တရုတ် ဝန်ကြီးချုပ် လီခေ့ချန်၏ အစိုးရလုပ်ငန်း အစီရင်ခံစာ

 

တရုတ် ဝန်ကြီးချုပ် လီခေ့ချန်သည် ၁၂ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် စတုတ္ထအကြိမ် အစည်းအဝေးတွင် အစိုးရ လုပ်ငန်း အစီရင်ခံစာကို တင်ပြသည်။

 

၂၀၁၅ ခုနှစ်က လုပ်ငန်းများနှင့် ပတ်သက်ပြီး လီခေ့ချန်က၊ လွန်ခဲ့သည့်နှစ် တစ်နှစ် အတွင်း တရုတ်နိုင်ငံ ဖွံ့ဖြိုးရေးတွင် အခက်အခဲနှင့် စိန်ခေါ်မှုများကို ရင်ဆိုင် ခဲ့ရ သော်လည်း ရဲဘော် ရှီကျင့်ဖိန်က ပါတီ အထွေထွေ အတွင်းရေးမှူး အဖြစ် ထမ်းဆောင်သော ပါတီ ဗဟို ကော်မတီ၏ အားကောင်းစွာ ဦးဆောင်မှုဖြင့် တစ်ပြည်လုံး တိုင်းရင်းသား ပေါင်းစုံ တို့သည် အခဲအခက်များကို ကျော်လွှားပြီး တစ်နှစ်တာလုံး အဓိက တာဝန် ရည်မှန်းချက်များကို ကောင်းမွန်စွာ ဖေါ်ဆောင်နိုင်ခဲ့ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ စီးပွါးရေး လည်ပတ်မှုကို တရားနည်းလမ်းကျသော ဘောင်အတွင်း ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း၊ ပြည်တွင်း ကုန်ထုတ်လုပ်မှု စုစုပေါင်း ပမာဏမှာ တရုတ် ယွမ်ငွေ ဘီလီယံ ၆ သောင်း၇၇၀၀ အထိ ရှိပြီး တိုးတက်နှုန်းမှာ ၆့ ၉ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ မြို့ပြ အလုပ်အကိုင် နေရာသစ် ၁၃၁ သိန်း ၂ သောင်းကျော် တိုးများလာကြောင်း ပြောကြား သည်။

 

လီခေ့ချန်က၊ စီးပွါးရေး ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးတွင် အပြုသဘော ဆောင်သော တိုးတက်မှု ရရှိနိုင်ခဲ့ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ ဆန်းသစ်တီထွင်ရေးဖြင့် ဖွံ့ဖြိုးမှုကို တွန်းအားပေးရေး မဟာဗျူဟာကို ဆက်တိုက် တိုးမြှင့်ပြီး တစ်နှစ်တာလုံး အသစ် မှတ်ပုံတင် လုပ်ငန်းကုမ္ပဏီ ပမာဏမှာ ၂၁့ ၆ ရာခိုင်နှုန်း တိုးများလာကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ ပြည်သူပြည်သား၏ နေထိုင်မှုဘဝ တဆင့်တိုး တိုးတက် ကောင်းမွန် လာကြောင်း၊ တစ်ပြည်လုံး ပြည်သူများ၏ လူတစ်ဦးချင်း ပျမ်းမျှ ဝင်ငွေမှာ ၇့ ၄ ရာခိုင်နှုန်းခန့် လက်တွေ့ကျ တိုးတက်လာပြီး စီးပွါးရေး တိုးတက်နှုန်းထက် ပိုပြီး လျင်မြန်ပါကြောင်း၊ ဆင်းရဲမှု ပပျောက်ရေးလုပ်ငန်းကို အားဖြည့် ဆောင်ရွက်ကာ ကျေးလက် ဆင်းရဲသူ ဦးရေမှာ ၁၄၂ သိန်း ၂ သောင်းခန့် လျော့နည်းလာကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ သိပံ္ပနည်းပညာနယ်ပယ်၌ ဆန်းသစ်တီထွင်မှု အောင်ကျိုးများသည် ကမ္ဘာ့ ခေတ်မီ စံချိန် ရောက်နိုင်ခဲ့ကြောင်း၊ တတိယဆက်မြောက် နျူကလီးယား လျှပ်စစ်ဓါတ်အားပေး နည်းပညာတွင် အရေးကြီး တိုးတက်မှု ရရှိခဲ့ကြောင်း၊ တူယူယူသည် ဖီဆီအိုလိုဂျီ သို့မဟုတ် ဆေးပညာ နိုဗယ်ဆုကို ရရှိခဲ့ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ လွန်ခဲ့သည့်နှစ်က တိုးတက်အောင်မြင်မှုများကို လွန်စွာ ရှုပ်ထွေး ပွေလီသော နိုင်ငံတကာ ပတ်ဝန်းကျင်၌ ရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ လွန်ခဲ့သည့်နှစ်တွင် ကမ္ဘာ့ စီးပွါးရေး တိုးတက်နှုန်းမှာ ၆ နှစ်အတွင်း အနိမ့်ဆုံး ဖြစ်ပြီး နိုင်ငံတကာ ကုန်သွယ်မှု တိုးတက်ခြင်း နှေးကွေးကြောင်း၊ တရုတ်ပြည်၏ တိုးတက်အောင်မြင်မှုများကို ပြည်တွင်း စီးပွါးရေး တိုးတက်နှုန်း ကျဆင်းလာခြင်း ဖိအား တိုးလာနေသည့် အခြေအနေမျိုးတွင် ရရှိ ခဲ့ခြင်း ဖြစ်ကြောင်း၊ တရုတ်ပြည် စီးပွါးရေး စုစုပေါင်း ပမာဏမှာ ယွမ် ဘီလီယံ ၆ သောင်းကျော် ရှိသည့် အခြေခံပေါ်တွင် ရရှိခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

လီခေ့ချန်က၊ တစ်နှစ်အတွင်း မိမိတို့သည် အောက်ပါ လုပ်ငန်းများကို ဆောင်ရွက် ခဲ့ကြောင်း၊ ပထမ အနေနှင့် စီးပွါးရေး မှန်မှန် တိုးတက်စေရေး၊ စီးပွါးရေး ဖွဲ့စည်းပုံ ပြပြင် ပြောင်လဲရေးနှင့် အန္တရာယ်များ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အားဖြည့် ဆောင်ရွက်ပြီး မက္ကရို စီးပွါးရေး စီမံ ထိန်းချုပ်ရေး ပုံစံကို ဆန်းသစ်ခဲ့ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ ဒုတိယ အနေနှင့် ဈေးကွက် ရှင်သန်မှု တွန်းအားပေးရေးကို အားဖြည့် လုပ်ဆောင် ခဲ့ကြောင်း၊ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး လုပ်ငန်းကို အားသစ် လောင်းပေးခဲ့ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ ဘဏ္ဍာရေးနှင့် ငွေကြေးလုပ်ငန်း အပါအဝင် အဓိက လုပ်ငန်း နယ်ပယ်များ၌ ပြုပြင်ပြောင်းလဲမှုကို ဇောက်ချ တွန်းအားပေးခဲ့ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ လွန်ခဲ့သည့်နှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို အမေရိကန် ဒေါ်လာ ၁၂၆့ ၃ ဘီလီယံကို အသုံးပြုခဲ့ပြီး ၂၀၁၄ ခုနှစ်ကထက် ၅့ ၆ ရာခိုင်နှုန်း တိုးများ လာကြောင်း၊ ငွေကြေး မဟုတ်သော လုပ်ငန်းနယ်ပယ်၌ နိုင်ငံခြား၌ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၁၈ ဘီလီယံ ရှိပြီး ၁၄့ ၇ ရခိုင်နှုန်း တိုးများလာကြောင်း၊ အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံရေးဘဏ်ကို တရားဝင် တည်ထောင်ခဲ့ပြီး ပိုးလမ်းမကြီး ရန်ပုံငွေကို အသုံးပြုနေပြီ ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ တတိယ အနေနှင့် ကုန်ပစ္စည်း အရည်အသွေး တိုးမြှင့်ရေးနှင့် အကျိုးဖြစ်ထွန်းမှု တိုးမြှင့်ရေးကို အလေးထား ဆောင်ရွက်ခဲ့ကြောင်း၊ ကုန်ထုတ်လုပ်မှု ဆန်းသစ်တီထွင်ရေးနှင့် အဆင့်မြှင့်တင်ရေးကို တွန်းအားပေးခဲ့ကြောင်း၊ လွန်ကဲစွာ ကုန်ထုတ်လုပ်မှု ပြဿနာကို အလေးထား ကိုင်တွယ် ဖြေရှင်းခဲ့ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ စတုတ္ထ အနေနှင့် ဖွံ့ဖြိုးမှု အခွင့်အလမ်းများ ဖေါ်ထုတ်ရေး လုပ်ငန်းကို အားဖြည့် ဆောင်ရွက်ပြီး ဒေသဆိုင်ရာ ညီမျှစွာ ဖွံ့ဖြိုးရေးနှင့် အမျိုးအစားသစ် မြို့ပြ တည်ဆောက်ရေးလုပ်ငန်းကို တွန်းအားပေးခဲ့ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ ပဉ္စမ အနေနှင့် ပြည်သူပြည်သားများ၏ နေထိုင်မှုဘဝ တိုးတက် ကောင်းမွန်ရေးကို ရှေးရှုပြီး လူမှုရေးလုပ်ငန်း ပြုပြင်ပြောင်းလဲမှုနှင့် ဖွံ့ဖြိုး တိုးတက်မှုကို တွန်းအားပေးခဲ့ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ ဆဌမ အနေနှင့် လူမှု သင့်ဖြတ်ရေးနှင့်် တည်ငြိမ်ရေးကို အားသစ် လောင်းပေးပြီး ဥပဒေနှင့်အညီ စီမံအုပ်ချုပ်ရေးနှင့် စီမံအုပ်ချုပ်မှု အသွင်ပုံစံ ဆန်းသစ်ရေးကို တွန်းအားပေးခဲ့ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ တစ်နှစ်အတွင်း ကဏ္ဍစုံ သံတမန်ရေး လုပ်ငန်းတွင် တိုးတက် အောင်မြင်မှုများစွာကို ရရှိခဲ့ကြောင်း၊ တာဝန်ကြေပွန်စွာ ထမ်းဆောင်သော နိုင်ငံကြီး တစ်နို်င်ငံ အဖြစ်ဖြင့် တရုတ်နိုင်ငံသည် နိုင်ငံတကာနှင့် ဒေသရေးရာများတွင် အရေးကြီးသည့် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေခဲ့ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ လွန်ခဲ့သည့်နှစ် တိုးတက်အောင်မြင်မှုများကို အတည်ပြု ချီးကျူးရသည့် တချိန်တည်းတွင် တရုတ်ပြည် ဖွံ့ဖြိုးမှုတွင် အခက်အခဲနှင့် ပြဿနာ မနည်းသေးဟု ခေါင်းအေးအေးဖြင့် မြင်တွေ့ပါကြောင်း၊ လွန်ခဲ့သည့်နှစ်တွင် သွင်းကုန် ပို့ကုန် ပမာဏ ကျဆင်းလာကြောင်း၊ ရင်းနှီးမြှုပ်နှံမှု တိုးတက်ခြင်းမှာ အားနည်းကြောင်း၊ လုပ်ငန်း နယ်ပယ် အချို့၌ လွန်ကဲစွာ ကုန်ထုတ်လုပ်မှု ပြဿနာ ပြင်းထန်ဆိုးဝါးနေကြောင်း၊ လွန်ခဲ့သည့်နှစ်တွင် တုန်းဖမ်းကြည်ရှင်း ခရီးသည်တင် သင်္ဘော တိမ်းမှောက် နစ်မြုပ်မှုနှင့် ထျန်ကျင်းမြို့ ပေါက်ကွဲ မီးလောင်မှုကြီး ဖြစ်ပွါးခဲ့ရာ လူများစွာ သေကြေ ဒဏ်ရာ ရရှိ ခဲ့ကြောင်း၊ မိမိတို့သည် သက်ဆိုင်ရာ ပြဿနာများကို အစွမ်းကုန် ဖြေရှင်းပေးရမည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ ၂၀၁၅ ခုနှစ်သည် ၁၂ ခုမြောက် ငါးနှစ်စီမံကိန်း၏ နောက်ဆုံးနှစ် ဖြစ်ကြောင်း၊ စီမံကိန်းပါ အဓိက ရည်မှန်းချက်များကို ဘက်စုံ ဖေါ်ဆောင်ပြီ ဖြစ်ကြောင်း၊ ပထမ အနေနှင့် စီးပွါးရေး ဆက်တိုက် မြန်မြန် မှန်မှန် တိုးတက်လာကြောင်း၊ ဒုတိယ အနေနှင့် စီးပွါးရေး ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲမှုတွင် တိုးတက်မှုကြီးများ ရရှိ ခဲ့ကြောင်း၊ တတိယ အနေနှင့် အခြေခံ အဆောက်အအုံ အရည်အချင်း ဘက်စုံ တိုးတက် လာကြောင်း၊ စတုတ္ထ အနေနှင့် သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုတွင် ထိုးဖေါက်တိုးတက်မှုများ ရရှိ ခဲ့ကြောင်း၊ ပဉ္စမ အနေနှင့် ပြည်သူလူထု၏ နေထိုင်မှုဘဝမှာ ထင်ရှားသိသာစွာ တိုးတက် လာခဲ့ကြောင်း၊ ဆဌမ အနေနှင့် လူမှုရေး တိုးတက်မှုနယ်ပယ်၌ အောင်မြင်မှုများ ရရှိ ခဲ့ကြေင်း ပြောကြားသည်။

 

၁၃ ခုမြောက် ငါးနှစ်စီမံကိန်းကာလအတွင်း အဓိက ရည်မှန်းချက် တာဝန်များနှင့် ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး လီခေ့ချန်က၊ လာမည့် ၅ နှစ်အတွင်း စီးပွါးရေး လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များတွင် အောက်ပါ နယ်ပယ် ၆ ခုကို အလေးထားကြောင်း ပြောကြားသည်။

လီခေ့ချန်က၊ စီးပွါးရေး အသင့်အတင့် မြန်ဆန်စွာ တိုးတက်မှုကို ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ ဆန်းသစ်တီထွင်မှု၏ ဦးဆောင် အခန်းကဏ္ဍကို အားဖြည့်သွားမည် ဖြစ်ပြီး ဖွံ့ဖြိုးရေး အတွက် အင်အားကောင်း တွန်းအားကို ထည့်သွင်းပေးမည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ အမျိုးအစားသစ် မြို့ပြ တည်ဆောက်ရေးနှင့် လယ်ယာ စိုက်ပျိုးရေး ခေတ်မီရေးလုပ်ငန်းကို တွန်းအားပေးမည် ဖြစ်ပြီး ကျေးလက်နှင့် မြို့ပြ ညီမျှစွာ ဖွံ့ဖြိုး တိုးတက်မှုကို တွန်းအားပေးမည် ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ရောက်သည့်အခါ မြို့နေ ပြည်သူ ဦးရေကို ၆၀ ရာခိုင်နှုန်း ရှိမည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ ညစ်ညမ်းမှုမဲ့ ကုန်ထုတ်လုပ်မှု အသွင်ပုံစံ ဖြစ်တည်လာအောင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ပတ်ဝန်းကျင် လျင်မြန်စွာ ကောင်းမွန်လာအောင် ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ ပြုပြင်ပြောင်းလဲမှုကို ဇောက်ချပြုလုပ်မည် ဖြစ်ကြောင်း၊ ဖွံ့ဖြိုးရေး ဆိုင်ရာ စနစ်သစ်ကို ရေးဆွဲချမှတ်မည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ ပြည်သူပြည်သား သက်သာချောင်ချိရေးလုပ်ငန်းကို တွန်းအားပေးမည် ဖြစ်ပြီး ပြည်သူတစ်ရပ်လုံးကို ဖွံ့ဖြိုးမှု အောင်ကျိုးများကို မျှဝေ ခံစားစေမည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ ၁၃ ခုမြောက် ငါးနှစ်စီမံကိန်း ကာလအတွင်း လူမှုရေး စီးပွါးရေး ဖွံ့ဖြိုးမှု လုပ်ငန်းကို ကောင်းအောင် လုပ်ဆောင်လိုလျှင် အောက်ပါ အချက် သုံးချက်ကို အလေးထား ကိုင်တွယ်ထားရမည် ဖြစ်ကြောင်း၊ ပထမ အချက်မှာ ဖွံ့ဖြိုးမှုကို အရေး အကြီးဆုံး လုပ်ငန်းတာဝန် အဖြစ် စွဲစွဲမြဲမြဲ ထားရခြင်း ဖြစ်ကြောင်း၊ ဒုတိယ အချက်မှာ စီးပွါးရေး ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲမှုကို အစွမ်းကုန် တွန်းအားပေးရခြင်း ဖြစ်ကြောင်း၊ တတိယ အချက်မှာ ဖွံ့ဖြိုးရေးဆိုင်ရာ တွန်းအား လှည့်ပြောင်းရေး လုပ်ငန်းကို ပိုမို လျင်မြန်စွာ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ မိမိတို့သည် လာမည့် ငါးနှစ် လုပ်ငန်းများ အပေါ် ယုံကြည်စိတ် အပြည့်အဝ ရှိကြောင်း ပြောကြားသည်။

 

၂၀၁၆ ခုနှစ်၏ အဓိက လုပ်ငန်းများနှင့် ပတ်သက်ပြီး လီခေ့ချန်က၊ ယခုနှစ်သည် အသင့်အတင့် ချောင်လည်သော နေထိုင်မှုဘဝ ဘက်စုံ တည်ထောင်ရေးဆိုင်ရာ သော့ချက်ကျသည့် ပထမနှစ် ဖြစ်သည့်အပြင် စီးပွါးရေး ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း တွန်းအားပေးရန် သော့ချက်ကျသော နှစ်တစ်နှစ်လည်း ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ ယခုနှစ်၏ အဓိက ရည်မှန်းချက်မှာ ဂျီဒီပီ တိုးတက်နှုန်း ၆့  ၅ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းအထိ ရှိစေရန်၊ စားသုံးကုန် ဈေးနှုန်း တိုးနှုန်း ၃ ရာခိုင်နှုန်း ဝန်းကျင် ရှိစေရန်၊ မြို့ပြ အလုပ်အကိုင်နေရာသစ် သန်း ၁၀ ကျော် ရှိစေရန်၊ သွင်းကုန်ပို့ကုန် လုပ်ငန်း ပြန်လည် ဦးမော့လာစေရန် စသဖြင့် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ ဂျီဒီပီ တိုးတက်နှုန်း ၆့  ၅ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းအထိ ရှိစေရန် သတ်မှတ်ခြင်းသည် အလုပ်အကိုင်နေရာ ချထားမှုကို ပြည့်ပြည့်ဝဝ ဖေါ်ဆောင်စေဖို့ အတွက် ရည်ရွယ်ထားကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ အခြေအနေကို ပေါင်းရုံးသုံးသပ်လျှင် ယခုနှစ်တွင် တရုတ်ပြည် ဖွံ့ဖြိုးမှုတွင် ရင်ဆိုင်ရမည့် အခက်အခဲ ပိုမို များပြားပြီး စိန်ခေါ်မှု ပိုမို များပြားမည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ ယခုနှစ်တွင် အောက်ပါလုပ်ငန်းနယ်ပယ် ဂ ခုမှ လုပ်ငန်းများကို အဓိကထား လုပ်ဆောင်မည် ဖြစ်ကြောင်း၊ မက္ကရို စီးပွါးရေး မူဝါဒ ပိုမို တည်ငြိမ်လာအောင်၊ ပိုမို ပြည့်စုံ ကောင်းမွန်လာအောင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ စီးပွါးရေး လည်ပတ်မှုကို တရားနည်းလမ်းကျသည့် မူဘောင်အတွင်း ထိန်းသိမ်းထားမည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ တက်ကြွသော ဘဏ္ဍာရေး မူဝါဒကို တွန်းအားပေးရမည် ဖြစ်ကြောင်း၊ ယခုနှစ်တွင် ဘဏ္ဍရေး လိုငွေပြမှု ပမာဏမှာ ယွမ် ဘီလီယံ ၂၁၈၀ ကို စီစဉ် ထားပြီး ၂၀၁၄ ခုနှစ်ကထက် ဘီလီယံ ၅၆၀ တိုးမည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ ဘဏ္ဍာရေးနှင့် အခွန် ကောက်ယူရေး စနစ် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းကို ပိုမို လျင်မြန်စွာ လုပ်ဆောင်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ တည်ငြိမ်သော ငွေကြေး မူဝါဒကို ပျော့ပြောင်းပြီး သင့်လျော်စွာ ဖေါ်ဆောင်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ ငွေကြေး စနစ် ပြုပြင်ပြောင်းလဲမှုကို ဇောက်ချ ပြုလုပ်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ ကုန်စည်ဖြန့်ဖြူးမှု ဘေးပန်း ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲမှုကို တွန်းအား ပေးရမည် ဖြစ်ပြီး ဆက်တိုက် ဖွံ့ဖြိုး တိုးတက်ရေး တွန်းအားကို အားဖြည့် ရမည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ စီမံအုပ်ချုပ်မှု အာဏာကို အခြေခံ လုပ်ငန်းဌာနများအား လွှဲပြောင်းပေးခြင်း၊ စီမံအုပ်ချုပ်မှု အစီအစဉ် အဆင်ပြေ လွယ်ကူစေရေး၊ ဝန်ဆောင်မှု လုပ်ငန်း ဇောက်ချ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ ပြည်သူတစ်ရပ်လုံး လုပ်ငန်း ထူထောင်ရေးနှင့် ဆန်းသစ် တီထွင်ရေး ဆိုင်ရာ ကိန်းအောင်းစွမ်းအားကို ပြည့်ပြည့်ဝဝ ဖေါ်ထုတ်ရမည် ဖြစ်ကြောင်း၊ လုပ်ငန်း ဌာနများ၏ ဆန်းသစ်တီထွင်ရေးဆိုင်ရာ ပင်မ အဆင့််နေရာ ခိုင်မာ လာအောင် လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ သိပ္ပံနည်းပညာ စီမံအုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းကို လေးနက်စွာ ပြုလုပ်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ လွန်ကဲစွာ ကုန်ထုတ်လုပ်မှုပြဿနာကို အစွမ်းကုန် ကိုင်တွယ် ဖြေရှင်းရမည် ဖြစ်ကြောင်း၊ ကုန်ကျစရိတ် လျော့နည်းအောင်နှင့် အကျိုးဖြစ်ထွန်းမှု တိုးမြင့် လာအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု ဖြန့်ဖြူးရေးလုပ်ငန်း ကောင်းမွန် လာအောင် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စားသုံးကုန် အရည်အသွေးကို တိုးမြှင့် ရမည် ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှု အဆင့်မြှင့်တင်ရေးကို တွန်းအားပေးရမည် ဖြစ်ကြောင်း၊ ခေတ်မီ ဝန်ဆောင်မှုကို အားသစ်လောင်းပေးရမည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ နိုင်ငံတော်ပိုင် လုပ်ငန်းဌာနများ ပြုပြင်ပြောင်းလဲမှုကို အစွမ်းကုန် တွန်းအား ပေးရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်ပိုင် လုပ်ငန်းဌာနများ၏ ယှဉ်ပြိုင်စွမ်းအားကို တိုးမြှင့် ရမည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ နိုင်ငံတော်ပိုင် မဟုတ်သော လုပ်ငန်းများ ရှင်သန်စွာ ဖွံ့ဖြိုးစေရန် အားဖြည့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ ပြည်တွင်း ဝယ်လိုအားကို လေးနက်စွာ ဖေါ်ထုတ်ရမည် ဖြစ်ကြောင်း၊ ဖွံ့ဖြိုးရေးဆိုင်ရာ အခွင့်အလမ်းများကို ပိုမို ဖေါ်ထုတ်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ ကုန်ပစ္စည်း စားသုံးမှု တိုးမြှင့်ခြင်း၏ စီးပွါးရေး တိုးတက်ရေး ဆိုင်ရာ အခြေခံ အခန်းကဏ္ဍကို တိုးဖြည့်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ ထိရောက်သော ရင်းနှီးမြှုပ်နှံမှု၏ စီးပွါးရေး မှန်မှန် တိုးတက်စေရေးနှင့် ဖွဲ့စည်းပုံ ပြုပြင်ရေးဆိုင်ရာ သော့ချက်ကျ အခန်းကဏ္ဍကို တိုးဖြည့်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ အမျိုးအစားသစ် မြို့ပြ တည်ဆောက်ရေး လုပ်ငန်းကို ဇောက်ချ တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ယခုနှစ်တွင် ကျေးလက်နေပြည်သူများ မြို့နေပြည်သူအဖြစ် ပြောင်းလဲရေး၊ မြို့ပြ တန်ဖိုးနည်း အိမ်ရာ ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေ ဈေးကွက် မှန်မှန် တိုးတက်ရေး စသဖြင့်ကို တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ ဒေသချင်း ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် ပိုမို ကောင်းမွန် လာအောင် ပိုမို စနစ်တကျ ဖြစ်လာအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြေကြားသည်။

 

လီခေ့ချန်က၊ လယ်ယာစိုက်ပျိုးရေး ခေတ်မီရေးလုပ်ငန်းကို ပိုမို လျင်မြန်စွာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လယ်သမားများ၏ ဝင်ငွေ ဆက်တိုက် တိုးများလာအောင် တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲမှုကို ပိုမို မြန်ဆန်စွာ လုပ်ဆောင်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ လယ်ယာစိုက်ပျိုးရေး အခြေခံ အထောက်အကူ ခိုင်မာ လာအောင် လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ဘဏ္ဍရေး ငွေကြေး ထုတ်ပေးမှုကို အာမခံ ပေးရမည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ ကျေးလက်ဒေသ၌ အများပြည်သူ အကျိုးဆောင် လုပ်ငန်း တိုးတက် ကောင်းမွန်လာအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကျေးလက် ကားလမ်း ကီလိုမီတာ ၂ သိန်းကို ဆောက်လုပ် သို့မဟုတ် ပြုပြင်မွမ်းမံမည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ ဆင်းရဲမှု ပပျောက်ရေး လုပ်ငန်းကို ဖေါ်ဆောင်ရမည် ဖြစ်ကြောင်း၊ ယခုနှစ်တွင် ကျေးလက်နေ ဆင်းရဲသူ ၁၀ သန်းကျော် ဆင်းရဲမှု ပပျောက်စေရန် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ အရည်အသွေးမြင့် တံခါးဖွင့်ရေးလုပ်ငန်းကို တွန်းအားပေးမည် ဖြစ်ပြီး အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုကို အစွမ်းကုန် အကောင်အထည်ဖေါ် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ ပိုးလမ်းမကြီး စီးပွါးရေး စင်္ကြန်နှင့် ၂၁ ရာစု ပင်လယ် ပိုးလမ်းမကြီး တည်ဆောက်ရေးလုပ်ငန်းကို ထိထိရောက်ရောက် တွန်းအားပေးရမည် ဖြစ်ကြောင်း၊ ပိုးလမ်းမကြီး တလျှောက် ပူးပေါင်းဆောင်ရွက်ရေး စနစ် တည်ထောင်နိုင်အောင် ကြိုးပမ်းရမည် ဖြစ်ကြောင်း ပြောကြားသည်.

 

လီခေ့ချန်က၊ နိုင်ငံတကာ ကုန်ထုတ်စွမ်းအား ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရမည် ဖြစ်ကြောင်း၊ စက်တပ်ဆင်မှု၊ နည်းပညာ၊ အရည်အသွေး စံချိန်စံနှုန်းနှင့် ဝန်ဆောင်မှုများ ပြည်ပဈေးကွက်သို့ ဝင်ရောက်နိုင်ရန် တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ သွင်းကုန်ပို့ကုန် ဆန်းသစ်တီထွင်ရေး ဖွံ့ဖြိုးမှုကို တွန်းအားပေးရမည် ဖြစ်ကြောင်း၊ မူဝါဒများ ပြည့်စုံ ကောင်းမွန်လာအောင်နှင့် မြန်ဆန်စွာ ဖေါ်ဆောင်လာအောင် လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ကုန်သွယ်မှု ဖွဲ့စည်းပုံ ပိုမို ကောင်းမွန် လာအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပိုမို တက်ကြွသော သွင်းကုန် မူဝါဒကို ကျင့်သုံးရမည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အသုံးပြုရေး အရည်အချင်းကို တိုးမြှင့်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ လွတ်လပ်သော ကုန်သွယ်ရေးဇုန် မဟာဗျူဟာကို လျင်မြန်စွာ အကောင်အထည်ဖေါ်ဆောင် ရမည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု ပြုပြင်ရေးလုပ်ငန်းကို အားဖြည့် ဆောင်ရွက် ရမည် ဖြစ်ကြောင်း၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု ကင်းမဲ့စွာ တိုးတက်မှုကို တွန်းအား ပေးရမည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ လေထု ညစ်ညမ်းမှုနှင့် ရေညစ်ညမ်းမှုကို အားထုတ်ပြီး ပြုပြင် ဆောင်ရွက် ရမည် ဖြစ်ကြောင်း၊ အဓိက ဒေသများ၌ ပီအမ် ၂့ ၅ အပျစ် ဒီဂရီ ဆက်လက် လျော့နည်းအောင် ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ စွမ်းအင် ချွေတာရေးနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုမဲ့ ကုန်ထုတ်လုပ်ငန်း တိုးတက်စေရန် ကြိုးပမ်းမည် ဖြစ်ကြောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ စံချိန်စံနှုန်း လွှမ်းမိုးမှုကို တိုးချဲ့ရမည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ ဇီဝ ဂေဟ စနစ် ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းကို တိုးမြှင့်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ ပြည်သူလူထု၏ နေထိုင်မှုဘဝ တိုးတက် ကောင်းမွန်စေရန် အာမခံ ပေးပြီး လူမှုရေး တည်ထောင်မှုကို အားသစ်လောင်းပေးရမည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ အလုပ်အကိုင်နေရာကို တိုးချဲ့ပြီး လုပ်ငန်း ထူထောင်ရေးကို အစွမ်းကုန် တွန်းအားပေးမည် ဖြစ်ကြောင်း၊  ပိုမို တက်ကြွသော အလုပ်အကိုင် နေရာ ချထားရေး မူဝါဒကို ကျင့်သုံးမည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ အရည်အသွေး ပိုမို ကောင်းမွန်ပြီး ပိုမို တရားမျှတသော ပညာရေး လုပ်ငန်း ဖွံ့ဖြိုးစေရန် ကြိုးပမ်းရမည် ဖြစ်ကြောင်း၊ အလယ်ပိုင်းနှင့် အနောက်ပိုင်းဒေသ၊ ဆင်းရဲသော ဒေသများအား ပညာရေးဆိုင်ရာ ငွေကြေး ပိုမို ထုတ်ပေးမည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ ဆေးဝါးကုသရေး၊ ဆေးဝါးကုသမှု အာမခံလုပ်ငန်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကို ညှိနှိုင်း တွန်းအားပေးရမည် ဖြစ်ကြောင်း၊ တညီတညွတ်တည်းသော အစားအစာနှင့် ဆေးဝါး ဘေးအန္တရာယ် ကင်းရှင်းမှု ကြပ်မတ်ရေး စနစ် ပိုမို လျင်မြန်စွာ တည်ထောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ လူမှု အာမခံရေး ကွန်ရက်ကို ထိထိမိမိ တည်ထောင်ရမည် ဖြစ်ကြောင်း၊ အငြိမ်းစား လစာ စံနှုန်းကို ဆက်လက် တိုးမြှင့်မည် ဖြစ်ကြောင်း၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေး ပြုပြင်ပြောင်းလဲမှုကို ပြုလုပ်မည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ ယဉ်ကျေးမှု ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအား ပေးမည် ဖြစ်ကြောင်း၊ ယဉ်ကျေးမှုလုပ်ငန်း ဆန်းသစ်တီထွင်မှုကို အားဖြည့်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ လူမှုရေး စီမံခန့်ခွဲမှုကို ဆန်းသစ် အားဖြည့်မည် ဖြစ်ကြောင်း၊ သတင်း အချက်အလက်နည်းပညာကို အားကိုးပြီး ရပ်ရွာ အေးချမ်းတည်ငြိမ်မှုစနစ် တည်ထောင်ရေးကို တွန်းအားပေးမည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ လုပ်ငန်းခွင် လုံခြုံမှုနှင့် အများပြည်သူ လုံခြုံမှု လုပ်ငန်းကို စွဲစွဲမြဲမြဲ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လုံခြုံရေး အခြေခံ အဆောက်အအုံ ဆောက်လုပ်ရေးနှင့် ဘေးအန္တရာယ် လျှော့ချရေးစွမ်းအားကို တိုးမြှင့်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ အစိုးရ၏လုပ်ငန်းကို အားဖြည့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံရေး စီမံအုပ်ချုပ်စွမ်းအားနှင့် ဝန်ဆောင်မှုကို တိုးမြှင့်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ ဥပဒေနှင့်အညီ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ပြီး အစိုးရ ဌာနများ၏ လုပ်ငန်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အဆင့်ဆင့်သော အစိုးရဌာနများနှင့် အစိုးရဝန်ထမ်းများသည် ဥပဒေကို လိုက်နာ စောင့်စည်းရမည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ ကေဒါခေါင်းဆောင် သန့်စင်ရေးကို စွဲကိုင်ပြီး အဂတိ လိုက်စားမှု တိုက်ဖျက်ရေးနှင့် လုပ်နည်းလုပ်ဟန် သင့်စင်ရေးကို လေးနက်စွာ ဆောင်ရွက် ရမည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ လုပ်ငန်းတာဝန်များကို ကြိုးပမ်းတကုပ် ထမ်းဆောင်ပြီး တာဝန် ထမ်းဆောင် စွမ်းအားနှင့် သစ္စာရှိမှုကို တိုးမြှင့်ရမည် ဖြစ်ကြောင်း၊ အရည်အသွေး မြင့်မားသော အစိုးရ ဝန်ထမ်းများကို မွေးထုတ်လာအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ ဗဟိုနှင့် ဒေသခံ အစိုးရဌာနများ တပြိုင်တည်း တက်တက်ကြွကြွ ကြိုးပမ်းရမည် ဖြစ်ကြောင်း၊ ဒေသအရပ်ရပ်သည် လက်တွေ့အခြေအနေနှင့်အညီ လုပ်ငန်း ထူထောင်ရန်၊ ပြိုင်ဆိုင် ကြိုးပမ်းရန် အားပေးပါကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ တရုတ်အမျိုးသားသည် မိသားစုကြီးပင် ဖြစ်ကြောင်း၊ တိုင်းရင်းသား ပေါင်းစုံတို့ သင့်မြတ်စွာ အတူယှဉ်တွဲနေထိုင်ရေး၊ အပြန်အလှန် ကူညီထောက်ပံ့ရေးနှင့် သင့်မြတ်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို အားသစ်လောင်းပေးခြင်းသည် တိုင်းရင်းသား ပေါင်းစုံတို့၏ အရင်းခံ အကျိုးစီးပွါးနှင့် တူညီသော တာဝန်ဝတ္တရားပင် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ မိမိတို့သည် ဘာသာရေး ကိစ္စများကို ဥပဒေနှင့်အညီ စီမံအုပ်ချုပ်ခြင်းကို စွဲကိုင်ရမည် ဖြစ်ကြေင်း၊ ဘာသာရေး ဆက်ဆံမှုများ သင့်မြတ်မှုကို တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ ပင်လယ်ရပ်ခြားရောက် တရုတ်အနွယ်ဖွားများနှင့် ပြည်ပြန် တရုတ် အနွယ်ဖွားများ၏ တရားဝင် အကျိုးစီးပွါးနှင့် အခွင့်အရေးများကို ဥပဒေနှင့်အညီ ထိန်းသိမ်း ကာကွယ်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ အခြေအနေသစ်တွင် ပါတီ၏ တပ်မတော် အင်အား တောင့်တင်းရေး ရည်မှန်းချက်နှင့်အညီ တပ်မတော် တော်လှန်ရေး၊ ခေတ်မီရေးနှင့် စံမီရေးတို့ကို ဘက်စုံ အားဖြည့်ရမည် ဖြစ်ကြောင်း၊ ပါတီက တပ်မတော်အပေါ် ချွင်းချက်မဲ့ ဦးဆောင်ရေး အရင်းခံမူနှင့် စနစ်ကို စွဲကိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ မိမိတို့သည် တိုင်းပြည်တစ်ပြည် စနစ် နှစ်မျိုး၊ ဟောင်ကောင်ကို ဟောင်ကောင်သူ ဟောင်ကောင်သားများ အုပ်ချုပ်ရေး၊ မကာအိုကို မကာအိုသူ မကာအိုသားများ အုပ်ချုပ်ရေး၊ အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ရေး မူဝါဒကို ဘက်စုံ တိကျမှန်ကန်စွာ ကျင့်သုံးမည် ဖြစ်ကြောင်း၊ ပြည်မကြီးနှင့် ဟောင်ကောင်၊ မကာအို ပူးပေါင်း ဆောင်ရွက်မှု နက်ရှိုင်းလာအောင် ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ မိမိတို့သည် ထိုင်ဝမ်ရေးရာ မူဝါဒကို ဆက်လက် စွဲကိုင်မည် ဖြစ်ကြောင်း၊ ၁၉၉၂ခုနှစ် သဘောတူညီချက်ပါ နိုင်ငံရေး အခြေခံကို စွဲကိုင်မည် ဖြစ်ကြောင်း၊ ထိုင်ဝမ် သီးခြားတည်ရှိရေး လှုပ်ရှားမှုကို ပြတ်ပြတ်သားသား ကန့်ကွက်ပြီး နိုင်ငံတော် အချုပ်အခြာအာဏာပိုင်မှုနှင့် နယ်မြေတည်တံ့ပြည်စုံမှုကို ထိန်းသိမ်းကာကွယ်မည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ မိမိတို့သည် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ အပြန်အလှန် အကျိုးရှိစေရေး အလံတော်ကို ဆက်လက် ကိုင်ဆောင်ထားမည် ဖြစ်ကြောင်း၊ တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော နိုင်ငံကြီး သံတမန်ရေး အတွေးအခေါ်ကို အကောင်အထည် ဖေါ်ဆောင်မည် ဖြစ်ကြောင်း၊ နိုင်ငံတော် အချုပ်အခြာ အာဏာပိုင်မှု၊ လုံခြုံမှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အကျိုးစီးပွါးကို ထိန်းသိမ်းကာကွယ်မည် ဖြစ်ကြောင်း၊ အဓိက နိုင်ငံကြီးများနှင့် ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုကို အားသစ်လောင်းပေးမည် ဖြစ်ကြောင်း၊ ဒေသတွင်းနိုင်ငံများနှင့် ရေရှည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ပြီး သင့်မြတ်စွာ ဖွံ့ဖြိုး တိုးတက်ကြမည် ဖြစ်ကြောင်း၊ ကမ္ဘာ တောင်ဖက်ခြမ်း နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစွာ လုပ်ဆောင်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ၏ တရားဝင်ပြီး တရားနည်းလမ်း ကျသော အခွင့်အရေးနှင့် အကျိုးစီးပွါးကို ထိန်းသိမ်းမည် ဖြစ်ကြောင်း ပြောကြားသည်။

 

လီခေ့ချန်က၊ ရဲဘော် ရှီကျင့်ဖိန်က ပါတီ အထွေထွေ အတွင်းရေးမှူးအဖြစ် ထမ်းဆောင်သော ဗဟိုကော်မတီ အနီးအနားတွင် ပိုမို ရင်းနှီးစွာ သွေးစည်းညီညွတ်ပြီး၊ ယခုနှစ် စီးပွါးရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရည်မှန်းချက်များ အကောင်အထည် ဖေါ်ဆောင်စေရန် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ချမ်းသာပြီး ဒီမိုကရေစီ ကျသော ယဉ်ကျေးပြီး သင့်မြတ်သော ခေတ်မီ ဆိုရှယ်လစ် နိုင်ငံတော်ကို တည်ထောင်ရန်နှင့် အမျိုးသား ရှင်သန်ရေး တရုတ်အိပ်မက် ဖေါ်ဆောင်စေရန်အတွက် ကြိုးပမ်းရမည် ဖြစ်ကြောင်း နိဂုံးချုပ်အနေနှင့် ပြောကြားသည်။