• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Hongquanquan(နွယ်နွယ်)

(GMT+08:00) 2011-09-02 10:24:28

 

ကျွန်မာက နွယ်နွယ်ဆိုတဲ့ ကောင်းမလေးပါ။ ၂၀၁၀ပြည့်နှစ် အောက်တိုဘာလ ၈ရက် နေ့ ၉နာရီတိတိကစပြီး ပီကင်းနိုင်ငံတကာအသံလွှင့်ဌာန မြန်မာဘာသာဌာနမှာ အလုပ်စ ၀င်တာလေ။ နွယ်နွယ်က ဌာနမှာ အသက်အငယ်ဆုံးပေါ့။ နွယ်နွယ်က ဒီနှစ်အသက်၂၄နှစ် ရှိပါပြီ ၊ ယုန်နှစ်မှာမွေးတဲ့မိန်းကလေးမို့ နွယ်မှာချစ်ဖို့ကောင်းတဲ့သူများတွေက ချစ်စနိုးနဲ့ခေါ် ကြတဲ့နာမည်တစ်ခုရှိသေးတယ်။ အဲဒီနာမည်က ယုန်ကလေးတဲ့။ ဘယ်လိုလဲချစ်ဖို့ကောင်း တယ်ဟုတ်။ ဒါပေမယ့် နွယ်ကယုန်ကလေးလို ဖြူဖြူဖွေးဖွေးမဟုတ်ဘူး။ နွယ်နွယ်က အ သားညိုညိုလေး။ အင်း အလှမယ်မဟုတ်ပေမယ့် ကြည်လင်သာယာတဲ့အသံနဲ့ အသံလွှင့် နိုင်ဖို့ ကြိုးစားနေသူပေါ့ရှင်။

အခုနွယ်က သတင်းဘာသာပြန်တယ်။ တစ်ယောက်ယောက်က သူ့အစီအစဉ်မှာ လာ ကူပါဆိုရင် နွယ်က ချက်ချင်းသွားကူညီပေးတယ်။ နွယ်နွယ်က သင်္ကြန်နဲ့သက်ဆိုင်တဲ့ တေး ဂီတအစီအစဉ်ကို မမခင်နုနဲ့အတူ အသံလွှင့်ဖူးတယ်လေ၊ မမြတ်နဲ့လည်း တရုတ်-မြနမာချစ် ကြည်ရေးနဲ့ပတ်သက်တဲ့အထူးအစီအစဉ်တစ်ခုလုပ်ဖူးတယ်။ နွယ်အပျော်ဆုံးဖြစ်ရတဲ့ကိစ္စ တစ်ခုက ဘာလဲသိလား။ အဲဒါ သောတရှင်ရေးပေးတဲ့စာကို ပထမဆုံးလက်ခံရတာကိုပါ။ စာကိုလက်ခံရရှိလိုက်တဲ့နွယ်နွယ့်အတွက်တော့ အားဆေးသောက်ရသလိုပဲ၊ အစီအစဉ် တွေလုပ်ဖို့လည်း အားပိုရှိလာပြီသိလား။ ဒါကြောင့် နောင်မှာလည်း နွယ်ကသောတရှင် တွေအတွက် ကောင်းတဲ့အစီအစဉ်တွေကို လုပ်ပေးမယ်နော်။ ပြီးတော့ နွယ်ကိုယ်ပိုင်အစီအ စဉ်ရှိပြီဆိုရင် သောတရှင်တွေက အားပေးရမယ်နော်၊ နော်---နော်---နော်---ဟိဟိ

ပြောရအုံးမယ်သိလား၊ နွယ်တက္ကသိုလ်တက်တုန်းက မြန်မာနိုင်ငံကိုလည်း ပညာ တော်သင်သွားခဲ့ဖူးတယ်။ ရွှေတိဂုံစေတီတော်ရဲ့ခေါင်းလောာင်းသံ၊ မန္တလေးတောင်ရဲ့နေ ထွက်အာရုဏ်ဦးအလှ၊ ဦးပိန်တံတားရဲ့နေ၀င်ဆည်းဆာအလှ၊ ပြင်ဦးလွင်ရဲ့ပန်းရောင်စုံ တွေ၊ ကန်တော်ကြီးရဲ့အေးမြတဲ့လေပြေ၊ ပုဂံရဲ့ကြည်ညိုဖွယ်စေတိများစတဲ့ မြန်မာပြည်ရှု ခင်းအလှတွေကို နွယ့်တသက်မှာ လုံးဝမမေ့နိုင်တော့ဘူးသိလား။ တခါတလေအရမ်းသတိ ရလွန်းလို့ ထပ်ခါထပ်ခါသွားတယ်ဆိုပြီး အိပ်မက်မက်တယ်လေ။ နွယ်နွယ်မြန်မာပြည်မှာ တုန်းက အများဆုံးသွားတဲ့နေရာကတော့ လက်ဖက်ရည်ဆိုင်ပါ။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ ဒီမှာ နွယ်အကြိုက်ဆုံးလက်ဖက်ရည်နဲ့ နံပြားရှိတယ်လေ။ နွယ်နွယ်ကြိုက်တဲ့မြန်မာအစား အစာတွေကတော့ လက်ဖက်သုပ်၊ သင်္လောသီးသုပ်၊ ဗူးသီးကြော်၊ မုန့်ဟင်းခါး၊ အုန်းနို့ ခေါက်ဆွဲ၊ ကြာဆံဟင်းခါး၊ ထိုးမုန့်၊ ဘိန်းမုန့်၊ ကြက်ဥပလာတာပြီးတော့ရှိသေးတယ်။ ပြော လို့မဆုံးနိုင်တော့ပါဘူးရှင်။ နွယ်ဘာဝါသနာပါလဲဆိုတော့ မြန်မာရုပ်ရှင်ဇာတ်ကားတွေ ကြည့်တာနဲ့ မြန်မာသီချင်းဆိုတာကိုပါ။ အခွင့်သာရင် အစီအစဉ်ထဲမှာ ဆိုပြမယ်နော်။

နွယ်နွယ့်ကိုခင်တယ်ဆိုရင် စီအာအိုင်မြန်မာပိုင်းအစီအစဉ်ကို နားထောင်ပါ၊ အားပေးပါ နော်။

   Webradio