• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ခင်နုယဉ်

(GMT+08:00) 2011-09-07 12:00:43

မင်္ဂလာပါရှင်၊ ကျွန်မနာမည်ခင်နုယဉ်ပါ။ ကျွန်မကို အများကပြောကြားတယ်၊ နာမည် နဲ့လိုက်အောင်ယဉ်ကျေးတယ်တဲ့၊ ဟုတ်မှာပေါ့နော်။ ကျွန်မကယဉ်ယဉ်ကျေးကျေး၊ ရိုးရိုး သားသားနေရတာကို သဘောကျတယ်လေ။ ကွန်ပြူတာနဲ့ဝက်ဘ်ဆိုက်တက်ပြီး စာအုပ် စာပေတွေလေ့လာဖတ်ရှုနေတဲ့ခေတ်ကြီးမှာ ကျွန်မကတော့ စာအုပ်ဆိုင်က ကိုယ်ဖတ်ချင် တဲ့စာအုပ်တွေကို ရွေးဝယ်ပြီး ဖတ်ရတာကို သဘောကျတယ်။ အထူးသဖြင့် မြန်မာစာအုပ် တွေကိုပေါ့ရှင်။ အော်၊ မြန်မာစာဆိုလို့ ကျွန်မနဲ့ မြန်မာစာပေ၊ မြန်မာစာအုပ်တွေ ဘယ်လို ရေစက်ပါသွားလဲဆိုတာပြောပြမယ်နော်။ ကျွန်မငယ်ငယ်လေးထဲက၊မြန်မာပြည်အကြောင်း ကိုကြားဖူးတယ်လေ၊ မြန်မာပြည်ဟာသယံဇာတပေါများကြွယ်ဝတယ်၊ တရုတ်ပြည်နဲ့လည်း နယ်မြေချင်းဆက်နေတာမို့ တရုတ်လူမျိုးတွေရဲ့ ဓလေ့ထုံးစံတွေနဲ့တူတဲ့ လူမျိုးတွေလည်း ရှိတယ်၊ မြန်မာနိုင်ငံလုံးမှာလည်း ရွှေရောင်ဝင်းပြားနေတဲ့ ဘုရားပုထိုးတွေ လက်ညှိးထိုး မလွဲနေရာအနှံ့ရှိတယ်။ စိမ်းလန်းစိုပြေနေတဲ့ သဘာဝတောတောင်တွေ၊ ပြာလဲ့လဲ့မိုး ကောင်းကင်အောက်က ပင်လယ်ရေပြင်ကျယ်တွေ၊ ကျွန်မကြားဖူးထားတဲ့ မြန်မာပြည် အကြောင်း စိတ်စင်စားစရာတွေကို ပြောပြနေရင်ဆုံးတော့မှာ မဟုတ်တော့ပါဘူးလေ။ ဒီလို နဲ့ပဲ အထက်တန်းအောင်ပြီး ပီကင်းနိုင်ငံခြားဘာသာသက္ကသိုလ်မှာ ၂၀၀၁ခုနှစ်ကနေ ၂၀၀၅ခုနှစ်ထိ မြန်မာဘာသာအဓိကသင်ယူခဲ့တယ်လေ၊ ဘွဲ့ရတော့လည်း ကိုယ်သင်ယူ ထားတဲ့မြန်မာဘာသာ၊ မြန်မာစာကို အကျိုးရှိရှိအသုံးချနိုင်တဲ့ဌာနတွေထဲက မြန်မာ သောတရှင်တွေနဲ့ ထိတွေ့ဆက်ဆံနိုင်တဲ့ စီအာအိုင်မြန်မာဘာသာအသံလွှင့်ဌာနကြီးမှာ အလုပ်ဝင်နိုင်ခဲ့ပါတယ်။ အခုဆိုရင် ကျွန်မဟာ မြန်မာသောတရှင်တွေအတွက် တေးဂီတ အစီအစဉ်ကို အပတ်စဉ်တင်ဆက်ပေးနေသလို မြန်မာသောတရှင်တွေအတွက် နေ့တိုင်း နေ့တိုင်း ကမ္ဘာပေါ်မှာဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေ၊ ကမ္ဘာ့နေ့စဉ်သတင်းတွေကို လည်း မြန်မာဘာသာပြန်ပေးပြီး သတင်းတွေ၊ ဆောင်းပါးတွေကိုလည်း အသံလွှင့် ပေးနေပါတယ်ရှင်။ နောင်ကိုလည်း မြန်မာသောတရှင်တွေအတွက် ဗဟုသုတရစရာ အစီအစဉ်တွေ၊ အကျိုးပြုအစီအစဉ်တွေကို တင်ဆက်ပေးသွားဖို့ ကြိုးစားနေပါတယ်နော်။

                                      --မြန်မာသောတရှင်များအားလုံးကိုချစ်တဲ့--ခင်နုယဉ်။

 

 

   Webradio