတွေအဲလို ပြောင်းပြီးကြိုက်လာရာကနေ အခုတော့ အေးမြတဲ့ချစ်မေတ္တာကိုဖွဲ့ဆိုထားတဲ့ ကားတွေကို ကြည့်ရတာ တော်တော်လေး အာသီသ ရှိလာတယ်ရှင်၊အခု အားမာန် ကြည့်ခဲ့တဲ့ ရုပ်ရှင် ကားတွေထဲက မေ့လို့မရတဲ့ကားလေးက ဂျက်လီ အဓိက သရုပ်ဆောင်အနေနဲ့ပါဝင်ရိုက်ကူးထားတဲ့ ocean heaven  လို့ အမည်ရတဲ့ ရုပ်ရှင်ကားအကြောင်းလေးကိုပြောချင်ပါတယ်၊ အားမာန်တို့ သိထား တာက ဂျက်လီ ဆို သိုင်းသမား၊ကွန်ဖူးသမားလို့ ဆိုတာပဲ သိထားကြတာလေနော်၊အခု သူက ၅၂၈ မေတ္တာဖွဲ့ကားကို အားမာန်ကြည့်ဖြစ်လိုက်တယ်လေ။ဇာတ်လမ်းလေးကတော့ ရိုးရိုးလေးပါပဲ၊ ဇာတ်လိုက်ကလည်း ၂ ယောက်တည်းပဲ၊အဲ နှစ်ယောက်တည်းနဲ့ပဲ တစ်ဇာတ်လုံးကိုသယ်သွားတာလေဇာတ်ဆောင်နောက်တစ်ယောက်ကပါ။သူက ဟိုတစ်ခါ အားမာန်တို့ ပြောခဲ့ဖူးသေးတဲ့ လိုဟွင်း ရုပ်ရှင်ကားထဲက ဇာတ်လိုက်ပဲလေ၊ဒီကား မှာတော့ သူက ဂျက်လီရဲ့သား အဖြစ် သရုပ်ဆောင်ထားတယ်၊ဒီင်္ကားလေးက ဥာဏ်ရည်သိပ်မမီတဲ့သားတစ်ယောက်ကို ကျွေးမွေးပြုစုစောင့် ရှောက်ရတဲ့ဖခင်တစ်ယောက်ရဲ့မေတ္တာစေတနာနဲ့ဖခင်တစ်ယောက်ကိုပဲ တစ်ကမ္ဘာလို့ထင်နေတဲ့ သား တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို နင့်နင့်သီးသီးလေး ရိုက်ပြသွားတဲ့ကားလေးပါ။ အဲဒိ ရုပ်ရုပ်ရဲ့ ဇာတ်လမ်းအကျဉ်းလေးကိုပြောပြမယ်နော်၊ပထမဆုံး အခန်းက ပင်လယ်ကြီးထဲမှာ လှေငယ် လေးတစ်စင်းပေါ်လာပြီး အဲပေါ်မှာ လူနှစ်ယောက်ပါတယ်၊ အဲလူနှစ်ယောက်က ကျောက်တုံးတစ်တုံး ကြီးရဲ့တိုင်ငုတ်လေးမှာရှိတဲ့ ကြိုးနှစ်ချောင်းကို သူတို့နှစ်ယောက်ရဲ့ ခြေထောက်တစ်ဖက်စီကို ချည်လိုက်ကြပြီ၊ရေထဲ ဆင်းကြစို့ လို့ပြောပြီး ဆင်းသွားကြတယ်၊အဲလို ဘာလို့ ဆင်းတာလဲဆိုတာကို နောက်မှ သိလာရတာပါ၊ပြီးတော့ သူတို့ကအိမ်ကိုပြန်ရောက်သွားတယ်၊အိမ်နီးနားချင်း မိန်းကလေး တစ်ယောက်ကသူတို့သားအဖနှစ်ယောက်ကို သိပ်ပြီးချစ်ခင်တယ်၊ပြီးတော့ကူညီတယ်။အဲဒိ မိန်းက လေးက ဂျက်လီကတွေ့တော့ ဟင် ပြောသွားတုန်းက ကြာမယ်ဆို အခုတော့ ဘာလို့ ဒီလောက်တောင် မြန်ရတာလဲလို့မေးတယ်၊ပြီးတော့ ဂျက်လီက ငါတို့ အစီအစဉ်ပြောင်းသွားလို့ပါလို့ ပြန်ဖြေပြီး သူတို့ သားအဖနှစ်ယောက်စားဖို့ စားစရာတွေလာပို့ပေးတယ်၊သူတို့စားနေတုန်း ဂျက်လီက  သူ့သားကို ဘာလို့ ကျောက်ခဲမှာချည်ထားတဲ့ ကြိုးကိုဖြေလိုက်တာလဲလို့မေးတော့၊ သားက အဲကြိုးမ ဖြည်ရင် ရေထဲမြုပ်သွားမှာပေါ့တဲ့၊အဲတော့ ဂျက်လီက ဟုတ်တယ်လေ အဲလို မြုပ်သွားအောင် လုပ်တာပဲ ဆိုပေမဲ့ သူ့သားက ဘာမှာ နားမလည်တဲ့ပုံလေးကို ဂျက်လီက ကြည့်ပြီး ဂရုဏာသက်စွာပဲ၊ ဘယ်သူကများမင်းကကြည့်လိမ့်မလဲ ဆိုတဲ့ အကြည့်နဲ့ကြည့်နေတာလေ ရင်ထဲကိုထိသွားတယ်ရှင်၊ သူတို့ ဒီလို လုပ်ရတဲ့အကြောင်းက ဂျက်လီဟာသူ့သား Dafu  လေးကို ဟိုးငယ်ငယ်လေးတည်းက မငြိုမငြင်နဲ့ကျွေးမွေးပြုစုစောင့်လာခဲ့တာပါ၊ဘာဖြစ်လို့ Dafu လေး အရွယ်ရောက်မှ ဒီလို ပင်လယ်ထဲ ခုန်ချသေချင်ရတာလဲ ဆိုတဲ့ အချက်က အခု ဂျက်လီမှာ ကင်ဆာရောဂါဆိုးကြီး ခံစားနေရတယ်၊သူ အနှေးနဲ့အမြန်သေတော့မှာကိုသိနေတဲ့ ဂျက်လီက ပထမဆုံးအခန်းက လိုမျိုး သူတို့ အတူတူ သေကြ ဖို့ဆုံးဖြတ်ပြီး အဲလို လုပ်လိုက်တာပဲ၊ဒါပေမဲ့ အဲလိုသေရမဲ့ကံဇာတာက ပါမလာလေတော့ သူဆုံးဖြတ် တဲ့ အတိုင်းဖြစ်မလာဘူး၊ဒါကြောင့် ဂျက်လီဟာသူ့သားလေးအတွက်နောက်ဆံတင်းနေပြီး သူ့နေရတဲ့ ခဏလေးအတွင်းမှာ သူ့သားလေး ကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်ရမလဲ စဉ်းစားနေတော့ တာပဲလေ။ဒီလိုနဲ့ သူက သူ့သားလေးကို စောင့်ရှောက်နိုင်မဲ့ ကျောင်းတွေတစ်ကျောင်းပြီးတစ်ကျောင်း လိုက်စုံစမ်းတော့တာပဲ၊ တော်တော်နဲ့အဆင်မပြေဘူးလေ၊နောက်ဆုံးမှာ Dafuလေး ငယ်ငယ်တုန်းက နေခဲ့ဖူးတဲ့ကျောင်းက ဆရာမကြီးတစ်ယောက်ရဲ့ အကူအညီနဲ့ သူ့သားလေးကို စောင့်ရှောက်ပေးမယ့် ကျောင်းကို ရသွားတယ်ပေါ့နော်၊ဂျက်လီရဲ့ အိမ်နီးချင်းမိန်ကလေးကလည်း ဂျက်လီ ဒီလိုလုပ်နေတာ ဘာကြောင့်ပါလဲဆိုတာ သူ့ဖာသာ သိသွားတဲ့အခါ အဲဒိ မိန်းကလေးက သူတို့သားအဖကို ပိုပြီး ဂရုဏာသက်သွားပြီး ဂျက်လီကို Dafu လေးကိုသူအစစအရာရာ စောင့်ရှောက်ပါမယ်တဲ့လေ၊ အဲဒါနဲ့ ဂျက်လီက မင်းအိမ်ထောင်ပြုပြီးတဲ့တစ်နေ့ကျရင် ငါ့သားလေးဒုက္ခဖြစ်နိုင်သေးတာပဲဆိုတော့လေ အဲမိန်းကလေးက သူ အိမ်ထောင်မပြုတော့ပါဘူးတဲ့လေ။ ကဲဘယ်လောက်တောင်ကြီးမားလိုက်တဲ့ ခင်မင်မှုမေတ္တာလည်း ဆိုတာလေ၊အဲဒိမှာ သောတရှင်တွေ သိချင်နေတဲ့ တစ်ခုကိုလည်းပြောပြရဦးမယ်လေ၊ ဘာလဲဆိုတော့ Dafu လေးရဲ့ မေမေအကြောင်းလေးပေါ့၊သူ့မေမေဟာ Dafu လေး အရွယ်မရောက် ခင်မှာ ပင်လယ်ထဲမှာ ရေနစ်ပြီး ဆုံးသွားတယ်လို့ ရုပ်ရှင်ထဲမှာ ပြောထားပါတယ်၊ဒါပေမဲ့ ဂျက်လီက တော့အဲဒိလိုမယုံကြည်ဘူးလေ၊ဘာလို့ဆိုတော့ Dafu မေမေဟာ ငါးတစ်ကောင်လိုရေကူးကျွမ်းကျင် သူဆိုတာကိုသူသိထားတော့ သူ့ဖာသာသူအဆုံးစီရင်သွားတယ်လို့ ထင်နေတာလေ၊သားလေးကို ကြည့်ပြီးစိတ်မကောင်းဖြစ်ရလွန်းလို့ နောက်ဆုံးဒီလိုလုပ်တာပဲလေလို့ ဂျက်လီက အဲလိုပဲစဉ်းစားတယ်လေ။အဲလိုနဲ့ Dafu လေးကို စောစောကပြောတဲ့ သူတို့လို လူတွေနေတဲ့ ကျောင်း ကိုပို့လိုက်တာပေါ့၊အဲကျောင်းမှာ Dafu လေးကိုတစ်ယောက်တည်းထားခဲ့ရတယ်ဆိုတော့ ဂျက်လီခမြာ အိမ်မှာတစ်ယောက်တည်းနေရတာ ဟာတာတာကြီးဖြစ်နေတယ်လေ၊အိမ်မှာ Dafuလေးရဲ့ အရိပ်တွေ ပဲမြင်နေမိတာပေါ့၊အဲသူအဲလိုဖြစ်နေတုန်းသူ့သားကျောင်းက သူ့ကိုအမြန်လာဖို့ခေါ်တာနဲ့သူလည်း အဲကျောင်းကိုအပြေးပဲသွားရတယ်၊ဟိုရောက်တော့ Dafuဟာဘယ်သူမှ ထိန်းလို့မရဘူး၊ဂျက်လီ ရောက်သွားတော့မှ Dafuလေးဟာ သူ့အဖေကိုဖက်ပြီး ငိုတယ်၊အဲဒိအခန်းလေးကလေ တော်တော်မချိ တင်ကဲလေးပါပဲ၊သရုပ်ဆောင်နှစ်ယောက်ကလည်းတော်တယ်။အပြင်မှာတကယ်ဖြစ်နေသလိုသဘာဝ ကျတယ်။အဲတော့ဂျက်လီလည်း Dafuလေးနဲ့ အတူ အဲကျောင်းမှာပဲလိုက်နေရတော့တယ်၊အဲလို နေတဲ့ အချိန်တွင်းမှာပဲ သူ့သားလေးကိုတစ်ယောက်တည်းကျန်ခဲ့ရင် သူဖာသာသူ လုပ်တတ်ကိုင် တတ်ဖို့ သေချာသင်ပေးတယ်၊အဲလိုသင်ပေးတာက အစပိုင်းမှာ တော်တော်လေး စိတ်ညစ်ရတယ်။ Dafu လေးကလည်းသူ့စိတ်ထဲ ရှိတာပဲလုပ်တယ်၊အဲဒါကိုဂျက်လီကစိတ်ရှည်ရှည်သင်ပေးတယ်၊ဂျက် လီလည်းလူထဲကလူသားတစ်ယောက်ဆိုတော့ သူ့ရောဂါကလည်းဆိုးဆိုးဝါးဝါးခံစားနေရတယ်၊သား ကလည်းသူဘယ်လောက်ပြောပြောမရဘူးဆိုတော့ တစ်ခန်းမှာ သားကို အော်မိသွားတယ်၊ပြီးတော့ သူ့ဖာသာပြန်ပြီး သားကိုပြန်ဂရုဏာသက်သွားတဲ့အခန်းလေးကလည်းပရိသတ်ရဲ့ရင်ထဲကအတော်ထိ တယ်လေ၊ဂျက်လီဟာသူသေသွားရင်သူ့သားလေး ဘယ်လိုမှ မခံစားရလေအောင် သူသေတာကို သေတယ်လို့မသိအောင် သူအမြဲတမ်းရှိနေတဲ့ပုံနဲ့ သူတို့အမြဲတမ်း ရေအောက်ကမ္ဘာထဲမှာ ရေကူးနေသလို သူဟာနောက်ဆိုရင် လိပ်ကြီးဖြစ်တော့မှာနော်၊နောက်သူ့ကို လိပ်ကြီး အဖြစ်နဲ့ပဲမြင်ရ တော့မှာနော် လို့သူ့သားလေးကိုနားလည်အောင် အမြဲပြောပြပေးနေတယ်၊ဒီလိုနဲ့ ဂျက်လီဟာကင်ဆာ ရောဂါဆိုးကြီးနဲ့ပဲ နောက်ဆုံးသေသွားတာပေါ့၊နောက်ဆုံးတစ်ခန်းမှာ Dafu လေးဟာ သူ့ဖေဖေ သင်ပေးခဲ့တဲ့အတိုင်း အိမ်ကနေ၊ကျောင်းကနေ သူ့ဖာသာသူကားစီးပြီးသွားတတ်ပြီ၊သူစားဖို့အတွက် ကြက်ဥတွေဘာတွေ ကြော်တတ်ပြီ၊သူ့ဖေဖေ လုပ်ခဲ့တဲ့ရေအောက်ကမ္ဘာ အလုပ်မှာပဲ သန့်ရှင်းရေး အလုပ်လေးကို လုပ်ပြီး အဲမှာလည်းနေလို့ရပြီ။ရေအောက်ကမ္ဘာကြီးမှာ ရှိတဲ့ လိပ်ကြီးကိုလည်း သူ့ဖေဖေလို့ထင်နေရှာပြီး၊အဲလိပ်ကြီးနဲ့ပဲ ကစားနေရှာတယ်ဆိုတဲ့ အခန်းလေးနဲ့ ဇာတ်သိမ်းထားတယ်  ရှင်။တော်တော်လေး မေတ္တာဘွဲ့ကိုဖော်ကျူးနိုင်တဲ့ ဇာတ်ကားလေးမို့ မေ့လို့မရနိုင်ဘူးလို့ပြောကြားရင်း အားမာန်တို့ သောတရှင်များအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ချမ်းသာကြပါစေလို့ ဆုတောင်းရင် ဒီအပတ်တော့ဒီမျှနဲ့ပဲ ရပ်နားလိုက်ပါတယ်နော်။

   Webradio