李悦

ရုရှား-ယူကရိန်း အချင်းပွားမှုတွင် ကန်တပ်ဖွဲ့ဝင်စွက်မည် မဟုတ်ဟု ကန်ဆို

(GMT+08:00)2022-03-27 13:24:29  

ဒေသစံတော်ချိန် မတ်လ ၂၆ ရက်နေ့က အမေရိကန်သမ္မတ ဘိုင်ဒင်က ပိုလန်နိုင်ငံ ဝါဆောမြို့၌ ရုရှား-ယူကရိန်း အချင်းပွားမှုနှင့်ပတ်သက်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။

ဘိုင်ဒင်က နေတိုးအဖွဲ့သည် ကာကွယ်ရေးမဟာမိတ်အဖွဲ့ တစ်ခုဖြစ်ကြောင်း၊ လက်ရှိတွင် ယူကရိန်းက နေတိုးအဖွဲ့ဝင်မဟုတ်သောကြောင့် အမေရိကန်အနေနှင့် ရုရှား-ယူကရိန် အချင်းပွားမှုတွင် တိုက်ရိုက် ဝင်စွက်ရန်မလိုကြောင်း၊ ဥရောပတိုက်တွင် တပ်စွဲထားသည့် အမေရိကန်တပ်ဖွဲ့များသည် ရုရှား တပ်ဖွဲ့နှင့် တိုက်ခိုက်မည်မဟုတ်ဘဲ နေတိုးအဖွဲ့ဝင်နိုင်ငံများအား ကာကွယ်ရန် ရည်ရွယ်ကြောင်း ဖော်ပြပါသည်။

ထို့ပြင် ဘိုင်ဒင်က ၄င်း၏မိန့်ခွန်းပြောကြားချက်တွင် ရုရှားအား အကြိမ်ပေါင်းများစွာ ဝေဖန်ပြစ်တင်ခဲ့ပြီး ရေရည် စစ်ပွဲအတွက် ပြင်ဆင်ထားရန် လိုအပ်ကြောင်းလည်း ဖော်ပြခဲ့ပါသည်။