李悦

အမေရိကန်နိုင်ငံမှ ရုရှားနိုင်ငံအပေါ် ဘက်စုံပြီး ကွာခြားမှု မရှိသော အရေးယူမှုကျင့်သုံးခြင်းတွင် သာမန်ပြည်သူလူထုများ ဒုက္ခခံရလိမ့်မည်ဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00)2022-03-29 14:03:40  

မတ်လ ၂၈ ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ အမေရိကန်နိုင်ငံမှ ရုရှားနိုင်ငံအပေါ် အရေးယူမှုကျင့်သုံးခြင်းနှင့်ပတ်သက်သော မေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က သမိုင်းအတွေ့အကြုံအရ အရေးယူမှုသည် ပြဿနာကို ကိုင်တွယ်မဖြေရှင်းနိုင်ဘဲ ပြဿနာအသစ်ကို ဖန်တီးတတ်ကြောင်း၊ ဘက်စုံပြီး ကွာခြားမှုမရှိသော အရေးယူမှုကျင့်သုံးခြင်းတွင် သာမန်ပြည်သူ လူထုများ ဒုက္ခခံရလိမ့်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။