ယခု တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်ကြသော ကိုယ်စားလှယ်များသည် မတ်လ ၁-ရက်နေ့က ကူမင်း-မြို့တွင် ဖြစ်ပွါးခဲ့သော အကြမ်းဖက်မှု၌ သေဆုံးသူများအား ၀မ်းနည်းကြေကွဲခြင်း ဖေါ်ပြသည့် အနေဖြင့်    ငြိမ်သက်စွာနေကြပါသည်။

တရုတ်ဝန်ကြီးချုပ် လီခေ့ချန်သည် ယခုလ ၅ ရက်နေ့က ၁၂ ကြိမ်မြောက် တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ် အစည်းအဝေးတွင် အစိုးရလုပ်ငန်း အစီရင်ခံစာကို တင်ပြခဲ့ပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ တရုတ်နိုင်ငံတော်ကောင်စီ ကိုယ်စား အစိုးရလုပ်ငန်း အစီရင်ခံစာကို တင်ပြမည် ဖြစ်ကြောင်း၊ ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီဝင်များ အကြံဥာဏ်ကောင်းများပေးပါရန် တောင်းဆိုလိုက်ကြောင်း ပြောကြားပါသည်။

၂၀၁၃ ခုနှစ်က လုပ်ငန်းများကို နောက်ကြောင်းပြန်သုံးသပ်ရာမှာ ဝန်ကြီးချုပ် လီခေ့ချန်က၊ လွန်ခဲ့သည့်နှစ်သည် ယခုအကြိမ်အစိုးရက ဥပဒေနှင့်အညီ လုပ်ငန်းတာဝန်များ ထမ်းဆောင်ခဲ့သည့် ပထမနှစ် ဖြစ်ကြောင်း၊ တစ်ပြည်လုံးမှ တိုင်းရင်းသားပေါင်းစုံတို့သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူးချုပ် ရှီကျင့်ဖိန် ဦးဆောင်သော ဗဟိုကော်မတီ၏ ခေါင်းဆောင်မှုဖြင့် တစ်နှစ်တာလုံး စီးပွါးရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဓိက ရည်မှန်းချက်များကို ချောမောအောင်မြင်စွာ အကောင်အထည်ဖေါ်ခဲ့ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ ၂၀၁၃ ခုနှစ်က စီးပွါးရေး လည်ပတ်မှု အခြေအနေ တည်ငြိမ်ပြီး ကောင်းမွန်ပါကြောင်း၊ ပြည်တွင်း ဂျီဒီပီ စုစုပေါင်းပမာဏမှာ ယွမ်ငွေ ဘီလီယံ၅ သောင်း ၆၉၀၀ ရှိကာ ၂၀၁၂ ခုနှစ်ကထက် ၇့ ၇ ရာခိုင်နှုန်း တိုးများလာကြောင်း၊ သွင်းကုန်ပို့ကုန် စုစုပေါင်းပမာဏမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၄ ထောင်ကျော် ရှိပြီး စံချိန်သစ်ကို တင်နိုင်ခဲ့ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ ၂၀၁၃ ခုနှစ်တွင် တရုတ်ပြည် မြို့ပြနေပြည်သူများ၏ လူတစ်ဦးချင်း ပျမ်းမျှ ဝင်ငွေ တိုးတက်နှုန်းမှာ ၇ ရာခိုင်နှုန်း ဖြစ်ပြီး ကျေးလက်နေ ပြည်သူများ၏ လူတစ်ဦးချင်း ပျမ်းမျှ အသားတင် ဝင်ငွေမှာ ၉့ ၃ ရာခိုင်နှုန်း တိုးများ လာကြောင်း၊ ကျေးလက် ဆင်းရဲသား ဦးရေ ၁၆၅ သိန်း လျော့နည်းလာကြောင်း၊ ဘဏ္ဍာရေးဝင်ငွေမှာ ၁၀့ ၁ ရာခိုင်နှုန်း တိုးများလာကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ လူမှုရေးလုပ်ငန်းများ ရှင်သန်စွာ ဖွံ့ဖြိုးတိုးတက် လာကြောင်း၊ ရှင်ကျိုး အမှတ် ၁၀ အာကာသယာဉ်ကို အောင်မြင်စွာ လွှတ်တင်ခဲ့ပြီး ချန်အို အမှတ်-၃ အာကာသယာဉ်သည် လကမ္ဘာသို့ အောင်မြင်စွာ တက်ခဲ့ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ လွန်ခဲ့သည့်နှစ်တွင် မိမိတို့သည် တည်ငြိမ်မှုထဲတွင် တိုးတက်မှု ရှာကြံသည့်မူနှင့်အညီ မြန်မြန်မှန်မှန် တိုးတက်ရေးလုပ်ငန်းကို ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း၊ ဖွဲ့စည်းပုံ ပြုပြင်ရေးနှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို တွန်းအားပေး ဆောင်ရွက်ခဲ့ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ မိမိတို့သည် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး လုပ်ငန်းကို ဇောက်ချပြုလုပ်ပြီး ဈေးကွက်ရှင်သန်မှုကို အားသစ်လောင်းပေး ခဲ့ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ နိုင်ငံတော်ကောင်စီ လုပ်ငန်းဌာနများ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းကို စနစ်တကျ ဆောင်ရွက်ပြီး စီမံအုပ်ချုပ်ရေးဆိုင်ရာ စိစစ်ရေး အစီအစဉ် ၄၁၆ ခုကို ဖျက်သိမ်း သို့မဟုတ် အောက်ခြေခံဌာနများကို အာဏာလွှဲပြောင်းပေးအပ် ခဲ့ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ မိမိတို့သည် တံခါးဖွင့်ရေးလုပ်ငန်း ဇောက်ချ  တိုးတက် လာအောင် တွန်းအားပေးပြီး ရှန်ဟိုင်း လွတ်လပ်စွာကုန်သွယ်ရေးဇုန်ကို စမ်းသပ် ထားရှိ ခဲ့ကြောင်း၊ ပိုးလမ်းမကြီး စီးပွါးရေး စင်္ကြန် ထူထောင်ရေးနှင့် ၂၁ ရာစု ပင်လယ် ပိုးလမ်းမကြီး ထူထောင်ရေးဆိုင်ရာ ကြံဆချက်ကို တင်ပြခဲ့ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ မိမိတို့သည် မက္ကရိုစီးပွါးရေး စီမံရေး အတွေးအခေါ်နှင့် အသွင်ပုံစံကို ဆန်းသစ်ပြီး စီးပွါးရေးလည်ပတ်မှု တရားနည်းလမ်းကျအောင် အာမခံပေး နိုင်ခဲ့ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ မိမိတို့သည် စီးပွါးရေးဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးကို အလေးထားပြီး ဖွံ့ဖြိုးတိုးတက်ရေး အရည်အသွေးနှင့် အကျိုးဖြစ်ထွန်းမှုကို တိုးမြှင့်ခဲ့ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ မိမိတို့သည် လယ်ယာစိုက်ပျိုးရေး အခြေခံ ခိုင်မာ လာအောင် တွန်းအားပေးကြောင်း၊ လယ်ယာစိုက်ပျိုးရေး ခေတ်မီရေး ပြုပြင်ပြောင်းလဲမှုကို အားသစ်လောင်းပေးခဲ့ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ ကုန်ထုတ်လုပ်မှု ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းကို တွန်းအားပေးပြီး ဝန်ဆောင်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးခဲ့ကြောင်း၊ မဟာဗျူဟာမြောက် ထွန်းသစ်စ ကုန်ထုတ်လုပ်မှုလုပ်ငန်းကို အားပေးထောက်ခံ ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ အခြေခံအဆောက်အအုံ ဆောက်လုပ်ရေးလုပ်ငန်းကို တွန်းအားပေးပြီး တောင်ပိုင်းကရေကို မြောက်ပိုင်းသို့ ပို့ဆောင်ရေးလုပ်ငန်း၏ ပထမ အဆင့်ကာလ လုပ်ငန်းကို လျာထားချိန်ထက်စောပြီး ပြီးမြောက်ခဲ့ပြီ ဖြစ်ကြောင်း ပြောကြားပါသည်။ 

ဝန်ကြီးချုပ် လီခေ့ချန်က၊ ဆန်းသစ်တီထွင်ရေးလုပ်ငန်းကို တွန်းအားပေးကြောင်း၊ တစ်ပြည်လုံး၌ သုတေသနပြုလုပ်ရေးဆိုင်ရာ သုံးငွေပမာဏမှာ ပြည်တွင်း ကုန်ထုတ်လုပ်မှု စုစုပေါင်းပမာဏ၏ ၂ ရာခိုင်နှုန်းကျော် ရှိကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ ပြည်သူလူထု နေထိုင်မှုဘဝ တိုးတက်ကောင်မွန် လာအောင် ထိရောက်စွာ အာမခံပေးပြီး လူမှုရေး တရားမျှတမှုကို အားသစ်လောင်းပေးခဲ့ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ ပြည်သူလူထု၏ အခြေခံ နေထိုင်မှုဘဝကို အာမခံ ပေးကြောင်း၊ တက္ကသိုလ်ဘွဲ့ရကျောင်းသူကျောင်းသားများ အတွက် အလုပ်အကိုင်နေရာ ချထားရေး စီမံကိန်းကို အကောင်အထည်ဖေါ်ဆောင်ခဲ့ကြောင်း၊ သက်ကြီးရွယ်အိုအာမခံနှင့် ကယ်ဆယ်ရေးစနစ် ထူထောင်မှုကို တွန်းအားပေးကြောင်း၊ တန်ဖိုးနည်းအိမ်ရာ ၆၆ သိန်းကျော်ကို အသစ်ဆောက်လုပ်ခဲ့ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းကို တွန်းအားပေးခဲ့ကြောင်း၊ ပညာရေးကို တွန်းအားပေးခြင်းဖြင့် ဆင်းရဲသူများအား ထောက်ပံ့ကူညီရေးလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ကြောင်း ပြောကြားပါသည်။ 

ဝန်ကြီးချုပ် လီခေ့ချန်က၊ ဆေးဝါးကုသရေးနှင့် ကျန်းမာရေး စနစ်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို ဇောက်ချပြုလုပ်ခဲ့ကြောင်း၊ အခြေခံ ဆေးဝါးကုသရေး စနစ်ကို အခြေခံအားဖြင့် တစ်နိုင်ငံလုံး၌ လွှမ်းမိုး ကျင့်သုံးလာနေပြီ ဖြစ်ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ မိမိတို့သည် ယဉ်ကျေးမှုလုပ်ငန်းများ ပုံမှန် တိုးတက်ရေးကို တွန်းအားပေးခဲ့ပြီး ယဉ်ကျေးမှုစနစ် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို ဇောက်ချ ပြုလုပ် ခဲ့ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ မိမိတို့သည် လူမှုရေး စီမံခန့်ခွဲရေး အသွင်ပုံစံ တိုးတက် လာအောင် ဆောင်ရွက်ပြီး ရပ်ရွာ အေးချမ်းတည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ လွန်ခဲ့သည့်နှစ်တွင် စီချွမ်းပြည်နယ် လူစမ်း ငလျင်ဘေး အပါအဝင် ငလျင်လှုပ်မှု၊ ရေလွှမ်းမှု၊ မိုခေါင်ရေရှားမှု၊ တိုင်ဖုန်းမုန်တိုင်းနှင့် ကြက်ငှက်တုပ်ကွေး အပါအဝင် ကူးစက်ရောဂါနှင့် ဘေးအန္တရာယ်များ ဖြစ်ပွါးခဲ့ပြီး မိမိတို့သည် ဘေးကယ်ဆယ်ရေးလုပ်ငန်းကို တာဝန်ကျေပွန်စွာ ဆောင်ရွက်ခဲ့ကြောာင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ မိမိတို့သည် လုပ်ငန်းခွင် လုံခြုံမှုနှင့် ဈေးကွက် ကြပ်မတ်မှုများကို တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း၊ သက်ဆိုင်ရာ စနစ်များ ပိုမို ပြည့်စုံ ကောင်းမွန်လာအောင် လုပ်ဆောင်ခဲ့ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ လွန်ခဲ့သည့်နှစ်သည် တရုတ်ပြည်၏ သံတမန်လုပ်ငန်းတွင် ကဏ္ဍ သစ်ကို ဖွင့်နိုင်ခဲ့သည့် ပထမဆုံးသောနှစ် ဖြစ်ကြောင်း၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန် အပါအဝင် အစိုးရအဖွဲ့ ခေါင်းဆောင်သစ်တို့သည် ဂျီ ၂၀ ထိပ်သီးအစည်းအဝေး၊ အေပက် ခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေး စသည့် အစည်းအဝေးများသို့ တက်ရောက်ခဲ့ကြောင်း ပြောကြားပါသည်။

ဆက်လက်ပြီး ဝန်ကြီးချုပ် လီခေ့ချန်က၊ လွန်ခဲ့သည့်နှစ်တွင် အောင်မြင်မှုများကို ရရှိနိုင်ခဲ့သည်မှာ မလွယ်ပါကြောင်း၊ မိမိသည် နိုင်ငံတော်ကောင်စီ ကိုယ်စား တိုင်းရင်းသား ပေါင်းစုံမှ ပြည်သူများအား၊ ဒီမိုကရေစီပါတီများနှင့် ပြည်သူ့အသင်းအဖွဲ့များအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ ရှေ့သို့ ချီတက်ရာ လမ်းကြောင်း၌ အခက်အခဲနှင့် ပြဿနာများ ရှိနေသေးကြောင်း၊ စီးပွါးရေး မြန်မြန်မှန်မှန် တိုးတက်ရာတွင် အခြေခံ ခိုင်ခိုင်မာမာ မရှိသေးကြောင်း၊ ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေးနယ်ပယ်များတွင်လည်း အန္တရာယ်များ တည်ရှိနေသေးကြောင်း၊ အစိုးရအနေနှင့် ပြဿနာများကို ထိရောက်စွာ ဖြေရှင်းပေးမည် ဖြစ်ကြောင်း ပြောကြားပါသည်။

၂၀၁၄ ခုနှစ် လုပ်ငန်းစီမံကိန်းများနှင့် ပတ်သက်ပြီး ဝန်ကြီးချုပ် လီခေ့ချန်က၊ ယခုနှစ် အစိုးရလုပ်ငန်း ဆောင်ရွက်ရာတွင် တည်ငြိမ်မှုထဲတွင် တိုးတက်မှု ရှာကြံရေးမူကို စွဲကိုင်မည် ဖြစ်ပြီး စီးပွါးရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု နယ်ပယ် အသီးသီး၌ ပြုပြင်ပြောင်းလဲရေးနှင့် ဆန်းသစ်ရေးလုပ်ငန်းကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားပါသည်။ 

ဝန်ကြီးချုပ် လီခေ့ချန်က၊ ယခုနှစ် စီးပွါးရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေး အဓိက ရည်မှန်းချက်များမှာ ဂျီဒီပီ တိုးတက်နှုန်းကို ၇့ ၅ ရာခိုင်နှုန်း ဝန်းကျင် ရှိအောင် ထိန်းသိမ်းထားရန်၊ စားသုံးကုန်ဈေးနှုန်း တိုးတက်နှုန်းကို ၃့ ၅ ရာခိုင်နှုန်းခန့် ရှိအောင် ထိန်းသိမ်းထားရန်၊ မြို့ပြ အလုပ်အကိုင်နေရာသစ် သန်း ၁၀၀ ကျော် တိုးလာစေရန် စသဖြင့် ရှိကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံသာ ဖြစ်သေးကြောင်း၊ ဆိုရှယ်လစ် ပဏာမ အဆင့်ကာလ၌ တည်ရှိနေသေးကြောင်း၊ ဖွံ့ဖြိုးရေးသည် တရုတ်ပြည် ပြဿနာမှန်သမျှကို ဖြေရှင်းရန် သော့ချက်ကျရာကိစ္စပင် ဖြစ်ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ ကုန်ဈေးနှုန်းနှင့်ပတ်သက်ပြီး ပြည်သူပြည်သားများ၏ စားသုံးမှု ကုန်ဈေးနှုန်း တိုးတက်နှုန်းကို ၃့ ၅ ရာခိုင်နှုန်း ဝန်းကျင် ရှိအောင် ထိန်းသိမ်း ထားမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ ယခုနှစ် စီးပွါးရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို အကောင်အထည်ဖေါ်လိုလျှင် အောက်ပါမူများနှင့် မူဝါဒများကို စွဲကိုင် ရမည် ဖြစ်ကြောင်း၊ ပထမဦးဆုံး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို ဇောက်ချပြုလုပ်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ ဒုတိယအချက်မှာ စီးပွါးရေးကို တရား နည်းလမ်း ကျသည့်ဘောင်အတွင်း၌ ပုံမှန် လည်ပတ်စေရမည် ဖြစ်ကြောင်း၊ မက္ကရို စီးပွါးရေး စီမံရေး မူဝါဒ မူဘောင် ပိုမို ပြည့်စုံကောင်းမွန်လာအောင် လုပ်ဆောင်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ တတိယအချက်မှာ အရည်အသွေးနှင့် အကျိုးဖြစ်ထွန်းမှုများကို  တိုးမြှင့်ပြီး ပြည်သူလူထု၏ နေထိုင်မှုဘဝ ဆက်တိုက် တိုးတက် ကောင်းမွန်လာအောင် လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ အလုပ်အကိုင်နေရာနှင့် ပြည်သူပြည်သားများ၏ဝင်ငွေ အဆက်မပြတ် တိုးလာအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

 ၂၀၁၄ ခုနှစ် အဓိကလုပ်ငန်းတာဝန်များနှင့် ပတ်သက်ပြီး ဝန်ကြီးချုပ် လီခေ့ချန်က၊ အဓိကလုပ်ငန်းနယ်ပယ်များမှ ပြုပြင်ပြောင်းလဲမှုတွင် တိုးတက်မှု ရရှိနိုင်ရန် တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးသည် ယခုနှစ် အစိုးရလုပ်ငန်း၏ အရေး အကြီးဆုံးလုပ်ငန်း ဖြစ်ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ နိုင်ငံရေး စီမံအုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲမှုလုပ်ငန်းကို ဇောက်ချ တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ သက်ဆိုင်ရာ ကြပ်မတ်ရေးလုပ်ငန်းများကို အားဖြည့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ ငွေရေးကြေးရေးစနစ် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို ဇောက်ချပြုလုပ်ရမည် ဖြစ်ကြောင်း၊ ဈေးကွက်စနစ်နှင့်အညီ အတိုးနှုန်းဆိုင်ရာ လုပ်ငန်းကို ဆက်လက် လုပ်ဆောင်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ စီးပွါးရေးပိုင်ဆိုင်ရေးစနစ် အမျိုးမျိုးတို့၏ ရှင်သန်စွမ်းအား တိုးမြင့်လာအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်ပိုင် စီးပွါးရေးစနစ်၏ ဖွဲ့စည်းပုံ ပိုမိုကောင်းမွန်လာအောင် လုပ်ဆောင်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ တံခါးဖွင့်ရေးလုပ်ငန်းကို တိုးမြှင့်ရမည် ဖြစ်ကြောင်း၊ တံခါးဖွင့်သော စီးပွါးရေးစနစ်ကို ထူထောင်ရမည် ဖြစ်ကြောင်း၊ နိုင်ငံခြား ငွေရင်းမြှုပ်နှံမှုများကို ထိရောက်စွာ အသုံးပြုရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ မဟာဗျူဟာ ရှုထောင့်မှနေ ပို့ကုန်လုပ်ငန်း အဆင့်မြှင့်တင်ရေးနှင့် ကုန်သွယ်မှုလုပ်ငန်း ညီမျှစွာ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရမည် ဖြစ်ကြောင်း၊ ယခုနှစ် သွင်းကုန်ပို့ကုန် ပမာဏမှာ ၇့ ၅ ရာခိုင်နှုန်းခန့် တိုးတက်ရန် ခန့်မှန်းထားကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ ပြည်ပနိုင်ငံများသို့ သွားရောက် ငွေရင်းမြှုပ်နှံရာတွင် ဈေးကွက် ယှဉ်ပြိုင်စွမ်းအားကို တိုးမြှင့်ရမည် ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံများ၌ ငွေရင်းမြှုပ်နှံမှု စီမံခန့်ခွဲရေးအသွင်ပုံစံ ပြုပြင်ပြောင်းလဲမှုကို တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

 ဝန်ကြီးချုပ် လီခေ့ချန်က၊ နိုင်ငံစုံနှင့် ဒေသဆိုင်ရာ တံခါးဖွင့်ရေးလုပ်ငန်းနှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို ညှိနှိုင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ ပြည်တွင်းဝယ်လိုအားကို တိုးမြှင့်ပြီး စီးပွါးရေးကို အားသစ် လောင်းပေးရမည် ဖြစ်ကြောင်း၊ စားသုံးမှုကို ပြည်တွင်းဝယ်လိုအား တိုးမြှင့်ရေးဆိုင်ရာ အဓိက အင်အားအဖြစ် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ ငွေရင်းမြှုပ်နှံမှုကို စီးပွါးရေး တည်ငြိမ်စွာ တိုးတက်ရေး ဆိုင်ရာ သော့ချက်ကျကိစ္စအဖြစ် ထားရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ ဒေသတွင်း စီးပွါးရေး ဖွံ့ဖြိုးရေးစင်္ကြန်သစ် ထူထောင်ရေးကို ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးရေးဆိုင်ရာ မဟာဗျူဟာမြောက် အထောက်အကူ အဖြစ် ထားရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ ပင်လယ်အဏ္ဏဝါရေးရာ မဟာဗျူဟာများကို ဘက်စုံ အကောင်အထည်ဖေါ်ဆောင်ရမည် ဖြစ်ပြီး နိုင်ငံတော်၏ ပင်လယ်ရေးရာ အခွင့်အရေးနှင့် အကျိုးစီးပွါးကို ပြတ်ပြတ်သားသား ထိန်းသိမ်းကာကွယ်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ လယ်ယာစိုက်ပျိုးရေး ခေတ်မီရေးနှင့် ကျေးလက်တောရွာ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ အားပေးထောက်ခံရေးဆိုင်ရာ မူဝါဒများကို အားဖြည့် အကောင်အထည်ဖေါ်ဆောင်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ လယ်ယာစိုက်ပျိုရေးနှင့် ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေး အခြေခံများ ပိုမို ခိုင်မာလာအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အင်အားစုစည်းပြီး အရေးကြီးသော ဆည်မြောင်းတာတမံလုပ်ငန်းများကို ဆောက်လုပ်မည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ ကျေးလက်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို တက်ကြွစွာ တွန်းအားပေးမည် ဖြစ်ပြီး ကျေးလက် အခြေခံ ကုန်ထုတ်လုပ်မှုစနစ်ကို စွဲကိုင်သွားမည် ဖြစ်ကြောင်း ပြောကြားပါသည်။ 

ဝန်ကြီးချုပ် လီခေ့ချန်က၊ ဆင်းရဲသူများအား ထောက်ပံ့ကူညီရေး အသွင်ပုံစံကို ဆန်းသစ်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။ 

ဝန်ကြီးချုပ် လီခေ့ချန်က၊ လူ့ကို အမြုတေအဖြစ် ထားသော အမျိုးအစားသစ် မြို့ပြ တည်ဆောက်ရေးလုပ်ငန်းကို တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ ကျေးလက်နေသူများ မြို့ပြနေသူများ ဖြစ်လာရေးလုပ်ငန်းကို စနစ်တကျ တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ တရုတ်ပြည် အလယ်အနောက်ပိုင်းဒေသများ၌ အမျိုးအစားသစ် မြို့ပြတည်ဆောက်ရေးလုပ်ငန်း အားပေးထောက်ခံရေးလုပ်ငန်းကို တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ မြို့ပြ စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေးနှင့် စနစ်ထူထောင်ရေး လုပ်ငန်းများကို တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ ဆန်းသစ်တီထွင်ရေးများဖြင့် စီးပွါးရေးဖွဲ့စည်းပုံ အဆင့်မြှင့်တင်ရေးလုပ်ငန်းကို အားသစ်လောင်းပေးရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ သိပ္ပံနည်းပညာ စနစ် ပြုပြင်ပြောင်းလဲမှုလုပ်ငန်း လျင်မြန်စွာ တိုးတက်လာအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ ကုန်ထုတ်လုပ်မှု ဖွဲ့စည်းပုံ ပြုပြင်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ပြုပြင်ပြောင်းလဲမှုကို အားကိုးရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ ပညာရေး၊ ကျန်းမာရေးနှင့် ယဉ်ကျေးမှု အပါအဝင် ဆိုရှယ်လစ် ထူထောင်မှုလုပ်ငန်းများကို တွန်းအားပေးရမည် ဖြစ်ကြောင်း၊ ပညာရေး ဦးစားပေးရေးလုပ်ငန်းကို အလေးထားရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ ဆေးဝါးကုသရေးစနစ် ပြုပြင်ပြောင်းလဲမှုလုပ်ငန်း ဇောက်ချ ပြုလုပ်ရန် တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ ယဉ်ကျေးမှုသည် အမျိုးသား၏ သွေးကြော ဖြစ်ကြောင်း၊ ယဉ်ကျေးမှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အရည်အချင်းကို တိုးမြှင့်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ လူမှု စီမံခန့်ခွဲရေးနှင့် ဆန်းသစ်တီထွင်ရေးကို တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဥပဒေ စိုးမိုးရေးကို အလေးထားပြီး ဥပဒေနှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ ပြည်သူလူထု နေထိုင်မှုဘဝ တိုးတက်ကောင်းမွန်ရေး လုပ်ငန်းကို ညှိနှိုင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အစိုးရလုပ်ငန်း၏ အရင်းခံ ရည်မှန်းချက်သည် ပြည်သူပြည်သားများ၏ နေထိုင်မှုဘဝ တိုးတက် ကောင်းမွန်စေရန် ဖြစ်ကြောင်း ပြောကြားပါသည်။ 

ဝန်ကြီးချုပ် လီခေ့ချန်က၊ အလုပ်အကိုင်နေရာချထားရေးသည် ပြည်သူလူထု နေထိုင်မှုဘဝ၏ အရင်းခံ ဖြစ်ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ ဝင်ငွေသည် ပြည်သူလူထု နေထိုင်မှုဘဝ၏ အရင်းအမြစ်ပင် ဖြစ်ကြောင်း ပြောကြားပါသည်။ 

ဝန်ကြီးချုပ် လီခေ့ချန်က၊ လူမှုအာမခံသည် ပြည်သူလူထု နေထိုင်မှုဘဝ၏ အခြေခံပင် ဖြစ်ကြောင်း ပြောကြားပါသည်။ 

ဝန်ကြီးချုပ် လီခေ့ချန်က၊ နေအိမ် အာမခံစနစ် ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက် ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ ကုန်ထုတ်လုပ်မှု လုံခြုံရေးဆိုင်ရာ စည်းမျဉ်းဥပဒေများနှင့် အညီ တင်းတင်းကျပ်ကျပ် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။ 

ဝန်ကြီးချုပ် လီခေ့ချန်က၊ ပတ်ဝန်းကျင် သာယာလှပသော ရပ်ရွာကို အစွမ်းကုန် ထူထောင်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။ 

ဝန်ကြီးချုပ် လီခေ့ချန်က၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု ပြုပြင်ရေးလုပ်ငန်းကို အစွမ်းကုန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ စွမ်းအင် ကုန်ထုတ်လုပ်မှုနှင့် စားသုံးမှုပုံစံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းကို တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားပါသည်။ 

ဝန်ကြီးချုပ် လီခေ့ချန်က၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းကို တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဆက်လက်ပြီး ဝန်ကြီးချုပ် လီခေ့ချန်က၊ အစိုးရလုပ်ငန်း ကောင်းမွန်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အစိုးရဌာနများ ပြုပြင်ပြောင်းလဲရေးနှင့် ထူထောင်ရေးလုပ်ငန်းကို အားဖြည့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ ဥပဒေနှင့်အညီ နိုင်ငံတော် စီမံအုပ်ချုပ်ရေး အခြေခံ မဟာဗျူဟာကို နက်ရှိုင်းစွာ အကောင်အထည်ဖေါ်ဆောင်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ အဆင့်ဆင့်သော အစိုးရဌာနများ အနေနှင့် ချွေတာရေးကို အလေးထားပြီး ဖြုန်းတီးမှုကို ကန့်ကွက်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ အဆင့်ဆင့်သော အစိုးရဌာနများ အနေနှင့် ပြည်သူ့ကွန်ဂရက်နှင့် ပြည်သူ့အသင်းအဖွဲ့များ၏ အကြံဥာဏ်ကောင်းများကို အသိရှိရှိ လက်ခံရမည် ဖြစ်ကြောင်း ပြောကြားပါသည်။ 

ဝန်ကြီးချုပ် လီခေ့ချန်က၊ တရုတ် နိုင်ငံသည် တိုင်းရင်းသားလူမျိုးစု များပြားသော နိုင်ငံ ဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီ၏ တိုင်းရင်းသားလူမျိုးစုဆိုင်ရာ မူဝါဒများကို မှန်ကန်စွာ ဘက်စုံ အကောင်အထည်ဖေါ်ဆောင်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။ 

ဝန်ကြီးချုပ် လီခေ့ချန်က၊ တရုတ်ကွန်မြူနစ်ပါတီ၏ ဘာသာရေးလုပ်ငန်းဆိုင်ရာ အခြေခံမူဝါဒများကို ကျင့်သုံးရမည် ဖြစ်ကြောင်း ပြောကြားပါသည်။ 

ဝန်ကြီးချုပ် လီခေ့ချန်က၊ ပင်လယ်ရပ်ခြားရောက် တရုတ်အနွယ်ဖွားများနှင့် သွေးစည်းညီညွတ်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ လွန်ခဲ့သည့်နှစ်တွင် ကာကွယ်ရေးနှင့် တပ်ဖွဲ့များ ထူထောင်ရေးလုပ်ငန်းကို ထိရောက်စွာ တွန်းအားပေး ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ မိမိတို့သည် တိုင်းပြည် တစ်ပြည် စံနစ် နှစ်မျိုး မူဝါဒကို ဦးလည်မသုန် ကျင့်သုံးရမည် ဖြစ်ပြီး ဟောင်ကောင်နှင့်မကာအိုဒေသ ရေရှည် စည်ပင်သာယာရေးအတွက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ မိမိတို့သည် ထိုင်ဝမ်ရေးရာ မူဝါဒများကို ဘက်စုံ ကျင့်သုံးသွားမည် ဖြစ်ကြောင်း ပြောကြားပါသည်။ 

ဝန်ကြီးချုပ် လီခေ့ချန်က၊ ယခုနှစ်သည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ငါးချက် တင်ပြခဲ့သည့် နှစ် ၆၀ ပြည့် ဖြစ်ကြောင်း၊ တရုတ်ပြည်၏ ခေတ်မီ ထူထောင်ရေး လုပ်ငန်းတွင် ရေရှည် တည်ငြိမ်သော နိုင်ငံတကာ ပတ်ဝန်းကျင်ကို လိုအပ်ပါကြောင်း၊ မိမိတို့သည် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန်အလှန် အကျိုးရှိစေရေး အလံတော်ကို ကိုင်ဆောင်ပြီး ငြိမ်းချမ်စွာ ဖွံ့ဖြိုးရေးလမ်းကြောင်းအတိုင်း ချီတက်သွားမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က၊ တရုတ်နိုင်ငံသည် ကမ္ဘာ့နိုင်ငံများနှင့်အတူ လူသား ရေရှည် ငြိမ်းချမ်းရေးကို တွန်းအားပေးကာ အကျိုးတူ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး အတွက် ကြိုးပမ်းဆောင်ရွက်လိုကြောင်း ပြောကြားပါသည်။