李悦

နိုင်ငံတကာနှင့် ဒေသဆိုင်ရာ ပြဿနာ အားလုံး အပေါ် စံနှစ်မျိုး မထားသင့်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

(GMT+08:00)2022-03-29 13:59:48  

အမေရိကန်အား ပါလက်စတိုင်းနှင့် အစ္စရေး “တိုင်းပြည်နှစ်ပြည်အစီအစဉ်” အပေါ် ကတိကဝတ်ကို လိုက်နာကျင့်သုံးရန် ပါလက်စတိုင်းသမ္မတ အာဘတ်စ်က တောင်းဆိုခဲ့ခြင်း ကိစ္စနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က ပါလက်စတိုင်းရေးရာ ဖြစ်ဖြစ် အခြားနိုင်ငံတကာနှင့် ဒေသရေးရာ  ဖြစ်ဖြစ် နိုင်ငံတကာအသိုင်းအဝိုင်းက စံနှစ်မျိုး မထားသင့်ကြောင်း ပြောကြားခဲ့သည်။

ဝမ်ဝင်ပင်က နိုင်ငံ အသီးသီးတို့၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ပြည့်စုံမှုကို လေးစားသင့်ပြီး ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်၏ ရည်မှန်းချက်နှင့် မူကို လိုက်နာသင့်ကာ နိုင်ငံ အသီးသီးတို့၏ တရားနည်းလမ်းကျသော လုံခြုံရေးဆိုင်ရာ အာရုံစိုက်မှုကို အလေးထားသင့်ကြောင်း၊ စံနှစ်မျိုးထားခြင်းကို စွန့်လွှတ်မှသာ ဒေသတွင်း ပြဿနာများကို တရားမျှတစွာ ဖြေရှင်းနိုင်ပြီး အရှေ့အလယ်ပိုင်း၊ ဥရောပနှင့် ကမ္ဘာ့ ထာဝရငြိမ်းချမ်းရေး ဖေါ်ဆောင်နိုင်မည်ဖြစ်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။