• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Luo Hun ပထမပိုင်း

(GMT+08:00) 2011-08-26 22:30:50

 

မေအားမာန်--အားမာန်ချစ်ရတဲ့သောတရှုင်အပေါင်းတို့ရှင်၊ဒီတစ်ပတ်အားမာန်တို့ရဲ့အစီအစဉ်လေးကို တရုတ်ပြည်ကလူငယ်တော်တော်များများ အင်မတိအင်မတန်သဘောကျပြီးလက်တွေ့ အကောင်အထည်ဖော်ကျင့်သုံးနေတဲ့ အိမ်ထောင်ပြုခြင်းနဲ့ပတ်သက်တဲ့အကြောင်းလေး တွေကိုစီအာအိုင်မင်းသားကြီးတစ်ဦးဖြစ်တဲ့ ဦးခင်မောင်ဝင်းနဲ့ တင်ဆက်ပေးမှာဖြစ်ပါတယ် ရှင်၊သောတရှင်တို့လည်းအခုလောက်ဆို စိတ်ဝင်စားသိချင်နေကြပြီလို့ အားမာန်ထင်ပါ တယ် ဦးခင်မောင်ဝင်းရေ။

ဦးခင်မောင်ဝင်း- ဟုတ်တာပေါ့ ခင်ဗျာ၊ကဲ ဆက်ပါဦး။

မေအားမာန် - အခုတစ်လောလူတော်တော်များများ စိတ်ဝင်စားနေကြတဲ့ တီဗွီ ဇာတ်လမ်းတွဲလေး တစ်ခုကနေမှ လူကြိုက်များအသုံးပြုလာတဲ့ဝေါဟာရလေးတစ်ခုက  ဘာပါလဲ ဦးခင်မောင်ဝင်းရယ်၊သောတရှင်တွေသိရအောင်ပြောပြပေးဦးနော်၊

ဦး----ဟုတ်ကဲ့  အဲဒိ စကားလုံးလေးကတော့ luo huan လို့ခေါ်ပါတယ်၊

မေ---အော ဟုတ်ကဲ့ပါရှင်၊တစ်လက်စတည်းနဲ့ အဲဒိစကားလုံး လေးရဲ့ အဓိပ္ပါယ်လေးကို ပါပြောပြပါဦးလေ။

ဦး----ဒါက ဒီလိုပါ၊ အဆောင်ယောင်မပါဘဲအိမ်ထောင်ပြုခြင်း လို့ပြောရမလားပါပဲ၊

မေ---အော ဒါဆိုရင်အခုခေတ်လူငယ်တွေက အကုန်အကျအတွက်လည်း စိတ်မပင်ပန်းရ၊ ချစ်ရတဲ့သူအချင်းချင်းလည်း ဆုံစည်းရလို့ အားလုံးက စိတ်ဝင်စားကြိုက် နှစ်သက်ကြတာ လို့ ထင်ပါရဲ့နော်၊ပြီးတော့ ဘယ်အသက်အပိုင်းအခြားလောက်သူတွေက အဲဒိလိုလုပ်လေ့ရှိ တာလဲ ဟင်၊

ဦး----ဟုတ်ပါတယ်၊၁၉၈၀ ခုနှစ်နောက်ပိုင်းမွေးသူတွေ၊အသက်အားဖြင့်ဆိုရရင် အသက် ၂၀နဲ့၃၅ ကြားအိမ်ထောင်ပြုမယ့်လူငယ်တွေက အခုခေတ်မှာအဲလိုမျိုးအိမ်ထောင်ပြုလေ့ရှိ တတ်ကြပါတယ်။

မေ-- အဲလိုလုပ်လာရတဲ့အဓိကအကြောင်းရင်းကဘာဖြစ်မယ်လို့ထင်ပါလဲရှင်။

ဦး--အင်း၊ဒါကတော့၊အိမ်ရာဈေးနှုန်းတွေတက်လာတာရယ်၊စားဝတ်နေရေးတွေ ကျပ်တည်းလာကြတာတွေရယ်ကတော့ အဓိကဖြစ်နိုင်တာပေါ့၊

မေ--အားမာန်တို့မြန်မာဓလေ့ထုံးစံဆိုရင်အိမ်ထောင်ပြုတော့မယ်ဆိုရင်အချိန်ယူပြီး လေးလေးနက်နက်စဉ်းစားလေ့ရှိပါတယ်၊ဒါကြောင့်ရှေးလူကြီးတွေကအိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည်စုတ်ထိုး ဆိုပြီးတော့တောင် ပြောလေ့ရှိတာမဟုတ်လားရှင်၊ ဒီသုံးခုကိုမလုပ်ခင်တည်းကသေချာစဉ်းစားပြီးလုပ်သင့်တယ်၊တကယ်လို့အလျင်စလိုလုပ်မိလို့ တစ်ခုခုမှားယွင်းသွားမယ်ဆိုရင် ပြန်ပြင်လို့ မရနိုင်တော့တဲ့ အရာ သုံးမျိုးလို့ဖြစ်လို့ ရှေးပညာရှိကြီးတွေကသတိပေးထားတာက အဲသုံးမျိုးကို ချက်မပိုင်လျှင်၊နောင်ပြင်နိုင် ခက်တဲ့အမျိုးလို့ဆုံးမထားတာနော်၊ဒါကြောင့်အိမ်ထောင်ရေးဆိုတာဟာတကယ်ကို အရေးကြီးတယ်မဟုတ်လားရှင်၊

ဦး---- ဟုတ်ပါတယ်၊တရုတ်ဓလေ့ထုံးစံကလည်း အိမ်ထောင်ပြုဖို့ဆိုရင်အင်မတန်အလေး အနက်ထားတတ်တာပါ၊လက်မထပ်ခင်ကြိုတင်ပြင်ဆင်ခဲ့ရတာတွေကလည်းအများသားပဲ မဟုတ်လား၊ဒါကြောင့် အခုခောတ်လူတွေက အဲလိုပြင်ဆင်မှုတွေများတာရယ်ပြီးတော့ အကျပ်အတည်းတွေအမျိုးမျိုးကိုရင်ဆိုင်လာရတာဆိုတော့ အခုလို လက်ထပ်တာကိုပိုပြီး စိတ်ဝင်စားလားကြတာလို့ထင်ပါရဲ့၊

မေ--ဟုတ်ပါလိမ့်မယ်၊ အဓိက ကတော့မေတ္တာစစ်မေတ္တာမှန်နဲ့တစ်ယောက်ကို တစ် ယောက်ချစ်ကြပြီး၊ဖြစ်လာမယ့်အကြောင်းအရာတိုင်းကိုအတူဖြေရှင်းနိုင်ရင်အဆင်ပြေ ချောမွေ့ပျော်ရျွှင်ကြမှာလို့ အားမာန် ထင်ပါတယ်ရှင်၊

ဟုတ်ကဲ့၊ဒီတစ်ပတ်တော့အားမာန်တို့ရထားတဲ့အချိန်အတိုင်းအတာလေးလည်းပြည့်သွားပြီမို့ဒီနေ့အစီအစဉ်လေး

ကိုဒီမျှနဲ့ရပ်နားလိုက်ပါတယ်ရှင်၊နောက်တစ်ပတ်မှာလည်းပြောလက်စလေးမပြတ်သေးတာ

မို့စောင့်မျှော်နားဆင်ပေးကြပါဦးနော်။

 

   Webradio