ယခုလ ၂၈ရက်နေ့ ညနေပိုင်းက တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့သည် အစည်းအဝေး ကျင်းပရာ မကြာမီတွင် သက်ဆိုင်ရာ လုပ်ငန်းများကို လေ့လာခဲ့ကြောင်း၊ အစည်းအဝေး စတင်သည့် အချိန်တွင် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ အကြံပြုချက် အရ အစည်းအဝေးသို့ တက်ရောက်ကြသော တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အဖွဲ့ဝင် အားလုံးသည် China Eastern Airlinesမှ ခရီးသည်တင် လေယာဉ် ပျံသန်းခြင်း မတော်တဆမှုတွင် အသက်ဆုံးရှုံးသူများ အတွက် မတ်တတ်ရပ်ကာ ငြိမ်သက်စွာ ဆုတောင်းခဲ့ကြကြောင်း CMGသတင်းအရ သိရသည်။