朱蕾

ကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုအောက်တွင် အနိုင်ရသူ မရှိဟု စင်္ကာပူပညာရှင် ဆို

(GMT+08:00)2022-03-28 15:42:52  

ကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုအောက်တွင် အနိုင်ရသူ မရှိဟု စင်္ကာပူပညာရှင် ဆို_fororder_微信图片_20220328132631

ရုရှား-ယူကရိန်းအချင်းပွားမှု ဖြစ်ပွားပြီးနောက်ပိုင်းတွင် အမေရိကန်နိုင်ငံနှင့် အနောက် နိုင်ငံများတို့သည် ရုရှားအား ဒဏ်ခတ်ပိတ်ဆို့မှုများကို ကျင့်သုံးဆောင်ရွက်ခဲ့သောကြောင့်  ဥရောပသမဂ္ဂ၏ စွမ်းအင်ဈေးနှုန်း တစ်ရှိန်ထိုး မြင့်တက်လာပြီး စွမ်းအင်လုံခြုံမှုကို ခြိမ်းခြောက်လျက် ရှိပါသည်။ မကြာခင်က ဥရောပသမဂ္ဂနှင့် အမေရိကန်တို့သည် စွမ်းအင် ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းတစ်ခုကို အတည်ပြု ထုတ်ပြန်ပြီး အမေရိကန်က ဥရောပသို့ သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချမှုကို တိုးချဲ့မည်ဟု ကြေညာခဲ့ပါသည်။

အမေရိကန်အစိုးရသည် စီးပွားရေးအရေးယူပိတ်ဆို့မှုကိုသာ အာရုံစူးစိုက်ပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် ပြဿနာများအတွက် ကိုင်တွယ် ဖြေရှင်းရေးနည်းလမ်းများကို အစမှအဆုံး ထောက်ပံ့ပေးခြင်း မရှိကြောင်း၊ အမေရိကန်က အခြားနိုင်ငံများအား ဒဏ်ခတ်ပိတ်ဆို့မှုကို ကြိမ်ဖန်များစွာ အလွဲ သုံးစားလုပ်ခြင်းကြောင့် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်ခဲ့ကြောင်း စင်ကာပူ ပညာရှင် ရက်ရွှိလျန့်က ပြောဆိုပါသည်။