• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စာလွှာလေးများပြန်ကြားခြင်းနှင့် Feng Shuiအတတ်ပညာအကြောင်း

(GMT+08:00) 2011-10-21 20:59:26

 

အားမာန်ချစ်ရတဲ့သောတရှင်များအားလုံး ကယသုခ၊စိတ္တသုခအပေါင်းနဲ့ပြည့်စုံပါစေလို့ လေလှိုင်းမှ တစ်ဆင့်မေတ္တာတရားရှေ့ထားပြီး နှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင်၊

ဟုတ်ကဲ့-ဦးခင်မောင်ဝင်းရေ၊ဒီတစ်ပတ်တော့ အွန်လိုင်းကနေတစ်ဆင့် ဆက်သွယ်လာတဲ့ သောတရှင် တစ်ဦးကလေ အားမာန်တို့မြန်မာလ ၁၂ လတိုင်းမှာ ပွဲတော်တွေရှိနေတာပါတဲ့၊ အဲဒိလိုမျိုး တရုတ်ပြက္ခဒိန်ရဲ့ လ ဘယ်နှလရှိလဲ၊ ၁၂ လပဲ ရှိမယ်လို့ထင်ပါတယ်တဲ့၊အဲလို လတွေတိုင်းမှာကော ဘာပွဲတော်တွေရှိလဲတဲ့၊ပြီးတော့ အခု တရုတ်ပြည်မှာ ဘာရာသီရောက်နေပြီလဲ၊အဲဒိရာသီရဲ့သဘာဝ လေးတွေ၊အခြေအနေလေးတွေကို ပြောပြပေးပါလားတဲ့ မေးထားတယ်ရှင်။

ဟုတ်ကဲ့ပါ၊ အားမာန်တို့ချစ်ခင်လေးစားမြတ်နိုးရပါတဲ့ သောတရှင်လေးရှင် အခု ပီကင်းမှာ ဆောင်းဦး ရာသီဝင်လို့လာပါပြီနော်၊ပြီးတော့တရုတ်ပြည်ရဲ့လတိုင်းလတိုင်းမှာလည်း မြန်မာလိုပါပဲ ပွဲတော်တွေ ရှိပါတယ်တဲ့ရှင်၊အခု ဒီလရဲ့ပွဲတော်ကတော့ လမုန့်ပွဲတော်ပဲဖြစ်ပါတယ်နော်၊ဟုတ်ကဲ့ သူကမေးထား သေးတာက အဲဒိပွဲတော်ရဲ့မြင်ကွင်းလေးအကြောင်းကိုလည်း ပြောပြပေးပါဦးတဲ့လေ၊

ဟုတ်ကဲ့၊လမုန့်ပွဲတော်ရောက်ဖို့ သုံးလေးပတ်လောက်အလိုတည်းက လမုန့်တွေကို နေရာတိုင်းမှာ ရောင်းနေကြသလို လူတွေကလည်း အဲဒိလမုန့်တွေကို တော်တော်များများဝယ်နေတာကိုမြင်တွေ့နေရ ပါပြီ၊ပြီးတော့ လမုန့်ပုံစံတွေကလည်း အမျိုးမျိုးပါပဲ၊ပြီးတော့ ဈေးကလည်းအမျိုးမျိုးပေါ့၊ လမုန့်ပွဲတော် ကလည်း တရုတ်ပြည်ရဲ့ရိုးရာပွဲတော်များထဲက ထင်ရှားတဲ့ပွဲတော်တစ်ခုပဲပေါ့၊ ပြီးတော့ ဇီးကုန်း ဘုန်းဘုန်း မေးထားတဲ့ တရုတ်မင်းဆက် ၁၂ ဆက်ရဲ့ နာမည်လေးတွေကို ပြောပြပေးပါမယ်ဘုရား၊ Xia , shan , Jiu, qing,  han, Jin, sue, chan, song, yuan, min, qin;  တို့ဖြစ်ပါတယ်၊ နောက် ဘုန်ုးဘုန်း အကြံပြုထားတဲ့ အတိုင်း မဟာတံတိုင်းကြီးအကြောင်းကို အားမာန်တို့ ထုတ်လွှင့်ပေးဖို့ အစီအစဉ်တွေ လုပ်နေပါတယ် ဆိုတဲ့အကြောင်းကိုကြိုတင်လျှောက်ထားလိုက်ပါတယ်ဘုရား၊

ဟုတ်ကဲ့၊ဦးခင်မောင်ဝင်းရေ၊ဒီတစ်ပတ် အားမာန်တို့ပြောရမယ့်အကြောင်းလေးကို  သောတရှင်တွေ သိအောင် ပြောပြပေးပါဦးလားရှင်၊

ဟုတ်ကဲ့၊ အခုတစ်ပတ်ကျွန်တော်တို့ပြောမယ့်အကြောင်းလေးကတော့ Feng Shui  ဖုန်းရွှေ လို့ ခေါ်နေကြတဲ့ တရုတ်ပြည်ရဲ့ ရိုးရာဓလေ့အတတ်ပညာ အယူအဆတစ်မျိုးအကြောာင်းကို တင်ဆက် ပေးမှာဖြစ်ပါတယ်။

ဟုတ်ပါတယ်ရှင်၊ အဲဒိ Feng Shui ဆိုတဲ့ စကားလုံးလေး ၂ လုံး ရဲ့ အဓိပ္ပါယ်လေးကို အရင်ပြောပြ ပါမယ်ရှင်၊ Feng ဆိုတာကတော့ လေ လို့ အဓိပ္ပါယ်ရပြီး၊ Shui ဆိုတာကတော့ ရေ လို့ ပြောရပါမယ် နော်၊ ဒါကြောင့် လေနဲ့ရေ လို့ပြောရမှာပေါ့၊ အဲဒိအတတ်ပညာဟာ အင်မတန်မှ လေးနက်ပြီး နက်နဲလွန်းလှပါတယ်။

ဟုတ်ကဲ့၊ Feng Shui လိုဓလေ့ထုံးစံအမျိုးမျိုးဟာ တစ်ခြားနိုင်ငံတွေမှာလည်းရှိပါတယ်၊ အီဂျစ်က ပီရမစ်တွေတည်ဆောက်တဲ့အခါ၊အမေရိကတိုက်က နီဂရိုးတွေနေထိုင်တဲ့ လှိုဏ်းဂူတွေ တည်ဆောက် တဲ့အခါတွေမှာလည်း ဘယ်လိုနေရာလေးတွေကိုရွေးပြီး ကောင်းတဲ့နေရာလေးတွေမှာပဲ တည်ဆောက် တတ်ကြတာပဲ ဆိုတော့တူနေတာပေါ့နော်။

ဟုတ်ကဲ့ပါ၊အားမာန် သိထားတာကလည်း Feng Shui ဆိုတဲ့ အတတ်ပညာဟာ အိမ်ရာနေရာတို့၊ ဂူသချိင်္ုင်းနေရာတို့ ဆောက်တော့မယ်ဆိုရင် ဘယ်နေရာမှာဆောက်ရမယ်၊ဘယ်ဘက်ကို မျက်နှာမူ ရမယ်စတဲ့ အယူအဆလေးတွေကို ပြောချင်တာနော်၊

ဟုတ်ပါတယ် ၊ရှေးတုန်းကဆိုရင် ကိုယ့်ရဲ့ဘိုးဘွားမိဘတွေကို သဂြိုဟ်မှုမပြုခင်ကမြေနေရာ ကောင်ကောင်းရွေးရမယ်၊ တကယ်လို့ကောင်းတဲ့မြေနေရာတွေကိုရွေးပြီး သဂြိုဟ်တယ်ဆိုရင် နောင်လာနောက်သားတွေကချမ်းသာကြွယ်ဝမှု၊ကျန်းမာမှုစတဲ့ ကောင်းကျိုးများစွာကို ခံစားနိုင်မှာ ဖြစ်သလို၊နေရာကောင်းကို မရွေးချယ်ခဲ့ဘူးဆိုရင် နောင်လာနောက်သားတွေဟာ ဒုက္ခဆင်းရဲနဲ့ ကြုံတွေ့နိုင်တယ်လို့ ယူဆပြီး အဲလို နေရာကောင်းကောင်းရွေးချယ်ခဲ့တာပါ။

အော၊ဟုတ်လား၊ဒါလည်းအယူသီးမှုတစ်ခုပဲလို့ ပြောနိုင်မလားရှင်၊ တကယ်တော့အဲလို နေရာ ကောင်းကောင်းရွေးရတဲ့ အဓိကအချက်က လေကောင်းလေသန့်ရလား၊ရေကောင်းရေသန့်ရလား စတာတွေကိုကြည့်တာပဲဖြစ်ပါတယ်လို့ အားမာန်  သိထားတာလေ၊ဟုတ်တယ်မဟုတ်လားရှင်၊

ဟုတ်ပါတယ်၊အခုနောက်ပိုင်းတော့အဲဒိ အတတ်ပညာဟာ တစ်ဖြည်းဖြည်းကျယ်ပြန့်လာပြီး အိမ်သစ်ဆောက်ရာမှာ၊ပရိဘောဂပစ္စည်းထားရာမှာ၊အိမ်မွမ်းမံရာမှာ စတဲ့နေရာအတော်များများမှာ အဲဒိပညာရပ်အတိုင်းလူတွေက လိုက်လုပ်လာကြပါတယ်၊

ဟုတ်တယ်နော်၊အရင်တုန်းက အယူသီးတယ်လို့ပြောနေကြပေမဲ့ အခုတော့ ဘယ်နေရာမှာပဲဖြစ်ဖြစ် တိုက်ဆောက်မယ်၊အိမ်ပြင်ဆင်မှုတွေလုပ်တော့မယ် ဆိုရင် Feng Shui အတတ်ပညာနဲ့ စပြီးလုပ်လေ့ ရှိနေကြပြီလေ၊ အဲဒိ Feng Shui အတတ်ပညာရှင်တွေက ဟောင်ကောင်ကလာတဲ့သူတွေလို့ ကြားဖူးတယ်လေ၊

ဟုတ်တာပေါ့၊သူတို့အတွက် ဥာဏ်ပူဇော်ခကို တရုတ်ယွမ်ငွေ တစ်သန်းလောက်ပေးရတယ်ဆိုပဲ၊

အော၊ဟုတ်လားရှင်၊ဒါနဲ့ အားမာန်ကြားဖူးတာက တရုတ်ပြည်တောင်ပိုင်းဒေသတစ်ချို့မှာ ဂူသချိင်္ုင်း နေရာတွေက၊တချို့အိမ်ရာဈေးနှုန်းတွေထက်တောင် ဈေးပိုကြီးသေးတယ်တဲ့ရှင်၊အဲဒါဘာဖြစ်လို့လဲဟင်

အော၊ဒါလား၊ဒါက အဲနေရာတွေက Feng Shui အတတ်ပညာအရ နေရာကောင်းတွေဖြစ်လို့ပါ၊ဒါပေမဲ့ အရင်တုန်းကတော့ အဲဒိအတတ်ပညာကို လုံးဝခွင့်မပြုပါဘူး၊မြို့ပြတွေမှာဆို မရှိသလောက်ပါပဲ၊ ကျေးလက်ဒေသတွေမှာတော့ အမြဲတမ်းရှိနေတာပါ၊ တံခါးဖွင့်ဝါဒကျင့်သုံးပြီးတဲ့နောက်ပိုင်းမှာတော့ ဟောင်ကောင်နဲ့ထိုင်ဝမ်ဒေသတွေမှာ အဲဒိဓလေ့ကအရမ်းထွန်းကားလာတယ်၊အဲဒိနိုင်ငံတွေနဲ့ နီးစပ်တဲ့ ကွမ်းတုန်းပြည်နယ်က တူးကျန်းမြစ်ဝကျွန်းပေါ်ဒေသကိုအရင်ဆုံးပြန့်နှံ့လာတယ်။

အော၊ပြီးတော့တရုတ်ပြည်အရှေ့တောင်ပိုင်းပင်လယ်ကမ်းခြေဒေသမှာလေ လုပ်ငန်းတစ်ခုခုစလုပ် တော့မယ်ဆိုရင် Feng Shui ကောင်းမကောင်းကိုစဉ်းစားပြီးမှ လုပ်လေ့ရှိကြတယ်ဆိုပဲ၊ဟုတ်လားရှင်၊

ဟုတ်ပါတယ်၊နောက်ပြီး ဟောင်ကောင်မှာ အမြင့်ဆုံးဘဏ်ဆောက်ခဲ့တဲ့လူတစ်ယောက်အကြောင်းကို ပြောပြမယ်၊----------------------------------------------

ဟုတ်ကဲ့ပါ၊နောက်ပိုင်းမှာ နာမည်ပေးတာတို့၊နာမည်မှည့်တာတို့ကိုတောင် Feng Shui နည်းအရလုပ် လာကြတာတွေကိုတွေ့ရတယ်နော်၊ပြီးတော့ အဲလိုနာမည်တစ်လုံး ပေးတာကို ယွမ် ၁၀၀ကနေ၁၀၀၀ လောက်ထိပေးရတာလို့ကြားဖူးတယ်ရှင်။နောက်ပြီးအခုတရုတ်ပြည်မှာ အဲဒိပညာကို မျိုးဆက်မပြတ် အောင်လေ့လာနေကြသလို ပြည်ပနိုင်ငံတွေကလည်း စိတ်ဝင်စားလာကြတယ်နော်။

ဟုတ်တယ်၊ဒါက အနောက်နိုင်ငံတွေမှာက စက်မှုလုပ်ငန်းတို့၊သိပ္ပံပညာတို့ဖွံ့ဖြိုးတိုးတက်နေသလို------

စာလွှာလေးများပြန်ကြားခြင်းနှင့် Feng Sအတတ်ပညာအကြောင်း

 

   Webradio