• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြင်သမျှ၊သိသမျှလေး များပြန်လည်ဝေမျှပေးခြင်း

(GMT+08:00) 2011-10-21 21:00:21

                             

မေအားမာန်-  သောတရှင်များအားလုံး မင်္ဂလာပါရှင်၊

ဦးခင်မောင်ဝင်း- သောတရှင်များအားလုံး မင်္ဂလာပါခင်ဗျာ၊

မေ--  ဒီတစ်ပတ်အားမာန်တို့ သောတရှင်တွေ ကိုတင်ဆက်ပေးမဲ့ အစီအစဉ်လေးကတော့ တရုတ် ပြည်ရဲ့ပိတ်ရက်ရှည်  အကြောင်းတွေထဲကမှ အားမာန်တို့မြင်သမျှ၊သိသမျှလေးတွေကို ပြန်လည်ဝေမျှ ပေးတဲ့အနေနဲ့ တင်ဆက်ပေးလိုက်ကြရင် မကောင်းပေဘူးလား ဦးခင်မောင်ဝင်းရယ်၊

ဦး---  အာ၊ကောင်းတာပေါ့ဗျာ။

မေ--  ဟုတ်ကဲ့၊အစီအစဉ်လေး မစခင် အားမာန်တို့ရဲ့ သောတရှင်တွေကို ပီကင်းမြို့ရဲ့ ပြောင်းလဲလာပြီ ဖြစ်တဲ့ ရာသီဥတုလေး အကြောင်းကို အရင်ဆုံး ပြောပြလိုက်ရအောင်နော်၊

ဦး---  ဟုတ်ကဲ့၊

မေ--  ဒီနေ့ ပီကင်းမြို့ရဲ့ ရာသီဥတု ဒီဂရီက ဘယ်လောက်ရှိတာလဲ ဦးခင်မောင်ဝင်းရဲ့၊

ဦး---  ဒီနေ့ ပီကင်းမြို့ရဲ့ ရာသီဥတု ကတော့ မနက်ပိုင်းဆို ၂၀ ကျော်နဲ့ ညပိုင်းဆို ၁၀နဲ့ ၁၀ ကျော်လောက်အတွင်းမှာ ဖြစ်နေပြီလေ

မေ--  ဟုတ်တယ်နော်၊တဖြည်ဖြည်းသိသိသာသာကိုအေးလာပြီနော်၊ပြီးတော့ အခုတစ်လော မိုးလည်း ဖျောက်စိပ်ဖျောက်စိပ် ရွာရွာနေတယ်နော်။ လေလေးကလည်းတဖြူးဖြူးနဲ့ဆိုတော့ အေးအေးလေးနဲ့ နေလို့ထိုင်လို့ တော်တော်ကောင်းတဲ့ ရာသီပဲနော်၊ အားမာန်တော့ ဒီရာသီလေးကို သိပ်ကြိုက်မိ ပါတယ်။

ဦး---  ဟုတ်တယ်လေ၊ ဒီရာသီက ပီကင်းရဲ့ နေလို့ အကောင်းဆုံး ရာသီဥတုပဲလေ၊

မေ--  ဟုတ်ကဲ့၊ အားမာန် မှတ်မိပါတယ်၊ဦးခင်မောင်ဝင်းတစ်ခါတုန်းကလည်း ပြောဖူးတာလေးကိုပါရှင်

ဦးခင်မောင်ဝင်းရေ အားမာန်တစ်ခုလောက်အရင်မေးပါဦးမယ်နော်။ အခုလို ပိတ်ရက်ရှည်ကြီးက တရုတ်ပြည်မှာ ဟိုးအရင်တည်းက ရှိတာလားဟင်၊

ဦး---  မဟုတ်ပါဘူးခင်ဗျာ၊ ၁၉၉၉ ခုနှစ်ကစပြီးအဲဒိပိတ်ရက်ရှည်ကြီးကို စတင်ကျင့်သုံးခဲ့တာပါ၊ ပြီးတော့ ၁၉၈၀ ၀န်းကျင်ကဆိုရင် စနေတောင်ရုံးပိတ်ရက်မဟုတ်ပါဘူး၊-----------

ဟုတ်ကဲ့ပါရှင်၊ဒါနဲ့ ဦးခင်မောင်ဝင်းရော ဒီရုံးပိတ်ရက်ရှည်ကြီးအတွင်းမှာ ဘယ်နေရာတွေကို သွားခဲ့ ပါလဲ၊သွားခဲ့တဲ့ နေရာလေးရှိမယ်ထင်တယ်နော် ဟုတ်လား ပြောပြပါဦးလေ။

ဦး---  ဟုတ်ကဲ့၊သွားခဲ့ပါတယ်၊ကျွန်တော်သွားခဲ့တဲ့ နေရာက အိုလံပစ်အားကစားကွင်းကိုပါ၊

မေ--  ဟုတ်လား၊တကယ်လားရှင်၊ ဒါဆို တိုက်ဆိုင်သွားပြီး အားမာန်လည်း အဲဒိကိုပဲ သွားခဲ့ တာလေ

တိုင်ပင်ထားရင်တောင် သွားတဲ့ နေရာက လွဲချင်လွဲသွားဦးမယ်နော်၊ အခုတော့ တကယ်ကို အံ့သြစရာ နော်။ ဟုတ်ကဲ့ပါရှင်၊ဒါဆိုလည်း အားမာန်တို့ အဲဒိ အကြောင်းလေးကိုပြောလိုက်ကြဦးစို့လားရှင်၊

ဦး---  ကောင်းတာပေါ့ဗျာ၊ ကျွန်တော် သွားခဲ့တဲ့နေ့က-----------------တစ်ချို့ဆိုနယ်ကလာတဲ့သူတွေ လညှ်းရှိသလို၊မိသားစုလိုက်၊အုပ်စုလိုက်လာတဲ့သူတွေလည်းရှိတယ်၊ပြီးတော့ အဲဒိနေရာကို နိုင်ငံချြား သားတစ်ဦးက  ဖုန်းရွှေကောင်းတဲ့ နေရာလို့တောင်ပြောသေးတယ်၊

မေ--  အားမာန် သွားဖြစ်ရတဲ့ အကြောင်းလေးကို အရင်ပြောပြမယ်နော်၊ ရုံးပိတ်ရက်တစ်ရက်မှာ အားမာန်ရဲ့ တစ်ခါတုန်းက တပည့်ဖြစ်ခဲ့ဖူးတဲ့ ကလေးမလေးက ဖုန်းဆက်လာတယ်၊ပြီးတော့ သူက ဒီရုံးပိတ်ရက်ရှည်မှာ ဘယ်နေရာကိုသွားပြီးပြီလဲတဲ့၊ အားမာန်လည်း ဒါနဲ့ အားကျမခံပြန်ပြောလိုက် တာပေါ့၊ ဘယ်မှမသွားရသေးပါဘူးလို့လေ၊ အဲဒါ သူက သဘောတွေကျသွားတာလား၊ သနားသွားတာ လားတော့ မသိပါဘူးရှင်၊ ဒါဆို မနက်ဖြန် သူလည်းအားတယ် တဲ့ အဲဒိနေရာကိုလိုက်ပို့ပေးမယ် ဆိုတာနဲ့ သွားဖြစ်သွားတာပါ၊ သိကြတဲ့အတိုင်းပဲနော် တရုတ်ပြည်ဆိုတာက ကျယ်လည်းကျယ်၊ လူဦးရေကလည်းများလှတဲ့ နိုင်ငံ ဆိုတောကာ ဘယ်နေရာကိုသွားချင်ချင် အချိန်ယူရသလို၊ဝေးလည်း ဝေးတယ်လေ၊ အားမာန်တို့ ဆီကနေဆို အဲဒိနေရာကိုသွားဖို့ မြေအောက်ရထားသုံးဆင့်လောက် ပြောင်းစီးရတယ်ရှင်၊

ဦး---  ဟုတ်တယ်ဗျာ၊ကျွန်တော်တို့ အိမ်ကဆိုသိပ်မဝေးဘ

မေ--  အိုလံပစ်စင်တာ ကြီးကလည်းကျယ်လိုက်နော်၊ ၀င်လိုက်တည်းက ပန်းပေါင်းတွေဝေေ၀ဆာဆာ နဲ့လှပသပ်ရပ်ကျယ်ဝန်းပြီး စိတ်ထဲကိုကြည်နူးသွားမိတယ်ရှင်၊အဲလိုနဲ့ ဓာတ်ပုံတွေရိုက်လိုက်၊အိုလံပစ် အထိမ်းအမှတ်တိုင်တွေ၊အိုလံပစ်မီးရှူးတိုင်တွေ အို စုံလို့ပါပဲ၊ ၂၀၀၈ ခုနှစ်ကသတင်းတွေ၊သတင်းစာ တွေ၊ဂျာနယ်တွေမှာ မြင်ခဲ့ဖူးတဲ့မြင်ကွင်းကို အခုမှ မျက်ဝါးထင်ထင်မြင်ရတာဆိုတော့ သိပ်ပျော်သွား တာပေါ့လေ၊ပြီးတော့ရှိသေးတယ်သိလား၊ ကွင်းပြင်ကျယ်ကြီး တစ်ခုမှာလေတီးလုံးနဲ့အတူ ယိမ်းနွဲ့ ကခုန်နေတဲ့ ရေပန်း ပြင်ကျယ်ကြီးမှာလည်းလူတွေသိပ်စည်တာပဲနော်၊ အဲ ရေပန်းတွေကြားမှာ ဓာတ်ပုံဝင်ရိုက်ချင်လို့ တစ်ကိုယ်လုံးတောင် ရေတွေ စိုသွားသေးတယ်လေ၊ ပြီးတော့ ရေကန်ကြီးတစ်ခု ရဲ့အလယ်မှာ ရေပန်းတွေတန်းစီပြီး တေးသွားနဲ့ အတူကခုန်နေတာကို အားမာန်တို့တွေက  အေးအေးဆေးဆေး ထိုင်ကြည့်ချင်တဲ့သူကထိုင်ကြည့်လို့၊ရပ်ကြည့်ချင်တဲ့သူကရပ်ကြည်လို့ပေါ့ရှင်၊  သိပ်လှတာပဲ သိလား၊အဲလို တစ်နေကုန်လည်ပတ်ကြည့်ရှုပြီး မောပန်းဆာလောင်နေသူတွေအတွက် လည်းအိုလံပစ်စာသောက်ဆိုင်ကြီးကို ကိုယ်တိုင်ယူစံနစ်နဲ့ စားသောက်ဖို့ စီစဉ်ထားပေးသေးတယ် နော်၊အဲတစ်ခုပဲစိတ်ထဲမကောင်းဖြစ်ခဲ့ရသေးတာက အိုလံပစ်အာကစားရုံးကြီးထဲကို ၀င်ကြည့်ချင်ရင် ယွမ် ၅၀လား၊၈၀ လားမသိပေးရဦးမယ်တဲ့ရှင်၊ဟိဟိ အဲဒါနဲ့ အားမာန်တို့လည်း အထဲကို ၀င်ပြီးမကြည့် တော့ဘူးလေ၊ဘာဖြစ်လို့ဆိုတော့ ဈေးကြီးလို့ မဟုတ်ပါဘူးရှင်၊ နောက်တာပါ၊ အားမာန်တို့က လည်လိုက်စားလိုက်ဆိုတော့ အချိန်ကကုန်မှန်းမသိကုန်သွားတော့ အချိန်မရှိတော့တာက အဓိကပါ လေ၊အားကစားသမားတွေပြိုင်ပွဲလုပ်တဲ့နေရာတွေကို ၀င်ပြီးလည်ချင်တယ်ဆိုရင် ပိုက်ဆံပေးရမယ် နော်၊အဲလိုဘာလို့လုပ်တာလဲဆိုတာကိုအာမာန်တော့ ဒီလိုစဉ်းစားမိပဲရှင်၊အခကြေးငွေယူပြီးကြည့် ရတာဆိုရင် လူသိပ်မများနိုင်ဘူး၊ဒီအဆောက်အဦးတွေပျက်စီးမှုနှုန်းလည်းသက်သာအောင် ဒီလိုလုပ် ထားတာလို့ထင်တယ်နော်၊အော် ဒါနဲ့ အားမာန်ကြားမိလိုက်တာက ကုကုန်း (နွေရာသီနန်းတော်) မှာဆိုအဲဒိပိတ်ရက်အတွင်းက တစ်ရက်မှာတဲ့ လာပြီးလည်တဲ့သူတစ်သိန်းသုံးသောင်းတောင်ကျော် သွားတယ်ဆို။ဒါကြောင့်ထင်တယ်နော် လုံခြုံရေးကိုအထူးဂရုစိုက်တဲ့အနေနဲ့ လူဦးရေကန့်သတ်လိုက် တာတွေလည်းရှိတောင်လာသေးတယ်လို့ကြားလိုက်မိတယ်နော်၊

ဦး---  ဟုတ်ပါတယ်၊ဒါနဲ့ အားမာန်ကော ဘယ်နေရာတွေကိုသွားချင်သေးလဲ။

မေ--  ဒါတောင်အားမာန်တို့က ပီကင်းမြို့ပေါ်မှာလျှောက်လည်ကြတာနော်၊တစ်ချို့သူတွေဆို ခရီးထွက် တဲ့သူတွေလည်းရှိတာပေါ့၊အဲလို ခရီးထွက်တဲ့သူတွေဆို ဒီပိတ်ရက်အတွက် ကိုယ်ပြန်မယ့် ခရီးစဉ် အတွက်ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားကြရတယ်နော်၊ပြီးတော့ဒီရုံးပိတ်ရက်ရှည်အတွင်းမှာ ခရီးထွက် တာတို့၊ဇာတိပြန်တာတို့ဆို ပိုလို့တောင်အကုန်အကျများသေးတယ်ဆို။

ဦး---  ဟုတ်တယ်လေ၊ဲ့ကျွန်တော်တို့ ဌာနက ကိုထိန်လင်းတောင်  သူ့ဇာတိပြန်ဖို့ မီးရထား လက်မှတ် ကိုရထားထွက်ခါနီးမှ လက်မတင်လေးရသွားလို့သွားဖြစ်သွားတာတဲ့။

 မေ--  အော်၊ဒါနဲ့ ဦးခင်မောင်ဝင်းရေ အခုတရုတ်ပြည်ရဲ့ ရုံးပိတ်ရက်ရှည်မှာ ခရီးသွားလုပ်ငန်းအတွက် အစိုးရက ပိုမိုအထူးအလေးထားဆောင်ရွက်နေတယ်နော်၊အားမာန်ထင်တာကတော့ အဲလိုရုံးပိတ်ရက် ရှည်ရှိတယ်ဆိုတော့ ပိတ်ရက်မရှိ၊ခွင့်ရက်မရှိရှာတဲ့ နေ့စားအလုပ်သမားတွေအတွက်ဆို တော်တော် လေးအဆင်ပြေတာလို့ ထင်တယ်ရှင်၊ပြီးတော့ တရုတ်ပြည်ကတခြားနိုင်ငံနဲ့မတူတာက နိုင်ငံခြားသား တွေများသလို၊အနယ်နယ်အရပ်ရ့ပ်က မြို့ကြီးတွေလာပြီးအလုပ်လုပ်ကြတဲ့ သူတွေလည်းများတာ ဆိုတော့ အားလုံးအတွက်အဆင်ပြေစေတာပေါ့နော်၊နောက်ပြီးပြောချင်သေးတာ တစ်ခုကလေ အဲဒိရုံး ပိတ်ရက်ဆို စူပါမားကတ်ကြီးတွေမှာ ဈေးနှုန်းတွေချတာကို လူတွေတော်တော်စိတ်ဝင်စားကြတယ် တဲ့နော်၊ဒါကြောင့် အဲဒိပိတ်ရက်တွေဆို စူပါမားကတ်တိုင်လိုလို လူတော်တော်စည်တယ်လေ၊ ပြီးတော့ စူပါမားကတ်တိုင်းလိုလို ဈေးနှုန်းတွေချတာဟာလည်း စီးပွားရေးသမားတွေရဲ့ ဈေးဝယ်သူများကို မက်လုံးပေးမှုတစ်ခုပဲပေါ့။ဒီလိုလုပ်တာက ကောင်းတာတွေရှိသလို၊ မကောင်းတာတွေလည်း ရှိတတ် တယ်လေ၊ကောင်းတယ်ဆိုတာက စပြီးဈေးနှုန်းချတဲ့နေ့ကို ဦးအောင်သွားနိုင်ရင် ဈေးနှုန်းချိုသလိ၊ ပစ္စည်းလည်းမှန်မယ်၊နောက်နည်းနည်းကြာသွားလို့ရှိရင် တစ်ချို့ပစ္စည်းတွေဆို ပြတ်သွားပြီဆိုပြီးလည်း ရှိတတ်သလို၊တစ်ချို့ဆို အ၀တ်အစားလိုဟာမျိုးတွေဆိုလည်း ခေတ်မမီတော့တဲ့ ဒိတ်အောက်နေတဲ့ ဒီဇိုင်းတွေကို ရောထည့်ထားတတ်တယ်၊ဒါကြောင့် ၀ယ်ယူသူတွေအနေနဲ့ ဈေးနှုန်းလျှော့တာကိုပဲ အဓိကမထားဘဲ ကိုယ်လိုချင်တဲ့ပစ္စည်းကို သေသေချာချာ ကြည့်ပြီး၊စိတ်တိုင်းကျပြီးဆိုမှ ၀ယ်ကြရင် ပိုကောင်းမယ်နော်၊ အဲဒါက ဒီမှာပဲ မဟုတ်ပါဘူးလေ၊ အခုအချိန်ဆို အာမာန်တို့မြန်မာပြည်မှာလည်း သီတင်းကျွတ်ပွဲတော်ချိန်ဆိုတော့ ဒီလိုပဲ ဈေးနှုန်းတွေချနေမှာပါလေ၊ အားလုံး ဒီတရုတ်ပြည်က ဈေးဝယ်သူတွေရော၊မြန်မာပြည်က ဈေးဝယ်သူတွေရော အဲဒါလေးတွေကို ဂရုစိုက်လိုက်မယ်ဆိုရင်

ကိုယ်ကြိုက်တဲ့ပစ္စည်းလေးလည်းရမယ်၊ဈေးနှုန်းလေးလည်သက်သာမယ်ဆို ပျော်စရာတွေဖြစ်လာမှာ ပေါ့နော်။

ချစ်ရတဲ့ သောတရှင်များရှင်၊အားမာန်တို့ရဲ့ အစီအစဉ်လေးကို အားပေးနားဆင်ပေးကြ တာကို ကျေးဇူးတင်ဝမ်းမြောက်မိပါတယ်ရှင်၊အားမာန်တို့အစီအစဉ်လေးမှာ သောတရှင်များ စိတ်ကျေနပ်နိုင် ပါစေလို့၊တစ်ခါတစ်ရံမှာ စိတ်ကျေနပ်မှုမရှိခဲ့ဘူးဆိုရင် အားမာန်တို့ကိုချစ်တဲ့မျက်စိလေး၊ချစ်တဲ့နား လေးနဲ့ ကြည့်မြင်နားဆင်ခွင့်လွှတ်ပေးကြပါရှင်၊ သောတရှင်များအားလုံးကို အသက်ထက်ဆုံး ချစ်ခင်လေးစားတန်ဖိုးထားမှုများစွာနဲ့ ရှိနေမယ့်အားမာန်တို့စီအာအိုင်ပဲဖြစ်ပါတယ်ရှင်၊သောတရှင်များ ကိုယ်ရောစိတ်ပါ ကျန်းမာရွှင်လန်းနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်နော်။

 

 

 

   Webradio