李悦

ထိုင်ဝမ်ပြဿနာသည် ယူကရိန်းပြဿနာနှင့် လုံးဝမတူညီကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00)2022-03-29 14:03:22  

မတ်လ၂၈ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က ထိုင်ဝမ်ပြဿနာသည် ယူကရိန်းပြဿနာနှင့် လုံးဝမတူညီကြောင်း၊ နှိုင်းယှဉ်၍ မရကြောင်း၊ အမေရိကန်လူပုဂ္ဂိုလ်အချို့သည် မဆိုင်သောကိစ္စနှစ်ခုကို ဆက်စပ်စေခြင်းဖြင့် တရုတ်နိုင်ငံကို မဟုတ်မမှန် ပုတ်ခတ်ပြောဆိုပြီး သဘောရိုး မထားခြင်းပင်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့ပါသည်။

အမေရိကန်စစ်ဘက်ပုဂ္ဂိုလ်သည် သတင်းထောက်၏ မေးမြန်းချက်ကိုဖြေကြားရာတွင် ယူကရိန်း ပြဿနာကို ထိုင်ဝမ်ပြဿနာနှင့် နှိုင်းယှဉ်ပြီး တရုတ်ခြိမ်းခြောက်မှုကို အကြောင်းမဲ့သက်သက် ချဲ့ကားပြောဆိုခဲ့သည်ဟု သက်ဆိုင်ရာ သတင်းရေးသားဖော်ပြချက်အရ သိရပါသည်။ ယင်းနှင့် ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ယူကရိန်းပြဿနာ၏ အရင်းအမြစ်မှာ ဥရောပတိုက်၏ လုံခြုံရေးပြဿနာ ဖြစ်ကြောင်း၊ နေတိုးအဖွဲ့၏ အကန့်အသတ် မရှိ အရှေ့ဘက်သို့ တိုးချဲ့ခြင်းလုပ်ရပ်မှာ ဆင်ခြင်သုံးသပ်ရန် လိုကြောင်း ပြောကြားခဲ့ပါသည်။