朱蕾

ကန်အိမ်ဖြူတော်မှ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ ကိုဗစ်-၁၉ရောဂါ စစ်ဆေးရေးရလဒ် positive ဖြစ်

(GMT+08:00)2022-03-28 15:46:27  

ကန်အိမ်ဖြူတော်မှ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ ကိုဗစ်-၁၉ရောဂါ စစ်ဆေးရေးရလဒ် positive ဖြစ်_fororder_微信图片_20220328134108

ဒေသစံတော်ချိန် မတ်လ ၂၇ရက်နေ့က အမေရိကန်အိမ်ဖြူတော်မှ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ Karine Jean-Pierre က ကြေညာချက်ထုတ်ပြန်ခဲ့ရာတွင် ထိုနေ့တွင် ၎င်း၏ ကိုဗစ်-၁၉ရောဂါ စစ်ဆေးရေးရလဒ်သည် positiveဖြစ်သည်ဟု ဖော်ပြကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

အမေရိကန်သမ္မတဘိုင်ဒန်၏ ဥရောပခရီးတွင် ပါဝင်ခဲ့ပြီးနောက် ၎င်းသည် ထိုနေ့ ညနေပိုင်းက အမေရိကန်သို့ ပြန်ရောက်ပြီး ကိုဗစ်-၁၉ test ကို ပြုလုပ်ခဲ့ကာ စစ်ဆေးရေး ရလဒ်သည် positive ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ၎င်း၏ ရောဂါ လက္ခဏာ မပြင်းထန်သော်လည်း (၅)ရက်ကြာ Quarantine ပြုလုပ်မည် ဖြစ်ကြောင်း Karine Jean-Pierre က ပြောကြားခဲ့ပါသည်။